နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် အငြင်းပွားပြီးနောက် စစ်ပွဲများအတွက် ဘီလီယံနှင့်ချီ သုံးစွဲနေသည့် ‘အာဏာရှင်များ’ ကို ပုပ်ရဟန်းမင်းကြီးကထပ်မံဝေဖန်လိုက်ခြင်း

ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်

ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) သည် ကင်မရွန်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် အတွင်း ပုံမှန်ထက် ပိုမိုပြင်းထန်သော မှတ်ချက်များဖြင့် စစ်ပွဲများအတွက် ဘီလီယံနှင့်ချီ သုံးစွဲနေသည့် ခေါင်းဆောင်များကို ဝေဖန်လိုက်ပြီး ကမ္ဘာကြီးသည် “ အာဏာရှင်တစ်စု၏ ဖျက်ဆီးမှုကို ခံနေရသည်” ဟု မိန့်ကြားခဲ့သည်။

သေဆုံးမှုများပြားလှသည့် သူပုန်ထကြွမှုများကြောင့် ပျက်စီးနေသော ဒေသတစ်ခုသို့ လှည့်လည်ကြည့်ရှုစဉ် ပုပ်ရဟန်းမင်းကြီးက မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် “ ဘုရားသခင်၏ နာမတော်ကိုပင်” အလွဲသုံးစားလုပ်နေသူများကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

အဆိုပါ မှတ်ချက်များသည် အီရန်နိုင်ငံအတွင်း အမေရိကန်-အစ္စရေး စစ်ရေးလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်သူ ပုပ်ရဟန်းမင်းကြီးအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရှည်လျားစွာ တိုက်ခိုက်ရေးသားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အကယ်၍ အီရန်က စစ်ပွဲရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖွင့်ပေးရန် အမေရိကန်၏ တောင်းဆိုချက်များကို မလိုက်လျောပါက “ ယဉ်ကျေးမှုတစ်ရပ်လုံး ပျက်သုဉ်းသွားလိမ့်မည်” ဟူသော ထရန့်၏ ခြိမ်းခြောက်မှုအပေါ် ပုပ်ရဟန်းမင်းကြီးက စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ပထမဆုံးသော အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သူ လီယိုသည် ထရန့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ချဉ်းကပ်ပုံများကိုလည်း ယခင်က မေးခွန်း ထုတ်ခဲ့ဖူးသည်။

ထိုစဉ်က ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “ လီယိုအနေနဲ့ ပုပ်ရဟန်းမင်းကြီး တစ်ယောက်ပီသအောင် လုပ်သင့်တယ်” ဟု ရေးသားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ၎င်း၏ အာဖရိကခရီးစဉ်အစတွင် သတင်းထောက်များကို ပြောကြား ရာ၌ ထရန့်နှင့် အချေအတင် ငြင်းခုံမှုများ မလုပ်လိုသော်လည်း ငြိမ်းချမ်းရေးကို ဆက်လက် မြှင့်တင်သွားမည်ဟု ဆိုသည်။

ကင်မရွန်းနိုင်ငံတွင် မိန့်ကြားရာ၌ ပုပ်ရဟန်းမင်းကြီးက “ သတ်ဖြတ်မှုနဲ့ ဖျက်ဆီးမှုတွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေတာကို မျက်ကွယ်ပြုထားပြီး၊ ကုသရေး၊ ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကိုတော့ ဘယ်မှာမှ ရှာမတွေ့နိုင် ဖြစ်နေတဲ့” ခေါင်းဆောင်များကို ဝေဖန်ခဲ့သည်။

“ စစ်ဘုရင်တွေက ဖျက်ဆီးလိုက်တာ တခဏလေးပဲ ကြာပေမဲ့၊ ပြန်လည်တည်ဆောက်ဖို့ ကျတော့ တစ်သက်စာတောင် မလုံလောက်ဘူးဆိုတာကို မသိချင်ယောင် ဆောင်နေကြတယ်” ဟု ကြာသပတေးနေ့တွင် ၎င်းက မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ဆယ်စုနှစ်တစ်ခုနီးပါး သူပုန်ထကြွမှုဒဏ် ခံနေရသည့် ကင်မရွန်း နိုင်ငံ၏ “ သွေးစွန်းနေသော” ဒေသအတွင်းက “ မတည်ငြိမ်မှုနဲ့ သေဆုံးမှုတွေရဲ့ အဆုံးမသတ် နိုင်တဲ့ သံသရာ” ကိုလည်း ရှုတ်ချခဲ့သည်။

“ ခင်ဗျားတို့ မြေပေါ်က သယံဇာတတွေကို ခိုးယူတဲ့သူတွေဟာ အမြတ်အစွန်းအများစုကို လက်နက်တွေထဲမှာပဲ ပြန်ရင်းနှီးမြှုပ်နှံကြပြီး မတည်ငြိမ်မှုနဲ့ သေဆုံးမှု အဆုံးမသတ်နိုင်တဲ့ သံသရာကို ရှည်ကြာအောင် လုပ်နေကြတယ်” ဟု အနည်းဆုံး လူ ၆,၀၀၀ ခန့် သေဆုံးပြီး လူပေါင်းများစွာ အိုးအိမ်စွန့်ခွာနေရသည့် အကြမ်းဖက်မှုများ၏ ဗဟိုချက်ဖြစ်သော အနောက်မြောက်ပိုင်း ဘာမန်ဒါ (Bamenda) မြို့ရှိ ကသီဒရယ်ဘုရားကျောင်းတွင် စုဝေး နေသူများကို မိန့်ကြားခဲ့သည်။

“ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ အသစ်ထွင်ရမယ့်အရာ မဟုတ်ပါဘူး။ အိမ်နီးချင်းကို ကိုယ့်ညီအစ်ကို မောင်နှမအရင်းလို လက်ခံလိုက်ခြင်းအားဖြင့် ဆုပ်ကိုင်ရမယ့်အရာ ဖြစ်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ကင်မရွန်းနိုင်ငံ၏ အင်္ဂလိပ်စကားပြောဒေသနှစ်ခုမှ ခွဲထွက်ရေးသူပုန်များသည် ၂၀၁၇ ခုနှစ်ကတည်းက ပြင်သစ်စကားပြော အဓိကဖြစ်သော အစိုးရနှင့် တိုက်ခိုက်နေကြ ခြင်းဖြစ်သည်။

လီယို၏ မိန့်ခွန်းအပြီးတွင် ကန်တာဘူရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Archbishop of Canterbury) ဆာရာ မူလာလီ (Sarah Mullally) က ပုပ်ရဟန်းမင်းကြီး၏ “ ငြိမ်းချမ်းရေး နိုင်ငံတော်အတွက် ရဲရင့်သော တောင်းဆိုချက်” ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

အီရန်စစ်ပွဲကြောင့် ပုပ်ရဟန်းမင်းကြီးနှင့် ထရန့်အစိုးရအကြား သဘောထားကွဲလွဲမှုများ ပိုမိုကြီးထွားလာခဲ့သည်။

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ ပထမဆုံး တိုက်ခိုက်မှုများအပြီး မကြာမီမှာပင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိစ့် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် ပင်တဂွန် စစ်ဌာနချုပ်၏ ဝတ်ပြုဆုတောင်းပွဲတစ်ခုတွင် “ ပြင်းထန်သော အကြမ်းဖက်မှု” နှင့် “ လျင်မြန်ပြီး နောင်တကင်းမဲ့သော တရားမျှတမှုကို စီရင်ခြင်း” အကြောင်း ပါဝင်သည့် အလွန်အငြင်းပွားဖွယ်ရာ ဆုတောင်းစာကို ရွတ်ဆိုခဲ့သည်။

ထို့နောက် စိန့်ပီတာရင်ပြင် (St Peter’s Square) တွင် ပြုလုပ်သည့် Palm Sunday ဝတ်ပြုပွဲ အတွင်း ပုပ်ရဟန်းမင်းကြီးက အီရန်၊ အစ္စရေးနှင့် အမေရိကန်တို့အကြား ပဋိပက္ခသည် “ အလွန်ရက်စက်ကြမ်းကြုတ်” ကြောင်းနှင့် ယေရှုခရစ်တော်ကို စစ်ပွဲအတွက် အကြောင်းပြချက် အဖြစ် အသုံးမပြုနိုင်ကြောင်း မိန့်ကြားခဲ့သည်။

“ ဒါဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်ပါပဲ။ စစ်ပွဲကို ငြင်းပယ်တဲ့ ငြိမ်းချမ်းရေးဘုရင် ယေရှုဟာ စစ်ပွဲအတွက် အကြောင်းပြချက်အဖြစ် ဘယ်သူမှ အသုံးမချနိုင်တဲ့သူ ဖြစ်ပါတယ်” ဟု ဗာတီကန်စီးတီးတွင် စုဝေးနေသည့် သောင်းနှင့်ချီသော ဘာသာဝင်များကို မိန့်ကြားခဲ့သည်။

“ စစ်တိုက်နေသူတွေရဲ့ ဆုတောင်းသံကို သူ နားမထောင်ဘဲ ငြင်းပယ်ပါတယ်” ဟုလည်း ဆိုသည်။

ပုပ်ရဟန်းမင်းကြီးသည် ဟေရှာယအနာဂတ္တိကျမ်း ၁:၁၅ မှ “ သင်တို့သည် များစွာသော ပန်ကြားချက်ကို ပြုသော်လည်း ငါနားမထောင်။ သင်တို့ လက်တို့သည် သွေးနှင့် ပြည့်နေ ကြ၏” ဟူသော ကျမ်းပိုဒ်ကိုလည်း ကိုးကားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ထရန့်က လူမှုကွန်ရက်၌ ပုပ်ရဟန်းမင်းကြီးကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ပြီး၊ ကက်သလစ်အသင်းတော်၏ ခေါင်းဆောင်သည် “ ရာဇဝတ်မှုမှာ ပျော့ညံ့ပြီး နိုင်ငံခြားရေးမူဝါဒမှာ အလွန်ညံ့ဖျင်းသူ” ဟု ဖော်ပြခဲ့ကာ ၎င်းကိုယ်ကိုယ် ယေရှု ခရစ်တော်ကဲ့သို့ ပုံဖော်ခဲ့သည်။

ထို့နောက် သူ၏ ဝေဖန်မှုများကို ထပ်လောင်းအတည်ပြုခဲ့ပြီး တောင်းပန်ရန် ငြင်းဆို ခဲ့သော်လည်း AI ဖြင့် ဖန်တီးထားသော သူ၏ ပုံရိပ်ကိုမူ ပြန်လည်ဖျက်သိမ်းခဲ့သည်။

အယ်လ်ဂျီးယား (Algiers) မြို့သို့ ရောက်ရှိစဉ် အမေရိကန်သမ္မတ၏ မှတ်ချက်များနှင့် ပတ်သက်၍ မေးမြန်းရာ၌ ပုပ်ရဟန်းမင်းကြီးက ထရန့်အစိုးရကို “ မကြောက်ရွံ့” ကြောင်းနှင့် စစ်ပွဲကို ဆက်လက်ဆန့်ကျင် ပြောဆိုသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ကက်သလစ်ခေါင်းဆောင်၏ အာဖရိကခရီးစဉ်သည် နိုင်ငံလေးနိုင်ငံရှိ မြို့ပေါင်း ၁၁ မြို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်းသည် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ခံရပြီးနောက် ဒုတိယမြောက် အဓိက ပြည်ပခရီးစဉ်ဖြစ်ပြီး အာဖရိကရှိ ကက်သလစ်ဘာသာဝင်များ၏ အရေးပါမှုကို ထင်ဟပ်စေသည်။

၂၀၂၄ ခုနှစ် ကိန်းဂဏန်းများအရ ကမ္ဘာ့ကက်သလစ်ဘာသာဝင် ငါးပုံတစ်ပုံကျော် (လူဦးရေ ၂၈၈ သန်းခန့်) သည် အာဖရိကတွင် နေထိုင်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး