နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်

မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင် မြူးကြွသော ပေါ့ပ်တေးဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သို့သော်ဈေးဝယ်သူ များ ဖြင့် စည်ကားသိုက်မြိုက်နေစေရန် ရည်ရွယ်ထားသော ထိုတေးဂီတသံမှာ ယခုအခါ ပိတ်ထားသော ဆိုင်ခန်းလွတ်များရှေ့တွင်သာ ပဲ့တင်ထပ်နေပြီး၊ ယင်းမှာ ရုရှား၏ စီးပွားရေး ဆုတ်ယုတ်မှု (Economic Malaise) ကို ပြနေသည့် ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်သည်။

၂၀၁၄ ခုနှစ်က ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့သော Goodzone ဈေးဝယ်စင်တာကြီးတွင် ရုပ်ရှင်ရုံရှစ်ခုပါဝင်သည့် အဆင့်မြင့်ရုပ်ရှင်ရုံဝင်းတစ်ခု ရှိသော်လည်း ယခုအခါ မီးများပိတ် ထားပြီး လူသူကင်းမဲ့နေသည်။ မော်စကိုတောင်ပိုင်းရှိ ဤစင်တာကြီးမှာ တစ်ပတ်လျှင် ခုနစ်ရက်ပတ်လုံး ဖွင့်လှစ်ထားသော်လည်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းအနည်းငယ်နှင့် ဈေးဝယ်သူ မရှိသလောက် နည်းပါးနေခြင်းကြောင့် တဖြည်းဖြည်း သေဆုံးနေသည့် ပုံစံမျိုး ဖြစ်နေသည်။

ယူကရိန်းကို အပြည့်အဝ ကျူးကျော်ပြီးနောက်ပိုင်း အနောက်အုပ်စု ကုမ္ပဏီများ ထွက်ခွာ သွားခြင်းနှင့် မကြုံစဖူး ပိတ်ဆို့အရေးယူမှုများ ခံခဲ့ရသော်လည်း၊ ရုရှားစီးပွားရေးမှာ စစ်ရေး အသုံးစရိတ် အမြောက်အမြား သုံးစွဲခြင်းနှင့် တရုတ်၊ အိန္ဒိယတို့ထံ ရေနံတင်ပို့မှု တိုးမြှင့်ခြင်း တို့ဖြင့် ခန့်မှန်းချက်များကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

သို့သော်လည်း ယခုအခါ စီးပွားရေးမှာ စတင်ယိုင်နဲ့လာသည့် လက္ခဏာများ ပြသလာပြီး ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း GDP မှာ ၁.၈ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင်ကလည်း ဧပြီလလယ်က ပြုလုပ်သော စီးပွားရေး ဆိုင်ရာ အစည်းအဝေးတွင် “ စီးပွားရေးတိုးတက်မှုနှုန်းဟာ ကံမကောင်းစွာနဲ့ပဲနှစ်လဆက်တိုက် နှေးကွေးနေတယ်” ဟု ဝန်ခံခဲ့ရသည်။

ရုရှားကွန်မြူနစ်ပါတီ ခေါင်းဆောင် ဂန်နာဒီ ဇူဂါနော့ဗ် (Gennady Zyuganov) ကလည်း အစိုးရအနေဖြင့် ဤစီးပွားရေးကျဆင်းမှုကို မဖြေရှင်းနိုင်ပါက ဘော်ရှီဗစ် (Bolshevik) စတိုင် တော်လှန်ရေးမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။

ကမ္ဘာပျက်ကိန်း ဆိုက်နေသကဲ့သို့” တိတ်ဆိတ်နေသော ဈေးဝယ်စင်တာ

မော်စကို အနောက်မြောက်ပိုင်းရှိ Aviapark ကဲ့သို့သော ဈေးဝယ်စင်တာကြီးများတွင် အရောင်းအဝယ် ကောင်းမွန်နေဆဲ ဖြစ်သော်လည်း၊ Goodzone မှ အလုပ်သမားများကမူ ဈေးဝယ်သူ မရှိသလောက် ဖြစ်နေသည့်အပေါ် စိုးရိမ်နေကြသည်။

ရုရှား၏ အကြီးဆုံး လက်လီရောင်းဝယ်ရေးဆိုင်တစ်ခုတွင် ငွေကိုင်အဖြစ် လုပ်ကိုင်နေသူ အိုင်ဗန် (Ivan) က သူ၏ ငွေစာရင်းစက် (Cash Register) ကို ညွှန်ပြကာ CNN သို့ ပြောကြား ခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်းအထိ သူ၏ အရောင်းမှတ်တမ်းတွင် အရောင်းအဝယ် ၁၃ ကြိမ်သာ ရှိပြီး စုစုပေါင်း ရူဘယ် ၃,၄၁၇ (ဒေါ်လာ ၄၅ ခန့်) သာ ရရှိခဲ့သည်။ ပုံမှန်အချိန်များတွင် ယင်းအရေအတွက်မှာ ၃၀၀ နီးပါး ရှိသင့်ကြောင်း သူက ဆိုသည်။ “ ဒီနေရာက ကမ္ဘာပျက်ပြီးစ အခြေအနေ (Semi-apocalyptic) နဲ့ တူနေတယ်” ဟု အိုင်ဗန်က ပြောသည်။

အဆိုပါ ဈေးဝယ်စင်တာ၏ ဝက်ဘ်ဆိုဒ်တွင် ဆိုင်ခန်းငှားရမ်းခများကို တစ်စတုရန်းမီတာလျှင် ၁ ရူဘယ် (၁ ဆင့်ခန့်) အထိ အံ့အားသင့်ဖွယ် လျှော့ချထားသော်လည်း ဆိုင်ခန်းအများစုမှာ လစ်လပ်နေဆဲ ဖြစ်သည်။

လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှ အမျိုးသမီးတစ်ဦးက “ ၂၀၂၂ ခုနှစ် နောက်ပိုင်းမှာ ဝယ်လိုအားတွေ ကျသွားတယ်။ အခြေအနေ ပြန်ကောင်းလာမယ်လို့ မယုံကြည်တော့ဘူး။ ဒီထက် ပိုမဆိုးဖို့ပဲ မျှော်လင့်ရတယ်” ဟု ဆိုသည်။ ကုန်စျေးနှုန်းများမှာ နေ့စဉ် မြင့်တက် နေသော်လည်း လစာများမှာ တိုးမလာကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ဖွံ့ဖြိုးမှု စက်ဝန်း ပြီးဆုံးသွားပြီ”

ဘာစီလိုနာ စီးပွားရေးတက္ကသိုလ်မှ သုတေသနပရော်ဖက်ဆာ ရူဘင် အန်နီကိုလိုပေါ့ဗ် (Ruben Enikolopov) က ရုရှားအစိုးရသည် ယခင်က ရှိထားသော အရန်ငွေကြေးများကို သုံးစွဲကာ စစ်ရေးအသုံးစရိတ်ဖြင့် စီးပွားရေးကို ထောက်ကန်ထားခဲ့သော်လည်း ယခုအခါ ထိုစက်ဝန်းမှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ရှင်းပြသည်။ “ အစိုးရရဲ့ အရန်ငွေတွေ နည်းလာပြီ၊ ဒါကြောင့် အခွန်တွေ တိုးကောက်နေရတာပါ” ဟု သူက ဆိုသည်။

ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင် ရေရှက်နီကော့ဗ် (Maxim Reshetnikov) ကလည်း အရန်ငွေကြေးများမှာ များစွာ လျော့ပါးသွားပြီဖြစ်ကြောင်းနှင့် မက်ခရိုစီးပွားရေး အခြေအနေမှာ ယခင်ကထက် များစွာ ခက်ခဲရှုပ်ထွေးလာကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သည်။

ချမ်းသာသူက ပိုချမ်းသာလာပြီး ဆင်းရဲသူက ပိုဆင်းရဲလာခြင်း

စီးပွားရေးကျပ်တည်းမှုကြားမှပင် ရုရှားဘီလီယံနာများ၏ ပိုင်ဆိုင်မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း Forbes Russia အရ သိရသည်။ “ စစ်ပွဲက ရုရှားလူထု ကြား မှာ မညီမျှမှုကို ပိုပြီး ကြီးထွားလာစေတယ်။ ချမ်းသာတဲ့သူက ပိုချမ်းသာလာပြီး၊ ဆင်းရဲတဲ့ သူက ပိုဆင်းရဲလာတာကို မြင်နေရတယ်” ဟု Carnegie Russia Eurasia Center မှ အလက်ဇန္ဒြာ ပရိုကိုပင်ကို (Alexandra Prokopenko) က ပြောကြားခဲ့သည်။

မော်စကိုဒေသရှိ မြို့ငယ်လေးတစ်ခုဖြစ်သော ဂိုလစ်ဆီနို (Golitsyno) တွင် နေထိုင်သော အငြိမ်းစား ဇနီးမောင်နှံနှစ်ဦးကမူ ကုန်စျေးနှုန်းများ တဟုန်ထိုး မြင့်တက်လာမှုကြောင့် သူတို့၏ ပင်စင်လစာဖြင့် ရပ်တည်ရန် ခက်ခဲလာကြောင်း CNN သို့ ဖွင့်ဟခဲ့သည်။ “ တစ်ယောက်တည်းသာဆိုရင် ပိုပြီး ခက်ခဲလိမ့်မယ်” ဟု အသက် ၈၀ နီးပါးရှိပြီဖြစ်သော အမျိုးသမီးကြီး လျူဘော့ဗ် (Lyubov) က ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Goodzone ဈေးဝယ်စင်တာ၏ အပြင်ဘက်မြင်ကွင်း။ Maksim Kataev/CNN(ပုံ)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Goodzone ဈေးဝယ်စင်တာတွင် လူသူကင်းမဲ့နေသော ဆိုင်ခန်းများ။ CNN(ပုံ)

မော်စကိုမြို့ရှိ Goodzone ဈေးဝယ်စင်တာအတွင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က တွေ့ရသည့် ပိတ်ထားသော ဆိုင်ခန်းတစ်ခု၏ မြင်ကွင်းဖြစ်ပါသည်။(ပုံ)

Goodzone ဈေးဝယ်စင်တာရှိ စစ်ဘက်နှင့် နည်းဗျူဟာဆိုင်ရာ အဝတ်အစားနှင့် ပစ္စည်းကိရိယာများကို အထူးပြု ရောင်းချသည့် ရုရှားလက်လီအရောင်းဆိုင် Profarmy ၏ စတိုးဆိုင်ပြတင်းပေါက်။ Maksim Kataev/CNN

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် Goodzone မောလ်ရှိ ပိတ်ထားသော Profarmy စတိုးဆိုင်တွင် မော်ဒယ်များနှင့် သေတ္တာများကို ထားခဲ့သည်။ Maksim Kataev/CNN

မော်စကိုဒေသရှိ မြို့ငယ်လေးဖြစ်သော ဂိုလစ်ဆီနို (Golitsyno) တွင် နေထိုင်သူ လျူဘော့ဗ် ဆာဂေးဗ်နာ (Lyubov Sergeevna) ၏ ပုံရိပ်ဖြစ်ပါသည်။

သူမသည် CNN သတင်းဌာနသို့ ပြောကြားရာတွင် မြင့်တက်နေသော ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားလိမ့်မည်ဟူသော အချက်အပေါ် အကောင်းမမြင်နိုင်ကြောင်း (သို့မဟုတ်) ယုံကြည်မှုမရှိကြောင်း ဖွင့်ဟခဲ့သူဖြစ်သည်။ သူမကဲ့သို့သော အခြေခံလူတန်းစားများနှင့် ပင်စင်စားများမှာ ယူကရိန်းစစ်ပွဲ၏ နောက်ဆက်တွဲ စီးပွားရေးဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသူများ ဖြစ်ကြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး