နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရန်၏ အချုပ်အခြာအာဏာကို “ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်

အီရန်နိုင်ငံအပေါ် အမေရိကန်၏ နောက်ဆုံး တိုက်ခိုက်မှုများသည် နိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာကို “ ထင်ရှားစွာ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခေါ်ဆိုလိုက်ပြီး၊ အီရန် ထပ်မံတိုက်ခိုက်ခံရပါက အမေရိကန်တပ်ဖွဲ့များကို လက်ခံထားသည့် အရှေ့အလယ်ပိုင်းနိုင်ငံများလည်း ပစ်မှတ်ထားခံရနိုင်ကြောင်း သတိပေးခဲ့သည်။

“ (အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည်) ယခုတိုက်ခိုက်မှုများ စတင်ရာ အရင်းအမြစ်ဖြစ်သည့် ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများနှင့် ပိုင်ဆိုင်မှုများကို ပြင်းထန်စွာ ပျက်စီးစေ ခဲ့သည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ အီရန်အနေဖြင့် “ တိုက်ခိုက်မှု များ စတင်ရာ အရင်းအမြစ်ကို ပစ်မှတ်ထားရန် တွန့်ဆုတ်နေမည်မဟုတ်” ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန် ကြည်းတပ်၏ Apache ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကို လက်တုံ့ပြန်သည့် အနေဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီးရှိ အီရန်ပစ်မှတ်များကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက်၊ ဗုဒ္ဓဟူးနေ့တွင် အီရန်က ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ အမေရိကန် အဆောက်အအုံ တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှု ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အဆိုပါ သုံးနိုင်ငံလုံးတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အလုပ်လုပ်ခဲ့သည်။ စီအင်န်အင်န်သည် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (US Central Command) ထံမှ မှတ်ချက်စကား တောင်းခံထားသည်။

အမေရိကန်၏ တိုက်ခိုက်မှုများအပြီးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ သည် ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံတို့မှ ၎င်း၏ ရာထူးတူ ဝန်ကြီးများနှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

မေလ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araghchi) တက်ရောက်စဉ်။ (ဓာတ်ပုံ – Elke Scholiers/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ (Kennedy Center) မှ ထရမ့်အမည်အား ဖယ်ရှားရန် တရားသူကြီး သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သွားသဖြင့် အချိန်ပိုပေးရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 0 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နည်းပညာကြောင့် အင်အားကြီးရန်သူကို ယူကရိန်း အသာစီးရနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ယူကရိန်းရှိ ရုရှားစစ်ပွဲ ယူကရိန်းအရှေ့ပိုင်း — ဝူးဝူးဝါးဝါး မြည်သံတစ်ခု၊ ဖုန်မှုန့်များ လွင့်ပျံသွားမှု၊ မှုန်ဝါးဝါးပုံရိပ် ပြန်လည်ကြည်လင်လာချိန်တွင် ခေတ္တရပ်တန့်သွားခြင်း၊ ထို့နောက်တွင်တော့ ပြင်းထန်သော
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စ်ပွဲပြီးဆုံးသွားပြီဟု ထရမ့်ပြောကြားသော်လည်း သဘောတူညီချက်ရရှိမှုကို အီရန်ဘက်က အတည်မပြုသေး၊ နောက်ဆုံးရသတင်းများ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်ရေးသားသူ – Elise Hammond အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “စစ်ပွဲကို အဆုံးသတ်လိုက်ပြီ” ဖြစ်ကြောင်းနှင့် တိုက်ပွဲများရပ်တန့်ရန် နှစ်ဦးနှစ်ဖက်စလုံးက “အလွန်ခိုင်မာသည့် နားလည်မှုစာချွန်လွှာ” တစ်ခုအပေါ်
နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ၏ မြက်ခင်းပြင်ပေါ်တွင် ‘8647’ ဟု အက္ခရာအကြီးကြီး ရေးထွင်းထားသည်ကို ဝေဟင်ဓာတ်ပုံများတွင် တွေ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ဝါရှင်တန် — သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသသည့် သင်္ကေတ အဖြစ် အများအားဖြင့် အသုံးပြုလေ့ရှိသော “8647” ဟူသည့် ဂဏန်းများသည်
နိုင်ငံတကာသတင်း

ဆိုမာလီဒိုင်လူကြီးကို ဥရောပစူပါကပ်ပွဲစဉ်တွင် တာဝန်ထမ်းဆောင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ခန့်အပ်၊ ၎င်းအား အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်ထား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 3 Views
Aljazeera News- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် အိုမာ အာတန် (Omar Artan) သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲစဉ်တာဝန်ခံ ဒိုင်လူကြီးများစာရင်းတွင် ပါဝင်ခဲ့သော်လည်း အမေရိကန်က ၎င်းအား ပြည်ဝင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သည့် ခါ့ဂ်ကျွန်း (Kharg Island) ကို သိမ်းပိုက်မည်ဟု ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် တဟီရန်နှင့် အမေရိကန်တို့ ညတွင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ထရမ့် က အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်များကိုပါ ထိန်းချုပ်သွားမည်ဟု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

NN- နောက်ဆုံးရသတင်း -၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၁ရက်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 11 Views
• အမေရိကန်၏ တိုက်ခိုက်မှုများ – အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်အများအပြားကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုများ ပြုလုပ်ပြီးစီးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အီရန်စစ်တပ်၏ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်များ၊