နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

အာရှ

အာရှ ဥရောပ

ဂျာမန်အစိုးရ Leopard 2 တင့်ကားများ ယူကရိန်းသို့ ထောက်ပံ့ပေးပို့ရန် ကြေညာ။

ဂျာမန်အစိုးရသည် ရုရှား၏ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်းသို့ ဂျာမန်လုပ် Leopard 2 တင့်ကားများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း 25 ရက်နေ့တွင် ကြေညာခဲ့သည်။

Leopard 2 တင့်ကားများ လက်ဝယ်ရှိထားသည့် နိုင်ငံများက ၎င်းတို့၏ Leopard 2 တင့်ကားများကို ယူကရိန်းသို့ ပေး အပ်ခြင်းကိုလည်း ခွင့်ပြုလိုက်သည်။ ယူကရိန်းစစ်တပ်၏ တန်ပြန်ထိုးစစ်ကို ပံ့ပိုးကူညီရန် အမေရိကန်၏ ပင်မတိုက်ပွဲဝင်တင့်ကား “ M1 Abrams” ကို အမေရိကန်က ပံ့ပိုးပေးရန်လည်း အဆင်သင့်ဖြစ်နေသည်။ 

နွေဦးရာသီတွင် ကြီးမားသော နယ်မြေပြန်လည်သိမ်းပိုက်ရေး စစ်ဆင်ရေးကို စတင်ရန် စီစဉ်ထားသည့် ယူကရိန်း စစ်တပ်သည် ရန်သူ့လမ်းကြောင်းများကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အနောက်နိုင်ငံလုပ် တင့်ကားအစီး ၃၀၀ ကို တောင်းဆိုထားသည်။

ကြေညာချက်အရ ဂျာမနီသည် ဂျာမန်စစ်တပ်အသုံးပြုသည့် Leopard 2 “ A6” တင့်ကား ၁၄ စီးကို ထောက်ပံ့ပေးမည် ဖြစ်သည်။ Leopard 2 ကို ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံများသို့ တင်ပို့ထားသော်လည်း ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ရန်အတွက် ဂျာမနီနိုင်ငံမှ ခွင့်ပြုချက် လိုအပ်ပါသည်။ လက်ဝယ်ရှိနိုင်ငံများက ယူကရိန်းနိုင်ငံသို့ ထောက်ပံ့မှုကိုလည်း

အတည်ပြုမည်ဖြစ်ပြီး တင့်ကားတပ်ရင်းနှစ်ခုလုံးကို စုစည်းနိုင်သည့် အတိုင်းအတာတစ်ခု ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်။ ဂျာမန်ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ ဂျာမန် တင့်ကားတပ်ရင်း နှစ်ရင်းအတွက် စုစုပေါင်း တင့်ကား ၈၈ စီးလိုအပ်သည်။ ဂျာမနီ၏ခွင့်ပြုချက်ရရှိပါက ပိုလန်၊ ဖင်လန်နှင့် စပိန်တို့အပါအဝင် နိုင်ငံပိုင် ၁၂ နိုင်ငံက ပေးအပ်မည်ဟု သဘောတူထားပြီး ဖြစ်ကြောင်း အမေရိကန် ABC သတင်းဌာနက ဖော်ပြသည်။

ဂျာမနီသည် ၎င်း၏ပိုင်နက်တွင် ယူကရိန်းစစ်သားများအတွက် တင့်ကားမောင်းနှင်အသုံးပြုနည်းသင်တန်း စတင်သင်ကြားပေး မည်ဖြစ်ပြီး ခဲယမ်းမီးကျောက်များနှင့် ပြုပြင်ထိန်းသိမ်းမှုများကိုလည်း သင်ကြားပေးသွားမည် ဖြစ်သည်။ ဂျာမနီဝန်ကြီးချုပ် Scholz ၏ ထုတ်ပြန်ချက်တွင် “ ကျွန်ုပ်တို့ အနီးကပ် အတူတကွ လုပ်ဆောင်နေပါတယ်” ဟု ဖော်ပြထားသည်။ ပထမဆုံး Leopard 2 ကို ယူကရိန်းသို့ ပို့ဆောင်ရန် ၃ လ အချိန်ယူရမည်ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘိုရစ်ပစ်စတိုးရိရပ်စ် (Boris Pistorius) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ရုရှားနှင့် တင်းမာမှုများ လွန်ကဲစွာ တိုးလာမည်ကို စိုးရိမ်သောကြောင့် တင့်ကားများ ပံ့ပိုးပေးရန် တောင်းဆိုမှုမှာ လက်မခံဘဲ ဂျာမနီသည် ၎င်း၏ မဟာမိတ်များနှင့် ခြေလှမ်းတူညီစွာ ဆက်လှမ်းနိုင်ရန် ၎င်းတို့ရည်ရွယ်ထားကြောင်းကို ယခုအချိန်အထိ အလေးပေး ပြောကြားခဲ့သည်။ ဗြိတိန်က ဗြိတိန်စစ်တပ်၏ ပင်မတိုက်ပွဲဝင်တင့်ကား Challenger 2 ၁၄ စီး လှူဒါန်းမည်ဟု ကြေညာခဲ့ပြီး ပိုလန်သည် ဂျာမနီသို့ Leopard 2 “ A4” တင့်ကား ၁၄ စီးအထိ ပြန်လည်တင်ပို့ခွင့်ကို 24 ရက်နေ့တွင် တောင်းဆိုခြင်း စသည်တို့ဖြင့် ဂျာမနီအပေါ် ပြည်တွင်းပြည်ပ ဖိအားများ တိုးလာခဲ့သည်။

ဝါရှင်တန်ပို့စ်၏ အဆိုအရ အမေရိကန်သည် အနည်းဆုံး M1 Abrams အစီး (၃၀) ကို ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ပြီး ယင်းကို ၂၅ ရက်နေ့တွင် ကြေညာပမည်ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းမှုနှင့် ဆီဖြည့်ရန် အခက်အခဲကို အကြောင်းပြပြီး တင့်ကားများ ထောက်ပံ့ပေးရန် အမေရိကန်ပြည်ထောင်စုသည် ယခုအချိန်အထိ ငြင်းဆိုနေခဲ့သော်လည်း Abrams ပေးသင့်သည်ဟု ကွန်ဂရက်တွင် အသံများထွက်ပေါ်ခြင်းနှင့် အမေရိကန်က Abrams တင့်ကားများ ပေးအပ်ပါက ဂျာမနီအနေနှင့်လည်း ၎င်းတို့၏တင့်ကားများကို ပေးအပ်ရန် လှုံဆော်ပေးစေရန်လည်း ရည်ရွယ်ပုံရသည်။

ပြင်သစ်သမ္မတမက်ခရွန်ကလည်း ယူကရိန်းနိုင်ငံသို့ ပြင်သစ်လုပ်တင့်ကားများ ထောက်ပံ့မှုအား တောင်းဆိုလာပါက ငြင်းပယ်မည် မဟုတ်ကြောင်း ပြောကြားထားသည်။

Source: Bloomberg, ရိုက်တာ၊ ဝါရှင်တန်ပိုစ်၊ ယူမီအူရီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 75 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 66 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 68 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 98 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 145 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားသော