ထီးချိုင့်မြို့ကျောက်မှော်ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ယနေ့(မတ်လ ၉ရက်)နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စခန်း ကို အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် အိမ်ခြေ ၆၀၀ ခန့်ရှိိတဲ့ကျောက်မှော်ရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စီးနင်းတိုက်ခိုက်မှုမှာ ဆိုင်ကယ် ခုနှစ်စီး၊ ကားတစ်စီးနှင့် စခန်းအဆောက်အဦးအချို့ ဆုံးရှုံး ခဲ့ရတာဖြစ်ပါတယ်။
PDF တပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြေပါတယ်။
ကျောက်မှော်ရွာတွင်လည်း ယနေ့ညနေ ၃နာရီခန့်အထိ မီးလောင်ကျွမ်းနေတာ ဖြစ်ပြီး စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။