မြင်းခြံမြို့က ဌာနဆိုင်ရာယန္တရားတွေ ရပ်ဆိုင်းသွားပြီဖြစ်
ဩဂုတ်လ (၁၄)ရက်။ ဒီကနေ့မှာ မြင်းခြံမြိုက ဌာနဆိုင်ရာယန္တရားတွေ ရပ်ဆိုင်းသွားပြီဖြစ်တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြင်းခြံက ဘဏ်တွေအကုန်လုံးလဲ ပိတ်ထားပြီး ငွေထုတ်မရတော့ဘူး၊ စီးပွားရေးဘဏ်မှာ အရင်အပတ်ထဲက ငွေတွေကို ညောင်ဦးကနေတဆင့် မန္တလေးကို ပို့ထားပြီးပြီ”...









