ကရင်နီအမျိုးသားနေ့မှာ ကရင်နီ-IEC က အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေး
ဇွန်လ (၂၂)ရက်။ ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(Karenni-IEC)က အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုအရ အကျဉ်းထောင်တွေထဲ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တာလို့...









