နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

အမေရိကန်

အမေရိကန်

အမေရိကန်မှ ယူကရိန်းနိုင်ငံသို့ Patriot ဒုံးကျည်များ ပို့ပေးရန် အတည်ပြု

ယူကရိန်းနိုင်ငံသို့ Patriot ဒုံးကျည်များ ပို့ပေးရန် အမေရိကန်က အတည်ပြုရန် အဆင်သင့်ရှိနေပြီး ယူကရိန်းနိုင်ငံတွင်းသို့ ပစ်လွှတ်လိုက်သော ရုရှားဒုံးကျည်များကို ပစ်ချရန် ပိုမိုအားကောင်းသည့် လက်နက်များ ရရှိရန်အတွက် ယူကရိန်း ခေါင်းဆောင်များထံမှ အရေးပေါ် တောင်းဆိုထားကြောင်း အမေရိကန်တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အတည်ပြုချက်ကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရောက်ရှိလာဖွယ်ရှိပြီး ကြာသပတေးနေ့ အစောပိုင်းတွင်မှ ထုတ်ပြန် ကြေညာနိုင်လိမ့်မည်ဟု အမည်မဖော်လိုသူ အရာရှိ (၃) ဦးက ပြောသည်။ Patriot သည် ပင်တဂွန်စတော့များမှ လာမည်ဖြစ်ပြီး ပင်လယ်ရပ်ခြားရှိ အခြားနိုင်ငံမှ ပြောင်းရွှေ့သယ်ယူမည်ဟု အရာရှိနှစ်ဦးက ပြောသည်။


ယူကရိန်းသမ္မတဗလိုဒီမီယာဇီလန်စကီက ရုရှားကျူးကျော်စစ်ပွဲအတွင်း ၎င်း၏ နိုင်ငံကို ပိုမိုအဆင့်မြင့်သော လက်နက်များ ပံ့ပိုးကူညီရန် တနင်္လာနေ့တွင် အနောက်နိုင်ငံခေါင်းဆောင်များကို မကြာသေးမီက ဖိအားပေးပြောကြားခဲ့သည်။ Patriot သည် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကို ချေမှုန်းရန် အနောက်အုပ်စုမှ ပံ့ပိုးပေးထားသည့် အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ဖြစ်သည်။


တနင်္လာနေ့က ဗီဒီယိုကွန်ဖရင့်တစ်ခုအတွင်း၊ သမ္မတဇီလန်စကီက ရုရှား၏ တိုက်ခိုက်မှုကို တန်ပြန်ရန် ၎င်း၏နိုင်ငံသည် တာဝေးပစ်ဒုံးကျည်များ၊ ခေတ်မီတင့်ကားများ၊ အမြောက်များ၊ ဒုံးကျည်ဘက္ထရီများနှင့် အခြားနည်းပညာမြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ လိုအပ်ကြောင်း အိမ်ရှင်ဂျာမဏီနှင့် စက်မှုအင်အားကြီးခုနစ်နိုင်ငံမှ အခြားခေါင်းဆောင်များအား ပြောကြားခဲ့ပါသည်။

ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးရုံများကို ဒုံးကျဉ်များဖြင့် ရုရှားက အဆက်မပြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာ လျှပ်စစ်နှင့် ရေ ပြတ်တောက်ခဲ့ရသည်။
Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်ကာကွယ်ရေးဝန်ကြီးလောင်း ဟက်ဆက်ကို အာဆီယံအကြောင်းမေးရာ မဖြေနိုင်သဖြင့် အိမ်စာလုပ်ဖို့ ပြောဆိုခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီ (၁၆) ရက်၊ ထရမ့်အစိုးရအသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပီဟက်ဆက် (Pete Hegseth) ကို အတည်ပြုပေးနိုင်ဖို့ ဆီးနိတ်မှာ
နိုင်ငံတကာသတင်း အမေရိကန်

ထိပ်တန်းဒီမိုကရက်တစ်ပါတီသည် ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုသော စစ်ရာဇ၀တ်ကောင်များကို ထောက်ခံအားပေးခဲ့သည့်ဟက်ဆက် (Hegseth) အား ဖိအားပေးမေးမြန်းခဲ့သည်။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီလ (၁၆) ရက်။ စစ်ဘက်တရားစီရင်ရေးစနစ်အပေါ် ဟက်ဆက်၏ သဘောထားအမြင်များကို ၎င်း၏ကြားနာမှုတွင် မေးခွန်းထုတ်ခဲ့သည်။ ဟက်ဆက်သည် ကာကွယ်ရေးဝန်ကြီးဖြစ်ရန်အတွက် ၎င်း၏အရည်အချင်းများကို စုံစမ်းစစ်ဆေးနေသည့်ကော်မတီ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 43 Views
ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ တပြိုင်နက်တည်းလောင်ကျွမ်းနေတဲ့ တောမီး ၆ ခုဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အခါမှာ မြို့နေလူမှုပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်လာခဲ့ပြီဖြစ်ပါတယ်။ တောမီးကို ပိုမိုကြီးထွားစေတဲ့ ဆန်တာအန်နာမြို့ဘက်က လေတိုက်နှုန်းကြောင့် မီးခိုးငွေ့တွေဟာ
နိုင်ငံတကာသတင်း အမေရိကန်

Facebook မှ ဖယ်ရှားခဲ့ရသော အချက်အလက်များကို ပြန်လည်ရှာဖွေသည့်အခါ ဘိုင်ဒင်၏ တာဝန်ရှိသူများက ‘အော်ဟစ်’ ပြီး ကျိန်ဆဲကြလိမ့်မည်ဟု ဇူကာဘတ် ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 38 Views
ဇန်နဝါရီလ (၁၁) ရက်။ Meta CEO မှ ဘိုင်ဒင်အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူများသည် “ မှန်ကန်သော အကြောင်းအရာများ” အပါအဝင် အချို့သောပို့စ်များကို ဖယ်ရှားရန် ကုမ္ပဏီအား တောင်းဆိုခဲ့ကြောင်း ပေါ့ဒ်ကတ်စ်တွင် ဇန်နဝါရီလ (၁၁) နေ့က ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၊ အာလ်တီဒီနာသည် ‘စစ်ပွဲဖြစ်နေသကဲ့သို့’ တောမီးလောင်ကျွမ်းနေဟု တာဝန်ရှိသူများပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 54 Views
ဇန်နဝါရီလ (၁၁) ရက်။ လော့စ်အိန်ဂျလိစ်ကောင်တီ ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကက်သရင်း ဘာဂါက ခရိုင်အတွင်းရှိ တောမီးဒဏ်ခံ အာလ်တီဒီနာမြို့ကို စစ်ပွဲဇုန်တစ်ခုလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖျက်ဆီးမှုအတိုင်းအတာကို မေးမြန်းရာတွင် ဘာဂါက “ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ပဲရာဆေ့ (Palisades) တောမီးလောင်မှုမှာ သူ့ရဲ့ အိုလံပစ် ဆုတံဆိပ် ၁၀ ခု ဆုံးရှုံးခဲ့ရတယ်လို့ ရေကူးသမား ဂယ်ရီ ဟောလ်ဂျူနီယာပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 39 Views
ဇန်နဝါရီလ (၁၁) ရက်။ အမေရိကန် အိုလံပစ်ကစားသမားဟောင်း ဂယ်ရီဟောလ်ဂျူနီယာဟာ သူ့ရဲ့ ရေကူးအားကစားသမားဘဝမှာ အိုလံပစ်ဆုတံဆိပ် (၁၀) ခုနဲ့ ကမ္ဘာ့ချန်ပီယံဆုတံဆိပ် (၆၆) ခု ရရှိခဲ့ပါတယ်။ ပဲရာဆေ့ တောမီးလောင်မှုမှာ သူတို့ အားလုံးကို ဆုံးရှုံးခဲ့ရတယ်လို့
နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ခံသမ္မတထရန့်ကို တရားရုံးက “ အပြစ်ရှိကြောင်း” စီရင်ချက်ချခဲ့ပြီး ခြွင်းချက်မရှိ လွှတ်ပေးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 40 Views
ဇန်နဝါရီလ (၁၀) ရက်။ ဒေသစံတော်ချိန် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် နယူးယောက်ခရိုင်တရားသူကြီးက ရွေးကောက်ခံသမ္မတထရန့်သည် “ အပြစ်ရှိကြောင်း” စီရင်ချက်ချခဲ့ပြီး ခြွင်းချက်မရှိ လွှတ်ပေးခဲ့သည်။ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာတွင် ထည့်သွင်းစဉ်းစားခဲ့ပြီး တရားရုံးက