နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

ဆောင်းပါးများ

ဆောင်းပါးများ သိပ္ပံ ဥရောပ

အာဖရိကသို့ ကျရောက်လာသည့် ၁၅ မက်ထရစ်တန်အလေးချိန်ရှိသော ဥက္ကာပျံတစ်ခုမှ သတ္တုအသစ် ၂ မျိုးကို တွေ့ရှိ

သိပ္ပံပညာရှင်များသည် ၁၅.၂ မက်ထရစ်တန် (၃၃,၅၁၀ ပေါင်) အလေးချိန်ရှိသော ဥက္ကာခဲတစ်ခုတွင် ကမ္ဘာပေါ်တွင် တစ်ခါမှ မတွေ့ဖူးသော ဓာတ်သတ္တုနှစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ဓာတ်သတ္တုများသည် ၂၀၂၀ ခုနှစ်တွင် ဆိုမာလီယာတွင် တွေ့ရှိသမျှ နဝမမြောက် အကြီးဆုံး ဥက္ကာခဲဖြစ်ကြောင်း Alberta တက္ကသိုလ်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ၇၀ ဂရမ် (၂.၅ အောင်စနီးပါး) အလေးချိန်ရှိသော ဥက္ကာခဲကို ဖြတ်တောက်ထားသည့်အထဲမှ ထိုဓာတ်သတ္တုသစ်နှစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Alberta တက္ကသိုလ်၏ ဥက္ကာခဲစုဆောင်းမှု၏ ပြတိုက်မှူး ခရစ်စ်ဟာ့ဒ် (Chris Herd) သည် ၎င်းဥက္ကာခဲကို အမျိုးအစား ခွဲခြားနိုင်စေရန် အာကာသကျောက် နမူနာများတွင် မည်သည့်ဓါတ်သတ္တုများပါဝင်သည်ကို ခွဲခြမ်းကြည့်ရှုနိုင်ရန် လက်ခံရရှိခဲ့သည်။ နမူနာ အစိတ်အပိုင်းအချို့သည် အဏုကြည့်မှန်ဘီလူးဖြင့် ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိပေ။ သူသည် နမူနာ အစိတ်အပိုင်းအချို့ကို စစ်ဆေးနေစဉ်တွင် ပုံမှန်မဟုတ်သော အရာတစ်ခုကို သူ့မျက်လုံးက ဖမ်းမိသည်။ ထိုနမူနာ၏ အစိတ်အပိုင်းအချို့ကို အဏုကြည့်မှန်ဘီလူးဖြင့် ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိပေ။

ဓာတ်ပုံ။ Nick Gessler/Duke University

ထို့နောက် သူသည် ဓာတ်သတ္တု အသစ်များတွင် အတွေ့အကြုံရှိသော Electron Microprobe Laboratory အကြီးအကဲ Andrew Locock ထံမှ အကြံဉာဏ် ရယူခဲ့သည်။ “ သူအရင်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအချို့ကို ပြုလုပ်သည့်နေ့၌ ‘မင်းနမူနာထဲမှာ အနည်းဆုံး ဓာတ်သတ္တုအသစ် နှစ်ခု ရှိတယ်’ ဟု ပြောသည်ဟု တက္ကသိုလ်၏ ကမ္ဘာမြေနှင့် လေထုသိပ္ပံဌာနမှ ပါမောက္ခဟာ့ဒ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “ဒါဟာ အံ့မခန်းပါပဲ။ များသောအားဖြင့် သတ္တုအသစ်တစ်ခု ရှိနေတယ်လို့ ပြောဖို့ဆိုတာ အချိန်အများကြီး ပိုယူပြီး ပြောနိုင်ဖို့ အလုပ်လုပ်ရပါတယ်”ဟု သူကဆိုသည်။

သတ္တုတစ်မျိုး၏အမည်ကို ဆိုမာလီယာအလယ်ပိုင်း အယ်လ်လီမြို့အနီးတွင် တွေ့ရှိခဲ့သောကြောင့် “ El Ali” ဥက္ကာပျံဟု ခေါ်သော အာကာသအရာဝတ္ထုမှ ဆင်းသက်လာခြင်းဖြစ်သည့်အတွက် “elaliite” ဟု မှည့်ခေါ်လိုက်သည်။ အာရီဇိုးနားပြည်နယ်တက္ကသိုလ်၏ ကမ္ဘာမြေနှင့်အာကာသလေ့လာစူစမ်းရေး၏ ပါမောက္ခတဦးဖြစ်သူ Lindy Elkins-Tanton ကို ဂုဏ်ပြုသည့်အနေနှင့် ပါမောက္ခဟာ့ဒ်က ဒုတိယဓာတ်သတ္တုအမည်ကို “elkinstantonite” ဟု အမည်ပေးခဲ့သည်။

Elkins-Tanton သည် အဆိုပါ တက္ကသိုလ်၏ School of Earth and Space Exploration မှ အုပ်ချုပ်သူ ပါမောက္ခ တစ်ဦးဖြစ်ပြီး NASA ၏ လာမည့် Psyche မစ်ရှင်၏ အဓိက စုံစမ်းစစ်ဆေးသူဖြစ်သည်။ Psyche မစ်ရှင်သည် အင်္ဂါဂြိုလ်နှင့် ဂျူပီတာကြားတွင် နေကို လှည့်ပတ်နေသော သတ္တုကြွယ်ဝသော ဂြိုဟ်သိမ်တစ်ခုဆီသို့ ခရီးတစ်ခု ဖြစ်ကြောင်း အာကာသ အေဂျင်စီ၏အဆိုအရ သိရသည်။

CNN သတင်းထောက် Kristen Rogers ၏ “A 15-metric ton meteorite crashed in Africa. Now 2 new minerals have been found in it” ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 103 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 198 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 187 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 946 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 716 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 165 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 279 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း လမ်းဘေးကို ကြည့်လိုက်တိုင်း အမြဲတမ်း စဉ်းစားမိတဲ့အချက်တခုရှိတယ်။ အဲ့ဒီလမ်းဘေးတလျှောက်မှာ လူတွေက တဲအိမ်လေးတွေနဲ့နေကြရတယ်။ အိမ်လို့သာပြောတာ