နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

ဆောင်းပါးများ

ဆောင်းပါးများ သိပ္ပံ ဥရောပ

အာဖရိကသို့ ကျရောက်လာသည့် ၁၅ မက်ထရစ်တန်အလေးချိန်ရှိသော ဥက္ကာပျံတစ်ခုမှ သတ္တုအသစ် ၂ မျိုးကို တွေ့ရှိ

သိပ္ပံပညာရှင်များသည် ၁၅.၂ မက်ထရစ်တန် (၃၃,၅၁၀ ပေါင်) အလေးချိန်ရှိသော ဥက္ကာခဲတစ်ခုတွင် ကမ္ဘာပေါ်တွင် တစ်ခါမှ မတွေ့ဖူးသော ဓာတ်သတ္တုနှစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ဓာတ်သတ္တုများသည် ၂၀၂၀ ခုနှစ်တွင် ဆိုမာလီယာတွင် တွေ့ရှိသမျှ နဝမမြောက် အကြီးဆုံး ဥက္ကာခဲဖြစ်ကြောင်း Alberta တက္ကသိုလ်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ၇၀ ဂရမ် (၂.၅ အောင်စနီးပါး) အလေးချိန်ရှိသော ဥက္ကာခဲကို ဖြတ်တောက်ထားသည့်အထဲမှ ထိုဓာတ်သတ္တုသစ်နှစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Alberta တက္ကသိုလ်၏ ဥက္ကာခဲစုဆောင်းမှု၏ ပြတိုက်မှူး ခရစ်စ်ဟာ့ဒ် (Chris Herd) သည် ၎င်းဥက္ကာခဲကို အမျိုးအစား ခွဲခြားနိုင်စေရန် အာကာသကျောက် နမူနာများတွင် မည်သည့်ဓါတ်သတ္တုများပါဝင်သည်ကို ခွဲခြမ်းကြည့်ရှုနိုင်ရန် လက်ခံရရှိခဲ့သည်။ နမူနာ အစိတ်အပိုင်းအချို့သည် အဏုကြည့်မှန်ဘီလူးဖြင့် ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိပေ။ သူသည် နမူနာ အစိတ်အပိုင်းအချို့ကို စစ်ဆေးနေစဉ်တွင် ပုံမှန်မဟုတ်သော အရာတစ်ခုကို သူ့မျက်လုံးက ဖမ်းမိသည်။ ထိုနမူနာ၏ အစိတ်အပိုင်းအချို့ကို အဏုကြည့်မှန်ဘီလူးဖြင့် ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိပေ။

ဓာတ်ပုံ။ Nick Gessler/Duke University

ထို့နောက် သူသည် ဓာတ်သတ္တု အသစ်များတွင် အတွေ့အကြုံရှိသော Electron Microprobe Laboratory အကြီးအကဲ Andrew Locock ထံမှ အကြံဉာဏ် ရယူခဲ့သည်။ “သူအရင်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအချို့ကို ပြုလုပ်သည့်နေ့၌ ‘မင်းနမူနာထဲမှာ အနည်းဆုံး ဓာတ်သတ္တုအသစ် နှစ်ခု ရှိတယ်’ ဟု ပြောသည်ဟု တက္ကသိုလ်၏ ကမ္ဘာမြေနှင့် လေထုသိပ္ပံဌာနမှ ပါမောက္ခဟာ့ဒ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “ဒါဟာ အံ့မခန်းပါပဲ။ များသောအားဖြင့် သတ္တုအသစ်တစ်ခု ရှိနေတယ်လို့ ပြောဖို့ဆိုတာ အချိန်အများကြီး ပိုယူပြီး ပြောနိုင်ဖို့ အလုပ်လုပ်ရပါတယ်”ဟု သူကဆိုသည်။

သတ္တုတစ်မျိုး၏အမည်ကို ဆိုမာလီယာအလယ်ပိုင်း အယ်လ်လီမြို့အနီးတွင် တွေ့ရှိခဲ့သောကြောင့် “El Ali” ဥက္ကာပျံဟု ခေါ်သော အာကာသအရာဝတ္ထုမှ ဆင်းသက်လာခြင်းဖြစ်သည့်အတွက် “elaliite” ဟု မှည့်ခေါ်လိုက်သည်။ အာရီဇိုးနားပြည်နယ်တက္ကသိုလ်၏ ကမ္ဘာမြေနှင့်အာကာသလေ့လာစူစမ်းရေး၏ ပါမောက္ခတဦးဖြစ်သူ Lindy Elkins-Tanton ကို ဂုဏ်ပြုသည့်အနေနှင့် ပါမောက္ခဟာ့ဒ်က ဒုတိယဓာတ်သတ္တုအမည်ကို “elkinstantonite” ဟု အမည်ပေးခဲ့သည်။

Elkins-Tanton သည် အဆိုပါ တက္ကသိုလ်၏ School of Earth and Space Exploration မှ အုပ်ချုပ်သူ ပါမောက္ခ တစ်ဦးဖြစ်ပြီး NASA ၏ လာမည့် Psyche မစ်ရှင်၏ အဓိက စုံစမ်းစစ်ဆေးသူဖြစ်သည်။ Psyche မစ်ရှင်သည် အင်္ဂါဂြိုလ်နှင့် ဂျူပီတာကြားတွင် နေကို လှည့်ပတ်နေသော သတ္တုကြွယ်ဝသော ဂြိုဟ်သိမ်တစ်ခုဆီသို့ ခရီးတစ်ခု ဖြစ်ကြောင်း အာကာသ အေဂျင်စီ၏အဆိုအရ သိရသည်။

CNN သတင်းထောက် Kristen Rogers ၏ “A 15-metric ton meteorite crashed in Africa. Now 2 new minerals have been found in it” ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 84 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
ဆောင်းပါးများ

NUGရဲ့ ဖြုတ်ထုတ်သတ်လမ်းစဥ်နဲ့ တော်လှန်ရေးအောင်မလား?

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 126 Views
ခေတ်မျက်လုံး အထူးဆောင်းပါး တော်လှန်ရေးအောင်မြင်ဖို့မှာ စစ်အုပ်စုကို တိုက်နေတဲ့အဖွဲ့အစည်းတွေ ကြီးငယ်မ‌ရွေး ညီညွတ်ဖို့လိုသလို ငါတို့ဟာ အင်အားကြီးမားပြီး အလွန်ကောက်ကျစ်တဲ့ ဘုံရန်သူကို တိုက်နေရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ကြဖို့လို့တယ်၊ ဒီလို အင်အားကြီးတဲ့ရန်သူကို တိုက်တဲ့နေရာမှာ အဓိကကျတဲ့အချက်က ညီညွတ်ရေးပဲ
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 223 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 231 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် – ဖလော်ရီဒါ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 241 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောကြားခဲ့ပြီး၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 225 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။