နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

Hamas-Israel Conflict

Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသခံတွေ မြောက်ဘက်မှ တောင်ဘက်သို့ လမ်းလျှောက်သွားနေတဲ့ ဗီဒီယိုဖိုင်ကို အစ္စရေးစစ်တပ် ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ဂါဇာ။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေ ယာယီရွှေ့ပြောင်းရေးလမ်းကြောင်းကတဆင့် မြောက်ဘက်မှ တောင်ဘက်သို့ လမ်းလျှောက်သွားနေတဲ့ ဗီဒီယိုဖိုင်ကို အစ္စရေးစစ်တပ်က နိုဝင်ဘာလ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ဂါဇာကမ်းမြှောင် မြောက်ဘက်ကနေ တောင်ဘက်ကို ဦးတည်တဲ့ လမ်းမကြီးတစ်လျှောက် သက်သေခံကတ်ပြားများ ကိုင်ဆောင်ထားကြပြီး လမ်းလျှောက်နေကြရပါတယ်။။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး မြောက်ပိုင်းရှိ ဒေသခံတွေကို တောင်ဘက်ကို ရွှေ့ပြောင်းရန် အကြိမ်ကြိမ် ပြောကြားထားပါတယ်။

လမ်းပေါ်ရှိ အစ္စရေးစစ်တပ်က သတ်မှတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်နေတဲ့သူများ လက်ထဲမာ ရေသန့်ဘူးတွေကိုသာ ကိုင်ဆောင်ထားကြပြီး အချို့မှာ လုံခြုံရေးအတွက် အလံဖြူတွေ ကိုင်ဆောင်ထားကြပါတယ်။

ကလေးငယ်ချီထားတဲ့ အမျိုးသမီးတစ်ဦးဟာ ၈ ကီလိုမီတာမှ ၉ ကီလိုမီတာအကွာ ကမ်းရိုးတန်းရှိ သူမရဲ့နေအိမ်က ထွက်ခွာလာခဲ့ရပြီး တောင်ဘက်ခြမ်းကို ဘေးကင်းစွာ ဝင်ရောက်နိုင်ပါ့မလားလို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခြားအမျိုးသမီးတစ်ဦးကတော့ သူမရဲ့ ကလေးလေးဦးနှင့်အတူ မြင်းလှည်းပေါ်မှာ ပစ္စည်းတွေတင်ပြီး လူတွေက လမ်းလျှောက်လာပါတယ်။ သူ့မြို့ကို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို တွေးတောရင်း သူမက “ ငါတို့ အိမ်တွေ၊ စားနပ်ရိက္ခာတွေ ရေတွေ ဘာမှမရှိတော့ဘူး´´ လို့ ပြောခဲ့ပါတယ်။

နိုဝင်ဘာလ (၇) ရက်နေ့မှာ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အာရပ်ဘာသာစကားနဲ့ လူမှုကွန်ရက်စာမျက်နှာ X (အရင် Twitter) မှာ ကယ်ဆယ်ရေးလမ်းကြောင်းကို မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီအထိဖွင့်ထားကြောင်း၊ ရွှေ့ပြောင်းသွားလာနေသူများကို ပြသထားသည့် ဗီဒီယိုကို တင်ခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့်
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 229 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို ပြန်လည်ထွက်ခွာခွင့်ပြုမည့် အစီအစဉ်နှင့် အမေရိကန်က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် အကောင်အထည်ဖော်မှု၏ အစိတ်အပိုင်းအဖြစ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 285 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 191 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့် ပုံပေါက်နေသော လူနှစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အား စစ်ဆေးသုံးသပ်လျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)
United Nations နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာသို့ နိုင်ငံခြား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ကုလသမဂ္ဂ ဆွေးနွေးပွဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 265 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် ဂါဇာ၏ အနာဂတ်နှင့် ပတ်သက်သော အမေရိကန်ဦးဆောင်ရေးဆွဲသည့် ဆုံးဖြတ်ချက် ကို မကြာသေးမီက အတည်ပြုခဲ့ပြီး ယင်းတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 263 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း