နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

ဥရောပ

ဥရောပ

နော်ဝေးက ယူကရိန်းအား စစ်ရေးအကူအညီရန်ပုံငွေကို ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၉၆၀ အထိပေးအပ်မည်။

နော်ဝေးသည် ၂၀၂၃ ခုနှစ်တွင် ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၉၆၀ ပေးမည်ဟု ဝန်ကြီးချုပ်ဂျိုးနပ်ဂါးစတိုး (Jonas Gahr Støre) က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။


“ယူကရိန်းမှာ နောက်ထပ် စစ်ဘက်ဆိုင်ရာ အထောက်အပံ့နဲ့ ပစ္စည်း ကိရိယာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒါကြောင့် နော်ဝေးအနေနဲ့ ယူကရိန်းအား စစ်ရေးထောက်ပံ့မှု ၂.၅ ဘီလီယံ နော်ဝေးခရိုနာ (ဒေါ်လာ၂၄၀ သန်းနီးပါး) မှ ၂၀၂၃ ခုနှစ်အတွက် စုစုပေါင်း ၁၀ ဘီလီယံ နော်ဝေးခရိုနီ (ဒေါ်လာ သန်း ၉၆၀) အထိ တိုးမြှင့်ပေးလိုက်ပါတယ်” ဟု Vilnius ရှိ နေတိုးထိပ်သီးအစည်းအဝေးတွင် စတိုးက ကြေညာခဲ့သည်။

နော်ဝေအစိုးရ၏ အဆိုအရ နော်ဝေးသည် ငါးနှစ်အတွင်း ယူကရိန်းအား အရပ်သားနှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၇.၂ ဘီလီယံကျော်အပြင် ယူကရိန်း၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ထောက်ပံ့ရန် ဒေါ်လာ ၁၄၄,၀၀၀ ကိုလည်း တစ်ချိန်တည်းတွင် ထောက်ပံ့ပေးမည်ဖြစ်သည်။ ယူကရိန်းကို ငွေကြေးအကူအညီ ပေးမည်ဟု ကတိပြုသည့်အပြင် နော်ဝေးသည် ၎င်း၏ ပြည်တွင်း အသားတင် ထုတ်ကုန်၏ အနည်းဆုံး ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

NATO သည် မဟာမိတ်နိုင်ငံများအတွင်း ၎င်းတို့၏ ပြည်တွင်း အသားတင် ထုတ်ကုန်၏ အနည်းဆုံး ၂ ရာခိုင်နှုန်းအထိ ကို ၂၀၀၆ ခုနှစ်ကတည်းက ကာကွယ်ရေးအသုံးစရိတ်အတွက် သုံးစွဲရန် တောင်းဆိုခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် မဟာမိတ်နိုင်ငံ ခုနစ်နိုင်ငံဖြစ်သည့် ဂရိ၊ အမေရိကန်၊ ယူကေ၊ ပိုလန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် ခရိုအေးရှားတို့သာ ချမှတ်ချက်ကိုလုပ်ဆောင်နိုင်ခဲ့သည်။

(ဓါတ်ပုံ) နော်ဝေဝန်ကြီးချုပ် ဝန်ကြီးချုပ်ဂျိုးနပ်ဂါးစတိုးသည် လစ်သူယေးနီးယားနိုင်ငံ Vilnius တွင် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် နေတိုးထိပ်သီး အစည်းအဝေး တရားဝင်ဖွင့်ပွဲ မတိုင်မီ မိန့်ခွန်းပြောခဲ့စဉ်က။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းက နယ်မြေစွန့်လွှတ်ရန် ငြင်းဆိုနေစဉ် ဇယ်လန်းစကီးက ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ပြင်ဆင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 48 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ယူကရိန်းသည် နယ်မြေများ လုံးဝမစွန့်လွှတ်ရစေရန် ရည်ရွယ်ပြီး ပြန်လည်ပြင်ဆင်ထားသော ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို အိမ်ဖြူတော်သို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ထရန့်က ‘ယိုယွင်းနေသည့်’ ဥရောပနိုင်ငံများနှင့် ‘အားနည်းသော’ ခေါင်းဆောင်များကို ဝေဖန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 44 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က ဥရောပခေါင်းဆောင်များကို “ အားနည်းသည်” ဟု ဝေဖန်ခဲ့ပြီး
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

နယ်သာလန်က ယူကရိန်းကို နောက်ထပ် ဒေါ်လာ ၈၁၅ သန်း ထပ်မံ ထောက်ပံ့ရန် ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 48 Views
CNN –၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၈ရက် နယ်သာလန်အစိုးရက ယနေ့တွင် လာမည့်နှစ်၏ ပထမသုံးလပတ်အတွင်း ယူကရိန်းအား နောက်ထပ် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၈၁၅ သန်း (ယူရို သန်း ၇၀၀) ထပ်မံ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 72 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 85 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏ အင်အား အကြီးဆုံး စစ်တပ်ကို တည်ဆောက်မည်ဟု ကတိပြုခဲ့သည် – ၎င်းသည် နှစ်ပေါင်းများစွာ
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

“ယူကရိန်း၏ အနာဂတ်သည် ကျွန်ုပ်တို့၏ အနာဂတ်ပင်ဖြစ်သည်”ဟု- ရုရှားအပေါ် စီးပွားရေးဖိအား တိုးမြှင့်ရန် ဥရောပ၏ “လိုလားသူများ မဟာမိတ်အဖွဲ့” က ကတိပြု

  • 2025 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 137 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက် ဥရောပခေါင်းဆောင်များသည် ယူကရိန်းရှိ စစ်ပွဲကို အဆုံးသတ်ရန် မဟာဗျူဟာများ ဆွေးနွေးရန်အတွက် “လိုလားသူများ မဟာမိတ်အဖွဲ့” (Coalition of the Willing) ဟုခေါ် သော အဖွဲ့ဝင်များ လန်ဒန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး၊
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နှင့် ဆွေးနွေးပွဲများ “ မည်သည့်နေရာသို့မှ မရောက်ဟု” ပြောကြားရင်း ထရမ့်က ပိတ်ဆို့မှုအသစ်များ ချမှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 163 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် ယူကရိန်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် မော်စကိုအပေါ် ဖိအားပေးနိုင်ရေး ရည်ရွယ်ချက် ဖြင့် အမေရိကန်က ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ကြောင်း ကြေညာလိုက်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ‘ပစ်ခတ်စွမ်းအားပြင်းလက်နက်’ များရောက်လာမည်၊ သို့သော် NATO အစည်းအဝေးတွင် တိုမာဟော့ခ် ဒုံးကျည်များ အစီအစဉ်မရှိဟု ဟက်ဂ်ဆက် (Hegseth)က ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 140 Views
CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၅ရက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) က ဥရောပနိုင်ငံများမှ အမေရိကန်လက်နက်များ ဝယ်ယူမှုများမှတစ်ဆင့် ယူကရိန်းအတွက် “ပစ်ခတ်စွမ်းအားပြင်းလက်နက်” များ ရောက်ရှိလာမည်ဖြစ်သော်လည်း ယင်းတွင် အမေရိကန်လုပ် တိုမာဟော့ခ် (Tomahawk)