နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

စစ်ပွဲစတင်ကတည်းက ဂါဇာကို ဗုံး ၆၀၀၀ ကြဲချခဲ့တယ်လို့ အစ္စရေးစစ်တပ်ပြော – ဂါဇာမှာ ကလေးငယ် ၅၀၀၊ အမျိုးသမီး ၂၇၆ ဦး အပါအဝင် ၁၅၇၃ ဦး သေဆုံး။

ဂါဇာမှာ စစ်မဲ့ဇုန်များ ထူထောင်ပြီး အကူအညီပေးရေး နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ်က တောင်းဆို။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်၊ ဂါဇာ။


အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ ဗုံး ၆၀၀၀ ကြဲချခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးက ဟားမတ်စ်ပစ်မှတ်တွေကိုသာ တိုက်ခိုက်နေတယ်လို့ ပြောနေချိန်မှာပဲ တုန်လှုပ်ချောက်ချားနေတဲ့ ဂါဇာမှာတော့ အရပ်သားအများအပြား သေဆုံးခဲ့ပါတယ်။ ဆေးရုံတွေနဲ့ ကုလသမဂ္ဂ အဆောက်အအုံတွေဟာ ထိခိုက်ခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေမှာ ပါလက်စတိုင်း မိသားစုတစ်ခုလုံး သေဆုံးခဲ့တာတွေလည်း ရှိနေပါတယ်။ မိသားစု ၂၂ စုလုံး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့သည်။ မြောက်ပိုင်း ဂျာဘာလီယာမှာ ကြာသပတေးနေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ မိသားစုဝင် ၄၄ ဦး သေဆုံးခဲ့ပြီး ခြောက်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ (၁၂) ရက်နေ့က ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးရဲ့ တိုက်ခိုက်မှုအရ ဂါဇာဒေသမှာ စုစုပေါင်း ၁၅၇၃ ဦး သေဆုံးသွားခဲ့ပြီး အဲ့ဒီထဲမှာ ကလေးငယ် ၅၀၀ ပါဝင်ပြီး ၂၇၆ ဦးက အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဟားမတ်စ်အဖွဲ့က ဂါဇာမြေပြင်အတွင်းကို ကျူးကျော်ဝင်ရောက်မှု မပြုလုပ်ရန် အစ္စရေးကို သတိပေး

ဟားမတ်စ်အဖွဲ့က ဂါဇာမြေပြင်အတွင်းကို ကျူးကျော်ဝင်ရောက်မှု မပြုလုပ်ရန် သတိပေးထားပြီး အစ္စရေးစစ်တပ်အတွက် ဘေးအန္တရာယ် ဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ကျူးကျော် ဝင်ရောက်လာပါက အစ္စရေးစစ်တပ်အတွက် ကပ်ဘေး ဖြစ်နိုင်တယ်လို့ ဟားမတ်စ်အဆင့်မြင့်အရာရှိတစ်ဦးက ကြာသပတေးနေ့မှာ သတိပေးခဲ့ပါတယ်။
“ရန်သူလုပ်ဆောင်မှုတိုင်းအတွက် ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်” လို့ ဟားမတ်စ် နိုင်ငံရေးဗျူရို လက်ထောက်အကြီးအကဲ ဆာလက်အယ်အာအူရီ (Saleh Al-Arouri) က ပြောကြားခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေး အရာရှိတွေက မြေပြင်ကနေ ဝင်ရောက်တတိုက်ခိုက်ဖို့ အမိန့်မပေးသေးပေမဲ့ ဖြစ်နိုင်ခြေအတွက် စီစဉ်နေပါတယ်။ ကြိုတင်ပြင်ဆင်မှုမှာ အရန်တပ်သား ၃၀၀,၀၀၀ ကျော်ကို အစ္စရေးတပ်မတော်က ခေါ်ယူထားပါတယ်။


ဂါဇာမှာ စစ်မဲ့ဇုန်များ ထူထောင်ပြီး အကူအညီပေးရေး နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ်က တောင်းဆို။

နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ် ဂျန်အီဂယ်လန် (Jan Egeland) က ပြီးခဲ့တဲ့ သီတင်းပတ်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးရဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေအကြားမှာ ဂါဇာတွင် စစ်မဲ့ဇုန်များ ထူထောင်ရန် တောင်းဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတွင် ပိတ်မိနေတဲ့ အရပ်သားများအတွက် အရေးပေါ် အသက်ကယ် ထောက်ပံ့မှု လိုအပ်ကြောင်း ယခင်က တွစ်တာဟု လူသိများတဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။
“ထိန်းချုပ်ထားတာတွေကို ဖွင့်ပေးရမယ်၊ ဂါဇာကမ်းမြောင် ဒေသအတွင်း သတ်မှတ်ထားတဲ့၊ လုံခြုံပြီး စစ်မဲ့ဇုန်များအားလုံးကို ပါဝင်ပတ်သက်သူအားလုံးက လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။” နော်ဝေဒုက္ခသည်ကောင်စီ အတွင်းရေးမှူးချုပ် ဂျန်အီဂယ်လန်က နှစ်ဖက်စလုံးမှ ဖမ်းဆီးထားသည့် အရပ်သားအားလုံးကို လွှတ်ပေးရန်နဲ့ “ ကလေးငယ်များ၊ မွေးကင်းစကလေးမိခင်များ၊ ဒဏ်ရာရရှိသူတွေနဲ့ ဖျားနာနေသူတွေကို ချက်ခြင်းပြန်လွှတ်ပေးရန်” ကိုလည်း တောင်းဆိုခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကူညီဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားပါတယ်။


ဓာတ်ပုံအညွှန်း။


၁။ ဂါဇာကမ်းမြောင်းရှိ Al-Shati ဒုက္ခသည်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရရှိထားသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦး/ Ali Jadallah/Anadolu Agency/Getty Images
၂။ နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ် ဂျန်အီဂယ်လန် (Jan Egeland)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 54 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စီးပွားရေးကျပ်တည်းမှုကြောင့် စတင်ခဲ့သော ဆန္ဒပြပွဲများသည် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပိုမိုပြင်းထန်လာပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအဖြစ်သို့ ကူးပြောင်းလာနေသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 66 Views
ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆ခုနှစ် အောက်ပါတို့မှာ လက်ရှိအချိန် (ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆) အထိ ဖြစ်ပေါ်နေသော နောက်ဆုံးအခြေအနေများဖြစ်သည်။ ၁။ ဆန္ဒပြပွဲ၏ အဓိကအကြောင်းရင်းနှင့် ပျံ့နှံ့မှု စီးပွားရေးပြိုလဲမှု: အီရန်ငွေကြေး (Rial)
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 71 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။