နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

1027 Operations

1027 Operations စစ်ရေးသတင်း တရုတ်

လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်ဖို့ စီစဉ်နေပြီလို့ MNDAA ကြေညာချက် ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က လောက်ကိုင်မြို့အနီးက စစ်ကောင်စီစခန်းတွေကို သိမ်းယူထားနိုင်ခဲ့ပြီးနောက် လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းယူဖို့အတွက် ပြင်ဆင်နေပြီလို့ ဒီကနေ့ နိုဝင်ဘာ (၁၄) ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

အသိပေးထုတ်ပြန်ချက်မှာ အချက် (၅) ချက် ပါဝင်ပါတယ်။

ပထမအချက်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့က ချမှတ်ထားတဲ့ စစ်မြေပြင်စည်းကမ်းနဲ့ မြို့ဝင်စည်းကမ်းတွေကို လိုက်နာပြီး ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယအချက်မှာတော့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) လုပ်ငန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို ကယ်ထုတ်ပေးဖို့လို့ ဆိုထားပါတယ်။

တတိယအချက်မှာ ကျားဖြန့်အွန်လိုင်းဂိမ်းနောက်ကွယ်မှာ ပါဝင်နေတဲ့ အင်အားစုတွေကို ချေမှုန်းကြဖို့နဲ့ ကျားဖြန့်အွန်လိုင်းဂိမ်း လုပ်ဆောင်နေသူတွေကို သက်ဆိုင်ရာ အာဏာပိုင်များထံ ပြန်လည်အပ်နှင်းဖို့ဆိုပြီး ပါရှိပါတယ်။

(မှတ်ချက်။ သက်ဆိုင်ရာအာဏာပိုင်ဆိုတာ တရုတ်နိုင်ငံအာဏာပိုင် ဖြစ်တယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့အချက်နဲ့ လောက်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်နဲ့ နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင် မိသားစုဝင် (၄) ဦးကို တရုတ်အစိုးရ (ကျဲကျန်းပြည်နယ်၊ ဝန်ကျိုးမြို့ ရဲတပ်ဖွဲ့) က နိုဝင်ဘာလ (၁၂) ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ထားလို့ ဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ထားခံရတဲ့သူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး၊ မြန်မာမှတ်ပုံတင်ကိုလည်း ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။)

ထုတ်ပြန်ချက် (၄) မှာတော့ ညီနောင် (၃) ဖွဲ့ ထုတ်ပြန်တဲ့ စစ်သုံ့ပန်းမူဝါနဲ့ကို တစိုက်မတ်မတ် လိုက်နာရန် ပါရှိပြီး အပစ်မဲ့အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပါဝင်ပါတယ်။

ထုတ်ပြန်ချက် (၄) မှာတော့ ဒေသတွင်းမှာရှိတဲ့ တရားဝင်တရုတ်-မြန်မာကုမ္ပဏီတွေ၊ တရုတ်-မြန်မာ ပိုက်လိုင်းအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကို တတ်နိုင်သမျှ ကာကွယ်ကြရမယ်ဆိုပြီး MNDAA က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံအညွှန်း။

ကိုးကန့်တပ်မတော် (MNDAA) ၏ နိုဝင်ဘာလ (၁၄) ရက်ထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ်
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 38 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 93 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 90 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 73 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 822 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.02K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊