နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ အာရှ

တရုတ်သမ္မတရှီကျင့်ဖျင့် သည် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ရောက်ရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမည့် အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးညီလာခံ တက်ရောက်ရန် အင်္ဂါနေ့တွင် ဆန်ဖရန်စစ်စကိုမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။ ဆန်ဖရန်စစ္စကိုမြို့က သမိုင်းဝင် Filoli စံအိမ်တွင် အမေရိကန်သမ္မတနှင့် (၄) နာရီခန့် တွေ့ဆုံဆွေးနွေးမည်ဟု သိရှိရသည်။

တရုတ်ခေါင်းဆောင်သည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည့် စီးပွားရေးကို အားကောင်းလာစေရန်နှင့် တရုတ်နိုင်ငံအား ဖိနှိပ်ရန် အမေရိကန်၏ ကြိုးပမ်းမှုများကို ပြန်လည်တွန်းလှန်ရန်အတွက် ဆွေးနွေးသွားဖို့ အလားအလာ ရှိနေပါသည်။

ရှီသည် ခြောက်နှစ်တာ ကာလအတွင်း (၄) ရက်ကြာနေထိုင်မည့် ၎င်း၏ ပထမဆုံး အမေရိကန်ခရီးစဉ်လည်း ဖြစ်သည်။၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ပြုလုပ်သည့် နိုင်ငံတကာ စည်းဝေးပွဲ၏ ဘေးတနေရာတွင် အမေရိကန်သမတနှင့် နောက်ဆုံးတွေ့ဆုံပြီး နောက်ပိုင်း ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံနှစ်ခုမှ ခေါင်းဆောင်များသည် စကားမပြောဖြစ်ခဲ့ကြပေ။

ဤအစည်းအဝေးကို စီစဉ်ရန် ၎င်းတို့၏ အစိုးရများသည် အငြင်းပွားဖွယ်ရာ ပြဿနာများစွာကို ဖြေရှင်းရန်အတွက် လမ်းကြောင်းရှာရန် လိုအပ်သည် စွပ်စွဲခံထားရသော တရုတ်ထောက်လှမ်းရေး မီးပုံးပျံကိစ္စကို ကိုင်တွယ်ခြင်းမှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများကို ဘေဂျင်း၏ ပစ်မှတ်ထားခြင်းအထိနှင့်ပါးကိုက်လျှင် နားကိုက်သည့်အနေနှင့် နည်းပညာမြင့်ခြင်းကို ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ခြင်းအထိရှိပြီး ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ ကြီးမားသည့်အောင်မြင်မှုတွေအတွက် မျှော်လင့်ချက်များ နည်းပါးနေသည်။

ရှီသည် ၎င်း၏ တင်းကျပ်သော ကူးစက်ရောဂါ ထိန်းချုပ်မှုများကို ဖြေလျှော့ပေးပြီးနောက် ကျဆင်းနေသော တရုတ်စီးပွားရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေချိန်တွင် ရှီသည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေပြီး တရုတ်ပြည်တွင် အိမ်မြေဈေးကွက်ကျဆင်းခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည့်အပြင် လူငယ်အလုပ်လက်မဲ့နှုန်းလည်း စံချိန်တင်နေခဲ့သည်။

စီးပွားရေးမပြေလည်မှုများကြောင့် ၎င်း၏အစိုးရထိပ်ပိုင်းမှ သူကိုယ်တိုင် ရွေးချယ်ခဲ့သည့် လက်ရွေးစင်အရာရှိနှစ်ဦးကို အကြောင်းပြချက် မပြောကြားဘဲ ဖယ်ရှားခြင်းနှင့်အတူ ရှီ၏ပုံရိပ်မှာ ထိခိုက်ခဲ့ရသည်။ ရှီက ဘိုင်ဒင်ကို နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည့်အချိန်တွင် သူသည် တရုတ်နိုင်ငံကို ဦးဆောင်သည့် ခေါင်းဆောင်ကြီးအဖြစ် တတိယသက်တမ်းကိုရယူပြီး အာဏာကို စုစည်းနိုင်ခဲ့သူဆိုသည့်ပုံရိပ်ကို ညှိုးနွမ်းစေခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဘိုင်ဒင်သည်လည်း ယူကရိန်းစစ်ပွဲမှ ဂါဇာတွင် နောက်ဆုံးပဋိပက္ခအထိ နိုင်ငံတကာ စိန်ခေါ်မှုများနှင့် ပြည့်နှက်စွာရင်ဆိုင်နေရပါသည်။ အထူးသဖြင့် လာမည့်နှစ်တွင် ပြန်လည်အရွေးခံရန် ယှဉ်ပြိုင်နေသည့်အတွက် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် နောက်ထပ်ကမ္ဘာ့အရေးပြဿနာကို နောက်ဆုံးမှ သူ့အနေနှင့်မြင်လိုသည့်အခြေအနေဖြစ်သည်။

“ပြည်တွင်းရေး စိန်ခေါ်မှုတွေနဲ့ နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ သူတို့နှစ်ဦးအတွက် အခုအချိန်မှာ တယောက်နဲ့တယောက် လိုက်လျောပြေလည်နိုင်ဖို့ ကြိုးစားတာက သူတို့ရဲ့ ဆက်ဆံရေး တည်ငြိမ်ဖို့ မက်လုံးကပိုဆွဲဆောင်နိုင်မှာဖြစ်တယ်” ဟု ဝါရှင်တန်ရှိ Stimson Center ၏ Think Tank အဖွဲ့ မှတရုတ် အစီအစဉ် ဒါရိုက်တာ ယွန်ဆန်း (Yun Sun) မှ ပြောကြားခဲ့သည်။

ရှီ၏အစီအစဉ်

ပြည်တွင်းတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း သီးခြားကာရံထားသော တရုတ်ခေါင်းဆောင်သည် သူ့ကိုယ်သူ ဘိုင်ဒင်နှင့် နှိုင်းယှဉ်လျှင် ပိုမိုအားကောင်းသည့် အနေအထားတွင် ရှိနေသည်ဟု မြင်နိုင်သည်။ ဘေဂျင်းသည် အမေရိကန်ကို နိုင်ငံတွင်းနက်နဲသော နိုင်ငံရေးအရ မညီညွတ်ကြဘဲ ကွဲပြားမှု ကပ်ဆိုက်နေခြင်းနှင့် ကမ္ဘာတဝှမ်းသြဇာ ကျဆင်းနေမှုကို မြင်သည်။

“ရှီက အမေရိကန်က တရုတ်နဲ့ ဆက်ဆံရေးကို မြှင့်တင်ချင်တယ်လို့ထင်တဲ့အတွက် ရှီက တုံ့ပြန်ခဲ့ပါတယ်။ ရှီက အမေရိကန်အစိုးရကို ဖိအားပေးပြီးတဲ့နောက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေကို သူ့ဆီကို စေလွှတ်လိုက်တယ်” ဟု Denver တက္ကသိုလ်ရှိ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန ဒါရိုက်တာ Suisheng Zhao က မကြာသေးမီလများအတွင်း အမေရိကန်အရာရှိများ ဘေဂျင်းသို့ လာရောက်လည်ပတ်မှုများကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

တရုတ်၏သဘောထားတွင် အမေရိကန်သည်တရုတ်အပေါ်ထားရှိသည်အနေအထားကို “သူ့အနေနှင့်ပြင်ဆင်သင့်သည်” ဟု ဘေဂျင်းက ယုံကြည်သည်။ ၎င်း၏အမြင်တွင် “ မင်း ငါတို့ဆီလာပြီး ငါတို့နဲ့ စကားပြောနေတယ်ဆိုရင် ငါတို့ရဲ့ ဦးတည်ရာအတိုင်းလိုက်ပြီးသွားသင့်တယ်” ဟု သူကဆိုသည်။

ရှီ၏စာရင်းတွင်ရှိသည့် ထိပ်ဆုံးပြဿနာတစ်ခုမှာ တရုတ်၏ ကုန်ထုတ်လုပ်မှုအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် ထောက်ပံ့ရေးကွင်းဆက်များကို အခြားတွင်ပြောင်းရွေ့ရန် အမေရိကန်၏တွန်းအားပေးမှုနှင့် အဆင့်မြင့်သော အမေရိကန်နည်းပညာ အမျိုးအစားများသို့ တရုတ်နိုင်ငံ၏ဝင်ရောက်ခွင့်ကို ကန့်သတ်ရန်လုပ်ခြင်းသည် တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာ စက်မှုလုပ်ငန်းများနှင့် တရုတ်နိုင်ငံ၏ စစ်တပ်ကို ခေတ်မီရန်လုပ်ဆောင်မှုများကို တားဆီးသည့် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများဖြစ်သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
မြန်မာသတင်း အရှေ့တောင်အာရှ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံအဖွဲ့ထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှုမရ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 28 Views
မေလ (၁၃)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ သံရုံးတွေကို တိုက်တွန်းတဲ့ စာတစောင် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 29 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 68 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 100 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 98 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့