နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၉ ဦး သေဆုံး

အစ္စရေးက ဂါဇာကမ်းမြောင်ကို လေကြောင်းက ဗုံကြဲမှုတွေဆက်တိုက်ပြုလုပ်နေပေမယ့် ဟားမက်စ်စစ်သွေးကြွတွေဟာ မြေပြင်က အစ္စရေးတပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်မှုတွေပြုလုပ်နေပြီး အဲဒီလိုတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာပဲ အစ္စရေးစစ်သား 9 ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

အစ္စရေးစစ်တပ်က သူတို့အနေနဲ့ ဂါဇာမြောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ စစ်သွးကြွတွေကို သုတ်သင်နိုင်ခဲ့သလို ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပြီးနောက် လူနေထူထပ်တဲ့ ရပ်ကွက်တစ်ခုမှာ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရတာကြောင့် တပ်ဖွဲ့ဝင် 9 ဦးထက်မနည်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ခြုံခိုတိုက်ခိုက်မှုဟာ ရှီဂျိုင်ယာရပ်ကွက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ အစ္စရေးစစ်သားတွေဟာ နယ်မြေရှင်းလင်းမှုပြုလုပ်ရင်း စစ်သား 4 ဦးနဲ့ အဆက်အသွယ်ပျက်တောက်သွာတာကြောင့် ရှာဖွေနေကြချိန်မှာ ဟားမက်စ်တွေက ခြုံခိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဟားမက်စ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အစ္စရေးစစ်သား 9 ဦးထဲမှာ အသက် 44 နှစ်အရွယ် အကြီးတန်းအရာရှိဗိုလ်မှူးကြီး အီဇက်ဘင်ဘာဆက်နဲ့ ဒုဗိုလ်မှူးကြီး တွမ်မာဂရင်းဘတ်တို့လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရပြီးနောက်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက နိုင်ငံတကာဖိအားတွေနဲ့ ထိခိုက်နစ်နာမှုတွေရှိပေမယ့် စစ်ပွဲကို လုံး၀ရပ်တန့်မှာ မဟုတ်ဘဲ အဆုံးထိ ဆက်တိုက်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အစ္စရေးစစ်သားတွေ အခုလိုတိုက်ခိုက်ခံရတာဟာ ဂါဇာထဲမှာ ဟားမက်စ်တွေ အင်အားတောင့်တင်းနေဆဲဆိုတာကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။ ဟားမက်စ်တွေဟာ ဂါဇာဒေသမှာ မြေအောက်လိုဏ်ဂူတွေတူးပြီး အဲဒီထဲကနေ ထွက်လာလိုက် ပုန်းခိုလိုက်နဲ့ ခြုံခိုတိုက်ခိုက်နေကြတာပါ။ ဒါကြောင့် အစ္စရေးစစ်တပ်က မြေအောက်လိုဏ်ဂူတွေကို အသည်းအသန်ရှာဖွေကာ ပုန်းအောင်းနေကြတဲ့ ဟားမက်စ်တွေကို တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အခုနောက်ဆုံးကြားသိရတဲ့ သတင်းတွေအရတော့ အစ္စရေးတွေဟာ ဟားမက်စ်တွေ ပုန်းအောင်နေတဲ့ မြေအောက် လိုဏ်ခေါင်းတွေထဲကို ပင်လယ်ရေ မောင်းထည့်ပြီး ပုန်းအောင်းလို့မရနိုင်အောင် ပြုလုပ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော
Virus နိုင်ငံတကာသတင်း

ကိန်းဂဏန်းများက ဖော်ပြနေသည့် ဟန်တာဗိုင်းရပ်စ်(Hantavirus) အခြေအနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 16 Views
CNN – ၂၀၂၆၊ မေလ ၉ ရက် MV Hondius သင်္ဘောသည် တီနီရိုက်ဖ် (Tenerife) ကျွန်းသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

-ယခုနှစ် မော်စကိုမြို့၏ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့သည်။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 18 Views
စတိဗ် ရိုဆင်ဘာ့ဂ်ရေးသားသည် BBC- ၂၀၂၆ခုနှစ်၊မေလ (၁၀)ရက် ကျွန်တော် ရင်ပြင်နီ (Red Square) ပေါ်က အောင်ပွဲနေ့စစ်ရေးပြပွဲ အတော်များများကို တက်ရောက်ဖူးပါသည်။ သို့သော် ယခုနှစ်၏ အခမ်းအနားမှာမူ ယခင်နှစ်များနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားရသည်။ ယခင်နှစ်များကဆိုလျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 35 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နယ်မြေသိမ်းပိုက်မှု အရှိန်အဟုန်ကို ယူကရိန်း ပြောင်းပြန်လှန်နိုင်ခဲ့ဖွယ်ရှိကြောင်း သုတေသနအဖွဲ့ ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 46 Views
Aljazeera – ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက် ဧပြီလအတွင်း ရုရှားစစ်သည် ၃၅,၀၀၀ ကျော် သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်ဟု ယူကရိန်းက အခိုင်အမာ ပြောကြားနေချိန်တွင် မော်စကို၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 41 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-