နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးစစ်တပ်က မှားယွင်းပစ်ခတ်မှုကြောင့် ဓါးစာခံ (၃) ဦး သေဆုံး

ဂါဇာမြောက်ပိုင်းမှာ နယ်မြေရှင်းလင်းမှုပြုလုပ်နေတုန်း ဓားစာခံ သုံးဦးကို မှားယွင်းပစ်ခတ်မိခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက “ဂါဇာမြောက်ပိုင်းက ရှီဟိုင်ယားရပ်ကွက်မှာ IDF က မှားယွင်းပစ်ခတ်လိုက်လို့ အစ္စရေးဓားစာခံ သုံးဦး သေဆုံးသွားခဲ့ရပါတယ်”လို့ ပြောသွားခဲ့တာပါ။

ဂါဇာမြောက်ပိုင်းက ရှီဟိုင်းယားရပ်ကွက်ဟာ ပြီးခဲ့တဗုဒ္ဓဟူးနေ့က ဟားမက်စ်တွေ ခြုံခိုတိုက်ခိုက်ခဲ့လို့ အစ္စရေးစစ်သား ကိုးဦး သေဆုံးခဲ့ရတဲ့နေရာဖြစ်ပြီး အဲဒီရပ်ကွက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်မှာ အစ္စရေးဓားစာခံ ၃ ဦးကို မတော်တဆမှားယွင်းပစ်ခတ်မိခဲ့တာဖြစ်ပါတယ်။ အခုတော့ သေဆုံးသွားတဲ့ ဓါးစာခံ ၃ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဂါဇာကနေ ပြန်သယ်လာခဲ့ပြီလို့လည်း ဗိုလ်ချုပ်ကြီး ဟာဂရီက ပြောပါတယ်။

သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၃ ဦးဟာ ကစ်ဘတ်ကဖာအဇာကနေ ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့ ယိုတမ်ဟိုင်း၊ ကစ်ဘတ်နာအမ်ကနေ ဖမ်းဆီးခံလိုက်ရတဲ့ ဆမ်မာတာလယ်ကာတို့ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိသားစုရဲ့ ဆန္ဒအရ အမည်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။ အဲဒီ ဓားစာခံ ၃ ဦးဟာ ဟားမက်စ်တွေလက်ထဲက ထွက်ပြေးလွတ်မြောက်တာ၊ ဒါမှမဟုတ် ဟားမက်စ်တွေ လွှတ်ပေးလိုက်တာဖြစ်နိုင်တယ်လို့ IDF တာဝန်ရှိသူတွေက သုံးသပ်နေကြပါတယ်။

ဓားစာခံတွေဟာ အစ္စရေးစစ်သားတွေနဲ့ရင်ဆိုင်တွေ့ဆုံချိန်မှာ လက်မြှောက်တာ ဒါမှမဟုတ် ဟီးဘရူးဘာသာနဲ့ အော်ဟစ်ပြောဆိုတာမျိုး လုပ်ခဲ့လားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တဲ့အပေါ်မှာတော့ ဗိုလ်ချုပ်ကြီး ဟာဂရီက ချက်ချင်းမဖြေနိုင်ဘဲ ခဏကြာမှ အဲဒီ ရှီဟိုင်းယားရပ်ကွက်ဟာ ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲဇုန်ဖြစ်လို့ မှားယွင်းပစ်ခတ်ခဲ့တာလို့သာ ဖြေဆိုခဲ့ပြီး အခုဖြစ်စဉ်ကနေ သင်ခန်းစာယူသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“IDF အနေနဲ့ အခုလို ဝမ်းနည်းစရာဖြစ်ရပ်အတွက် ကြေကွဲရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို ကယ်တင်ပြီး သူတို့ရဲ့ အိမ်အရောက်ပြန်ပို့နိုင်ဖို့က ကျတော်တို့ရဲ့ တာဝန်သာဖြစ်ပါတယ်”လို့ ဟာဂရီက ပြောသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ