နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

တရုတ်

တရုတ် အမေရိကန်

ရှီကျင့်ဖျင်နဲ့ အဂျိုးဘိုင်ဒန်တို့ သဘောတူညီခဲ့တဲ့ အချက် (၅) ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။

အမေရိကန်နိုင်ငံကို တရုတ်သမ္မတ ရှီကျင့်ဖျင် အလည်ပတ်ရောက်ရှိလာပြီးတဲ့နောက် အမေရိကန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တင်းမာနေတဲ့ အမေရိကန် – တရုတ်ဆက်ဆံရေးကို ပြေလျော့ကျစေမယ့် ခရီးစဉ်လို့ အားလုံးက သိထားကြပြီး အဲဒီခရီးစဉ်မှာ အမေရိကန်နဲ့တရုတ် စစ်ဘက်ဆိုင်ရာဆက်ဆံရေးအပြင် အခြားသဘောတူညီချက်များစွာလည်း ရရှိခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်တွေက ဘာတွေများဖြစ်မလဲ? ရှီရဲ့ အမေရိကန်ခရီးစဉ်မှာ ဂျိုးဘိုင်ဒန်နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ အချက် (၅) ချက်ကို တင်ပြပေးပါမယ်။

ပထမဆုံးအချက်ကတော့ ရာသီဥတုဆိုင်ရာ ဘုံသဘောတူညီချက် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံဟာ ကာဘွန်ထုတ်လွှတ်မှုအများဆုံး နိုင်ငံတွေဖြစ်ပြီး အနာဂတ်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု အစီအမံတွေကို ပူးပေါင်းလုပ်ဆောင်သွားကြဖို့ သဘောတူညီမှုရယူနိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့ဖြစ်တဲ့ မီသိန်းဓါတ်ငွေ့ထုတ်လွှတ်မှုကို လျော့ကျစေဖို့နဲ့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲမှုကို တကမ္ဘာလုံးအတိုင်းအတာနဲ့ သုံးဆ မြင့်တက်လာဖို့ကိုလည်း ကတိကဝတ်တွေပြုခဲ့ကြပါတယ်။

ဒုတိယသဘောတူညီမှုအနေနဲ့ကတော့ ဖန်တနိုင်းဓါတုမူးယစ်ဆေးရောင်းဝယ်မှုကို ကာကွယ်တားဆီးဖို့ ဖြစ်ပါတယ်။ ဖန်တနိုင်းမူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံကတော့ အမေရိကန်ကို တင်သွင်းနေတဲ့ ဓာတုဗေဒကုမ္ပဏီတွေကို ဖြိုခွင်းသွားမယ်လို့ ဆိုပါတယ်။ ဖန်တနိုင်းဟာ ခုနောက်ပိုင်းခေတ်စားလာတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ဖန်တနိုင်းအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူ (၇) သောင်းခွဲအထိ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက ဓါတုဗေဒထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ဖန်တနိုင်းထုတ်လုပ်ရုံတင်မက စပ်ဆက်ပစ္စည်းတွေကို ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံကြားက သံတမန်ရေးရာနဲ့ နိုင်ငံရေးအရ သဘောတူညီချက်တစ်ခုသာဖြစ်ပြီး ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေသေးတယ်လို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဗန်ဒါ ဖဲလ်ဘတ်ဘရောင်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ ဖန်တနိုင်းကို တရုတ်နိုင်ငံကနေ အမေရိကန်ကို တိုက်ရိုက်တင်ပို့မှု ပိတ်ပင်ထားပေမယ့် မက္ကဆီကို နယ်စပ်ကတဆင့် အမေရိကန်နိုင်ငံထဲကို ဝင်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

တင်းမာမှုတွေရှိခဲ့တဲ့ ကာလအလွန်မှာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးပြန်လည်စတင်ဖို့ သဘောတူညီခဲ့တဲ့ကိစ္စဟာ ရှီကျင့်ဖျင်ရဲ့ အမေရိကန်ခရီးစဉ်မှာ အရေးအပါဆုံးဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်က ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပယ်လိုဆီ သွားရောက်လည်ပတ်ပြီးနောက်မှာ တင်းမာမှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ အမေရိကန်နိုင်ငံပေါ်က ဖြတ်သန်းသွားတဲ့ တရုတ်မီးပုံးပျံကို သူလျှိုလို့ စွပ်စွဲပြီး အမေရိကန် အတ္တလန္တိတ်သမုဒ္ဓရာထဲ ပစ်ချလိုက်တာကလည်း ဆက်ဆံရေးပိုမိုဆိုးရွားသွားစေခဲ့တဲ့ အချက်ဖြစ်ပါတယ်။

စစ်အေးကာလအတွင်း အမေရိကန်နဲ့ ဆိုဗီယက်နိုင်ငံကြားမှာ နူကလီးယားပိုင်ဆိုင်ထားတဲ့ အင်အားကြီးနိုင်ငံတွေအနေနဲ့ စစ်ပွဲဖြစ်စေနိုင်တဲ့ ရည်ရွယ်ချက်တွေ လွဲမှာစွာ အဓိပ္ပါယ်မဖော်ဆောင်စေဖို့ စစ်ဘက်ဆိုင်ရာဆက်ဆံရေးကို အမြဲတည်ဆောက်ထားရပါတယ်။ အခုလည်း တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးမှာ အဲဒီလို ဆက်ဆံရေးမျိုး လိုအပ်ပါတယ်လို့ အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီးဟောင်း မစ်ခ်မူရွိုင်းက သုံးသပ်ပါတယ်။

စတုတ္ထသဘောတူညီချက်ကတော့ ဆက်သွယ်ဆွေးနွေးမှုတွေ အဆက်မပြတ်ရှိနေဖို့ဖြစ်ပါတယ်။ စူပါ ပါဝါ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းဟာ အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်ပါတယ်။ အဲဒီဆက်ဆံရေးဟာ အဆက်မပြတ်ရှိနေမယ်ဆိုရင် အောင်မြင်မှုတစ်ခုလို့ ယူဆနိုင်ပါတယ်။ ရှီနဲ့တွေ့ဆုံချိန်မှာ ဂျိုးဘိုင်ဒန်က “ ခင်ဗျားနဲ့ ကျတော့်ကြားမှာ ရှင်းလင်းတဲ့ နာလည်မှုရှိရင် ခေါင်းဆောင်ချင်း အထင်အမြင်လွဲမှားစရာမရှိနိုင်ဘူး။ အခုလို စကားပြောဆိုနိုင်မှုကို ကျုပ် တန်ဖိုးထားပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်ကို ယခုနှစ်ထဲမှာပဲ အာဏာရှင်လို့ နှစ်ကြိမ်တိုင်တိုင် သုံးနှုန်းခေါ်ဆိုခဲ့ပြီး အဲဒီလို မှတ်ချက်ပေးမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့ဖူးပါတယ်။

တရုတ်-အမေရိကန်ဆက်ဆံရေး ကောင်းမွန်စေဖို့ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ချစ်ကြည်ရေးသံတမန်အဖြစ် ပန်ဒါတွေ ပို့ဆောင်ပေးဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပန်ဒါလေးတွေကို နိုင်ငံတော်ရတနာအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းကလည်း ပန်ဒါသံတမန်ကြောင့် တရုတ်နဲ့ အမေရိကန် နိုင်ငံကြာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ဖူးပါတယ်။ “ပန်ဒါဟာ အမေရိကန်နဲ့ တရုတ်ပြည်သူတွေကြားက ချစ်ကြည်ရေးသံတမန်ပါ”လို့ တရုတ်သမ္မတရှီက ဗုဒ္ဓဟူးနေ့ညက ပြုလုပ်တဲ့ ညစာစားပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်ဒီစီအမျိုးသားတရိစ္ဆာန်ရုံမှာ 23 နှစ်ကြာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပန်ဒါ 3 ကောင်ဟာ ယခုလအတွင်းမှာပဲ တရုတ်နိုင်ငံကို ပြန်သွားကြတော့မှာဖြစ်ပြီး နောက်ထပ်ရောက်လာမယ့် ပန်ဒါတွေကတော့ ဆန်ဒီယေဂိုတရိစ္ဆာန်ရုံကို ပို့ဆောင်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်