နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ အာရှ

ဂျပန်ပင်လယ်ထွက်ကုန်များ တင်သွင်းမှုအားလုံးကို တရုတ်နိုင်ငံ ရပ်ဆိုင်း။

ဒီကနေ့ သြဂုတ်လ (၂၄) ရက်နေ့ နေ့လည်က စတင်ပြီး တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီရဲ့ ဖူးကူးရှီးမား အနုမြူဓာတ်ပေါင်းဖိုက ထွက်ရှိလာတဲ့ ရေဒီယိုသတ္တိကြွဓာတ်များကို သန့်စင်ထားတယ်လို့ ပြောဆိုထားတဲ့ ရေတွေကို ပင်လယ်ထဲကို စတင်စွန့်ပစ်ထုတ်လွှတ်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဂျပန်နိုင်ငံ ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းမှာ ဖြစ်ကြောင်း တရုတ်အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးက ဒီကနေ့ သြဂုတ်လ (၂၄) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ရေဆိုးတွေ စတင်စွန့်ပစ်တဲ့အပေါ် ရှီကျင့်ဖျင်အစိုးရဟာ ဂျပန်ကို ပြင်းပြင်းထန်ထန် ဖိအားပေးလာပါတယ်။ ဂျပန်-တရုတ် ဆက်ဆံရေးက ပိုမိုအေးစက်လာဖို့ကတော့ မလွဲမသွေ ဖြစ်လာမှာပါ။

အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး မှ တင်သွင်းမှု ရပ်ဆိုင်းခြင်းဟာ ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု အန္တရာယ်များမှ ကာကွယ်ဖို့အတွက် ဘေးကင်းတဲ့ အစားအသောက်တွေကို တင်သွင်းဖို့ အတွက်လို့ အခိုင်အမာ ဆိုပါတယ်။ တရုတ်စားသုံးသူတွေရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးပြီး တင်သွင်းလာတဲ့ အစားအစာတွေရဲ့ ဘေးကင်းမှုကို သေချာစေမှာပါ” လို့ ထပ်မံ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း “ပင်လယ်ထဲကို စတင်စွန့်ပစ်တာနဲ့ ပတ်သက်ပြီး “ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ကို ကန့်ကွက်ထားကြောင်း ပြောကြားခဲ့ပြီး တန်ပြန်အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။

ကြေညာချက်ထဲမှာ “နျူကလီးယားညစ်ညမ်းရေ” လို့ ခေါ်ဆိုပြီး “ဒီလို စွန့်ပစ်တာဟာ နယ်စပ်ဖြတ်ကျော်သက်ရောက်မှုရှိတဲ့ ပြင်းထန်တဲ့ နျူကလီးယား လုံခြုံရေး ပြဿနာဖြစ်ပြီး ဂျပန်တနိုင်ငံတည်းရဲ့ ပြဿနာ မဟုတ်ပါဘူး” ဟု ဝေဖန်ခဲ့ပါတယ်။

“ ဂျပန်ဟာ သူ့နိုင်ငံရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကြောင့် ဒေသတွင်းနေထိုင်သူများနဲ့ ကမ္ဘာတစ်ဝှမ်းရှိ လူများကို ထပ်မံပျက်စီးမှု မဖြစ်စေသင့်ပါဘူး” လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကို “ နိုင်ငံတကာ တရားခံရဲ့နေရာမှာ ဂျပန်နိုင်ငံကိုယ်တိုင်က ထားရှိထားတာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကာလကြာရှည်စွာ ဝေဖန်တာကို ခံရမယ်” လို့လည်း တဖက်သတ် ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က “သန့်စင်ထားတဲ့ရေကို ထုတ်လွှတ်မယ့် အစီအစဉ်ဟာ နိုင်ငံတကာ ဘေးအန္တရာယ် ကင်းရေးစံနှုန်းများနဲ့ ကိုက်ညီကြောင်း” ထုတ်ပြန်ထားတဲ့ နိဂုံးချုပ်အစီရင်ခံစာပေါ်မှာတော့ ထည့်သွင်းပြောကြားတာ မရှိခဲ့ပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဖိလစ်ပိုင် အရှေ့တောင်အာရှ

ဖိလစ်ပိုင်တွင် ပြင်းအားပြင်းငလျင်လှုပ်ခတ်၊ အာရှတစ်လွှား ဆူနာမီသတိပေးချက်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 30 Views
Aljazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် ဖိလစ်ပိုင်- မင်ဒါနာအိုကျွန်းအလွန်တွင် ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ဆူနာမီလှိုင်းများ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 104 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
မြန်မာသတင်း အရှေ့တောင်အာရှ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံအဖွဲ့ထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှုမရ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 63 Views
မေလ (၁၃)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ သံရုံးတွေကို တိုက်တွန်းတဲ့ စာတစောင် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်တွန်းစာဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 65 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 172 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 175 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏