နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်တင်အမေရိက

အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို

အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို +++++++++++++++++++++ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုအပြီး လမ်းမတွေပေါ်က ထောက်ခံမှုတွေဟာ အစိုးရအတွက် အင်အားတစ်ရပ်ဖြစ်လာခဲ့တယ်လို့ ဘိုလီးဗီးယား သမ္မတ လူးဝစ်အာခီက ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး သူ့တာဝန်ကို နောက်ဆုံးနေ့အထိ ထမ်းဆောင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့ ဘိုလီဗီးယားစစ်တပ်ဟာ လာပက်ဇ်မြို့ဗဟိုရင်ပြင်မှာနေရာယူပြီး သမ္မတနန်းတော်ထဲကို သံချပ်ကာကားတွေနဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ရာကနေ ဘိုလီးဗီးယားသမ္မတ လူးဝစ်အာခီဟာ တကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်းခံလာရသူဖြစ်ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်သူ စစ်ဗိုလ်ချုပ်ကြီး ဟွမ်ဟိုဆေးဇူနီဂါဟာ တည်ဆဲအစိုးရကိုဖြုတ်ချဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းဖို့ ကြိုးစားနေချိန်မှာပဲ သမ္မတ လူးဝစ်အာခီက လူဦးရေ 12 သန်းသာရှိတဲ့ ဘိုလီးဗီးယားနိုင်ငံဟာ အာဏာသိမ်းမှုနဲ့ရင်ဆိုင်နေရကြောင်း တိုင်းပြည်ကို ချက်ချင်းကြေညာခဲ့ပြီး ထောက်ခံသူတွေအနေနဲ့ စည်းလုံးမှုရှိကြဖို့ သတိပေးတိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်မှာ သမ္မတ လူဝစ်အာခီဟာ အာဏာသိမ်းဖို့ ကြံစည်သူ ဟွမ်ဟိုဆေးဇူနီဂါကို မျက်နာချင်းဆိုင်အနေအထားနဲ့ လက်နက်ချဖို့ ပြောဆိုခဲ့ပြီး နောက်တစ်နာရီအကြာမှာ စစ်တပ်ဟာ ပြန်လည်ဆုတ်ခွါသွားခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှုမအောင်မြင်ခဲ့တဲ့နောက်မှာ ဇူနီဂါနဲ့ အခြားစစ်တပ်အရာရှိ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ ဘိုလီဗီးယားနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ ကြံစည်မှုဟာ ဆယ်စုနှစ် နှစ်ခုအတွင်း အကြိမ်ပေါင်းမြောက်များစွား အခုဖြစ်စဉ်ကတော့ သမိုင်းတလျှောက်အထင်ရှားဆုံးဖြစ်လာခဲ့ပါတယ်။ “ လမ်းမတွေပေါ်က ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေက ကျတော်တို့ ကိုယ့်အလုပ်ကို ဆက်လုပ်ဖို့ ခွန်အားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် ကျတော်တို့ရဲ့ စိတ်တွေ ဘာမှပြောင်းလဲမသွားပါဘူး။ တာဝန်ကို နောက်ဆုံးနေ့အထိ ထမ်းဆောင်သွားမှာဖြစ်ပါတယ်” လို့ သမ္မတလူးဝစ်အာခီက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။ အသက် 60 အရွယ် အာခီဟာ ဓါတ်ငွေ့ထုတ်လုပ်တဲ့ ဘိုလီးဗီးယား စီးပွါးရေးကဏ္ဍမှာ ဘဏ္ဍာရေးအခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒေါ်လာရှားပါးမှုပြဿနာ၊ လောင်စာဆီပြဿနာတွေကြောင့် ဘိုလီဗီးယားပြည်သူတွေကြားမှာ မကျေနပ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ ဒေါ်လာငွေရှားပါးမှုပြဿနာကို အာခီရဲ့ အုပ်ချုပ်ရေးအစိုးရအဖွဲ့က ဘယ်သူ့ကိုမှ အသိမပေးဘဲ ပြဿနာတွေကို ဖြေရှင်နိုင်မယ့် အစီအမံတွေလုပ်ဆောင်နေခဲ့ရတယ်လို့လည်း ပြောပါတယ်။ တိုင်းပြည်ရဲ့ စီးပွါးရေးအကျပ်အတည်းကို ဖိအားတွေတိုးစေတဲ့ ပြည်တွင်းနဲ့ ပြည်ပရင်းနှီးမြုပ်နှံသူတွေကိုလည်း သမ္မတ အာခီက အပြစ်တင်ခဲ့ပါတယ်။ ———————————— ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’s Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 16 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 15 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 15 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်ပြီးနောက် ယူကရိန်းတွင် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 14 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် တစ်ညတာလုံး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း အရာရှိများက ပြောကြားခဲ့ပြီး၊ ရုရှားက စွမ်းအင်နှင့် စက်မှုလုပ်ငန်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ဆုတ်ခွာပြီးနောက် ဒွန်ဘတ်စ်ဒေသ အချို့နေရာများတွင် “လွတ်လပ်သော စီးပွားရေးဇုန်” ဖန်တီးရန် အမေရိကန်က အဆိုပြု ဇီလန်စကီး ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 31 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက ကြာသပတေးနေ့တွင် ပြောကြားသည်မှာ၊ ယူကရိန်း သည် ရုရှား နှင့် ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအရ ဆုတ်ခွာပေးရမည့် အရှေ့ဘက် ဒွန်ဘတ်စ်ဒေသ၏
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

“အနုတင်” က အန်ဝါက ယနေ့ည ၁၀ နာရီတွင် တိုက်ပွဲရပ်ရန် တောင်းဆိုပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိကြောင်း အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 26 Views
နေးရှင်းသတင်းစာ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ဝန်ကြီးချုပ်က မည်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မဆို အခြားနိုင်ငံ ခေါင်းဆောင် ၏ ဖိအားပေးမှုမှ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ တိုက်ရိုက် လာရမည်ဖြစ်ကြောင်း အလေးအနက်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းလေတပ် F-16 ဂျက်လေယာဉ်များက ကမ္ဘောဒီးယားစစ်တပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် “ချိုင်ချမ်နီယာ” တံတားနှင့် ကာစီနိုအား ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 26 Views
နေးရှင်းသတင်းစာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ထိုင်းနိုင်ငံမှ F-16 ဂျက်လေယာဉ်များက ထိုင်းနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ရန် အသုံးပြုသည့် လမ်းကြောင်းများနှင့် ကွပ်ကဲမှုဗဟိုဌာနများကို ထိမှန်စေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ ပူရဆတ် (Pursat) ရှိ “
ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 12 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက် ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က