နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပင်ဆယ်ဗေးနီးယားလူထုစုဝေးပွဲ၌ ဒုသမတဟဲရစ်အား ‘စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်း’ ပြုလုပ်ရန် ထရန့်က တောင်းဆိုလိုက်သည်။

စက်တင်ဘာလ (၂၉) ရက်/ABC သတင်းဌာန။

တနင်္ဂနွေနေ့တွင် ၎င်း၏ လူထုစုဝေးပွဲအတွင်း ဟဲရစ်အပေါ် ထရန့်၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ ပြင်းထန်ခဲ့သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၄၀ သာ ကျန်တော့ပြီး သမ္မတဟောင်း ‌ဒေါ်နယ်ထရန့် သည် ကာမလာဟဲရစ် ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ဆက်လက်အရှိန်မြှင့်ကာ ဒုသမ္မတအား စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်းခံရရန် တောင်းဆိုထားသည်။

တနင်္ဂနွေနေ့က ပင်ဆယ်ဗေးနီးယားပြည်နယ်အီရီ (Erie) မြို့ တွင် ပြုလုပ်သည့် ၎င်း၏ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွင် ထရမ့်က ဟဲရစ်အား သမ္မတအဖြစ် အရွေးခံရန် အရည်အချင်း မပြည့်မီဘဲ၊ ရာထူးမှ နုတ်ထွက်ပြီး အမြင့်ဆုံးအဆင့်တွင် စုံစမ်းစစ်ဆေး ခံရသင့်ကြောင်း ပြောကြားခဲ့သည်။

“ သူမဟာ အရည်အချင်း ပြည့်မီမှုမရှိ။ သူမအနေနဲ့ ဒုသမ္မတရာထူးက နုတ်ထွက်ပြီး ကယ်လီဖိုးနီးယားမှာရှိတဲ့အိမ်ကို ပြန်သင့်တယ်” ဟု အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် “ တရားမဝင် ဝင်ရောက်နေသူများနှင့်ပတ်သက်ပြီး” ဟော‌ပြောနေစဥ် ထရန့်မှ အားပေးနေသော လူအုပ်ကြီးကို ပြောကြားခဲ့သည်။

ဘိုင်ဒင်-ဟဲရစ် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဝေဖန်နေချိန်တွင် ထရန့်သည် အခြေအမြစ်မရှိဘဲ ဒုသမ္မတအား စွပ်စွဲပြစ်တင်တရားဆွဲဆိုရန် တောင်းဆိုခဲ့သည်။

“သူမရဲ့လုပ်ရပ်အတွက် စွပ်စွဲပြစ်တင်မှုနဲ့ တရားစွဲသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထရန့် သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်နှင့် ဟီလာရီကလင်တန်တို့ အပါအဝင် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များကို တရားဥပဒေအရ အရေးယူရန် ခြိမ်းခြောက်ခဲ့သည့် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့သည်။

ယခုအခါ ထရန့်သည်တရားရေးဆိုင်ရာ ပဋိပက္ခများနှင့် ရင်ဆိုင်ရချိန်တွင် သမ္မတဟောင်းက ၎င်း၏ ပြိုင်ဘက်အသစ် ဒုတိယသမ္မတ ဟဲရစ်အား အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချ သူများ သတ်ဖြတ်ခံရမှုကြောင့် သူမအစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ သူမကို အပြစ်တင် ရန် ကြိုးပမ်းနေပြီး သူသဘောမတူသည့် မူဝါဒများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ရန် ထပ်မံတောင်းဆိုခဲ့သည်။

ဟဲရစ်သည် သောကြာနေ့တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်သို့ သွားရောက်ခဲ့ပြီး သုံးနှစ်ကျော်အတွင်း သူမ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။

မဲဆွယ်စည်းရုံးမှုပြင်းထန်နေသော အရီဇိုးနားပြည်နယ်‌၏ နယ်စပ်မြို့ဖြစ်သည့် ဒေါက်ဂလပ်စ် (Douglas) တွင် မိန့်ခွန်းပြောနေစဉ် ဟဲရစ်က လုံခြုံရေး အစီအမံများကို ပိုမိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး လအတန်ကြာ စေ့စပ်ညှိနှိုင်းမှုများ၏ ရလဒ်ဖြစ်သည့် နှစ်ပါတီညှိနှိုင်း သဘောတူထားသည့် ဥပဒေကြမ်းကို တင်သွင်းရာတွင် ၎င်း၏ အခန်းကဏ္ဍအတွက် ယခုနှစ်အစောပိုင်းတွင် ထရန့် ၏ ပိတ်ဆို့ခြင်းအကြောင်းကို ဝေဖန်ထောက်ပြခဲ့သည်။

ရွေးကောက်ပွဲ မတိုင်မီ လူဝင်မှုကြီးကြပ်ရေးသည် မဲဆန္ဒရှင်များစွာအတွက် ထိပ်တန်း ပြဿနာဖြစ်နေသဖြင့် ဟဲရစ်၏ ခရီးစဉ်နှင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ထရန့် ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက ABC သတင်း/Ipsos စစ်တမ်းတစ်ခုအရ ၇၀% က တောင်ပိုင်းနယ်စပ်တွင် လူဝင်မှုကြီးကြပ်ရေးသည် ၎င်းတို့အတွက် “ အရေးကြီးသော” ပြဿနာတစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး မဲဆန္ဒရှင်များက ထရန့် သည် ဟဲရစ်ထက် ထိုကိစ္စကိုကိုင်တွယ်ရန် အသင့်တော်ဆုံးသူအဖြစ် ဖြင့် ဟဲရစ်ထက် ၁၀မှတ်အသာဖြင့် ဦးဆောင်ခဲ့သည်။

သို့သော်၊ ၎င်း၏ရီပတ်ဘလီကန်မဟာမိတ်များက ဟာရစ်ကို တိုက်ခိုက်မည့်အစား ပြဿနာများကို အာရုံစိုက်ရန် ထရန့်အား တွန်းအားပေးလာသောအခါ၊ မကြာသေးမီ ရက်များအတွင်း ထရန့် ၏ ပြောဆိုချက်သည် ပိုမိုပြင်းထန်လာသည်။

ဟဲရစ် ကို တနင်္ဂနွေနေ့တွင် ထရန့် ၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွင် အလားတူ မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီး ဒုသမ္မတအား စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူဟု ခေါ်ဆိုခဲ့သည်။

“ လူလိမ် ဂျိုး ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာခဲ့တယ်။ ဝမ်းနည်းစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကင်မလာဟဲရစ် က သူမွေးလာတာကတည်းက အဲဒီလိုဖြစ်နေသူလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကင်မလာ မှာ တစ်ခုခုမှားနေပြီ၊ ဘာလဲဆိုတာ ကျွန်တော် မသိပေမယ့် သေချာပေါက် တစ်ခုခုတော့လွဲနေပြီ” လို့ထရန့်ကဆိုသည်။

ABC သတင်းဌာန၏ မာသာ ရတ်ဒတ်ဇ် (Martha Raddatz) မှ ဒုတိယသမ္မတလောင်းများ၏ စကားစစ်ထိုးပွဲ ပြင်ဆင်မှုများတွင် ဆီးနိတ်အမတ် ‘ဒီ‌ဂျေဗင့်စ် (JD Vance )အား ကူညီနေသော လွှတ်တော်စည်းကမ်းထိန်း တွမ်အမ်မာ (Whip Tom Emmer) ကို ထရန့်ပြောကြားနေမှု များအတွက် မှတ်ချက်ပေးရန် မေးမြန်းသည့်အခါ သူက ထရန့်‌ပြောဆိုချက်ကို ပြစ်တင်ရှုတ်ချရန် မလုပ်ဆောင်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် သူက “ကျွန်တော်တို့ ပြဿနာတွေကိုသာ အာရုံစိုက်ထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဝန်ခံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ်
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်များ တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို အောက်ပါအတိုင်း မြန်မာဘာသာ ဖြင့် အနှစ်ချုပ် တင်ပြအပ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက် ၁။ တိုက်ခိုက်ခံရသည့် နေရာများ အီရန်နိုင်ငံ ဆောက်ပါး(South Pars) ဓာတ်ငွေ့သိုက် ။ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် နေရာဖြစ်သည်။ ယင်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အီရန်စစ်ပွဲ ရပ်တည်ချက်နှင့် ပတ်သက်၍ ထရမ့်က ဗြိတိန်ကို ပြစ်တင်ဝေဖန်နေစဉ်အတွင်း ဘုရင်မင်းမြတ်၏ ခရီးစဉ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက် လန်ဒန်မြို့ — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် စည်းကမ်းကြီးပြီး ရှေ့နေပီပီ စကားကို ချင့်ချိန်ပြောဆိုတတ်သူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ စစ်ပွဲကို ဝေဖန်ခဲ့သည့် ထရမ့်ခန့်အပ်ထားသူ အထင်ကရပုဂ္ဂိုလ်တစ်ဦး၏ ပထမဆုံးသော နုတ်ထွက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 17 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 110 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်