နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

ဒေါ်နယ်ထရန့် သမ္မတဖြစ်လာရင် နူကလီးယားအရေး ပြန်ဆွေးနွေးမယ့် မြောက်ကိုရီးယား

ဒေါ်နယ်ထရန့် သမ္မတဖြစ်လာရင် နူကလီးယားအရေး ပြန်ဆွေးနွေးမယ့် မြောက်ကိုရီးယား

+++++++++++++++++++

အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ နျူကလီးယားဆွေးနွေးပွဲတွေပြန်လည်ပြုလုပ်လာဖွယ်ရှိနေတယ်လို့ မကြာသေးခင်က ကျူးဘားကနေ လွတ်မြောက်လာတဲ့ မြောက်ကိုရီးယားက ဘက်ပြောင်းလာသူ ထိပ်တန်းသံတမန် ရီအီဂျူက သုံးသပ်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နိုင်ငံတကာမီဒီယာတွေနဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ ရီအီဂျူက ပြုံယမ်းအစိုးရဟာ သူတို့ရဲ့လက်နက်တပ်ဆင်မှုအပေါ် အကြမ်းဖက်ဝါဒပံ့ပိုးကူညီမှုအဖြစ် သတ်မှတ်ခံရမှုဖယ်ရှားနိုင်ဖို့နဲ့ စီးပွါးရေးကူညီထောက်ပံ့မှုတွေပြန်ရဖို့အတွက် အမေရိကန်နဲ့ ဗျူဟာမြောက်ဆွေးနွေးပွဲပြန်လုပ်ဖို့ စိတ်အားထက်သန်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ ဒီတစ်ကြိမ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဏာကုန်သုံးပြီး အပြည့်အ၀တာဝန်ယူရမှာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်အနေနဲ့ မြောက်ကိုရီးယားရဲ့ ခြေထောက်နဲ့ လက်တွေကို ကြိုးတုတ်ပြီး ၄ နှစ်လုံးလုံး ဘာမှ မပေးဘဲ နေလို့မရတော့ပါဘူး” ရီအီဂျူရဲ့ မှတ်ချက်ဟာ ပြုံယမ်းအစိုးရအနေနဲ့ 180 ဒီဂရီပြန်လှည့်လာနိုင်တဲ့အလားအလာတွေဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ လတ်တလောထုတ်ပြန်ချက်တွေမှာတော့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို ရှောင်ရှားနေပြီး လက်နက်အင်အားအရ ထိပ်တိုက်တွေ့မယ့်အခြေအနေတွေသာဖြစ်ပါတယ်။ 2019 ခုနှစ်က ဗီယက်နမ်ထိပ်တန်းညီလာခံမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့်တို့တွေ့ဆုံခဲ့ပြီးတဲ့နောက် အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ အဲဒီအချိန်က ရီအီဂျူဟာ အတွေ့အကြုံမရှိဘဲ ဉာဏ်နည်းတဲ့ ထောက်လှမ်းရေးတပ်မှူးတွေကို နှူကလီးယားသံတမန်အဖြစ် ခန့်အပ်ခဲ့တဲ့ ကင်ဂျုံအန်ရဲ့ဆုံးဖြတ်ချက် အချို့ကို ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။

“ ကင်ဂျုံအန်က နိုင်ငံတကာ ဆက်ဆံရေးအကြောင်းနဲ့ သံခင်တမန်ခင်းအကြောင်းကို အများကြီးမသိဘူး။ ဆိုလိုတာက သူဟာ ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေကို မချမှတ်နိုင်ဘူး”

အဲဒီအချိန်အတောအတွင်း မြောက်ကိုရီးယားဟာ ရုရှားနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ပြီး ဒုံးကျည်နည်းပညာနဲ့ စီးပွါးရေးအကူအညီတွေကို ရယူနိုင်ခဲ့တယ်လို့ ရီအီဂျူက ဆက်ပြောပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီထက် ပိုမိုကောင်းလွန်တဲ့ အကျိုးအမြတ်တွေကို ရဖို့ဆိုရင် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ လိုအပ်သလို ဝါရှင်တန်အစိုးရကို အလျှော့အတင်းလုပ်ပြီး ဆက်ဆံဖို့ကလည်း လိုအပ်နေပါတယ်။

ရီအီဂျူရဲ့အဆိုအရတော့ ကိုဗစ် 19 လော့ဒေါင်းကြောင့် မြောက်ကိုရီးယားပြည်တွင်းနဲ့ နိုင်ငံရပ်ခြားက သံရုံးတွေကို ပိုမိုခက်ခဲစေခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ငွေကြေးအခက်အခဲတွေကြောင့် နိုင်ငံရပ်ခြားက သံရုံး 54 ခုအထိကို ပိတ်ပစ်ခဲ့ရတာဖြစ်ပါတယ်။

“ ကျတော်မှတ်မိသလောက်ဆိုရင် 2023 ခုနှစ် ဧပြီလနဲ မေလထဲမှာ သံရုံးတွေပြန်ဖွင့်ဖို့ လုပ်သေးတယ်။ အဲဒီနောက်ပိုင်းမှာ သံရုံးဝန်ထမ်းတွေကို ပြန်ခေါ်တဲ့ စာထွက်လာတော့တာပဲ၊ ပြန်ခေါ်ခံရသူတွေအနေနဲ့ ထမင်းစားဇွန်းနဲ့ သွားတိုက်တံကအစ ပြန်ယူလာဖို့ကို အမိန့်ပေးခဲ့တာ”

ရီအီဂျူရဲ့ ပြောကြားချက်အရ ကင်ဂျုံအန်ဟာ ဂျပန်နိုင်ငံက စီးပွါးရေးအကူအညီတွေရယူဖို့ လည်းမျှော်လင့်နေပြီး ကမ်းလှမ်းမှုအနေနဲ့ 1970 နဲ့ 1980 နှစ်တွေမှာ မြောက်ကိုရီးယားက ပြန်ပေးဆွဲထားတဲ့ ဂျပန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ စီစဉ်နေတာပါ။

မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံသား 17 ဦးကို ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး အဲဒီထဲက 5 ဦးဟာ 2012 ခုနှစ်မှာ ဂျပန်နိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တိုကျိုအစိုးရက မြောက်ကိုရီးယားနိုင်ငံမှာ ဂျပန်နိုင်ငံသား ရာနဲ့ချီပြီး ဆက်ရှိနေဦးမယ်လို့ သံသယရှိနေပါတယ်။ ရီအီဂျူဟာ 2016 ခုနှစ်က တောင်ကိုရီးယားကို ဘက်ပြောင်းခိုလှုံခဲ့တဲ့ မြောက်ကိုရီးယားရဲ့ထိပ်တန်းသံတမန်တစ်ဦးဖြစ်ပါတယ် ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 182 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်