နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

“ ကမ္ဘာ့အခက်ခဲဆုံး” ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ကျောင်းသား ၁၃ သန်း စံချိန်တင်

ဇွန်လ (၇) ရက်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ အထက်တန်းကျောင်းသူကျောင်းသား အများအပြားသည် စီးပွားရေးနှေးကွေးမှုနှင့် ရုန်းကန်နေရသောတိုင်းပြည်တွင် ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည့် အပြိုင်အဆိုင် ပြင်းထန်သော စာမေးပွဲကို စတင်ဖြေဆိုနေကြပြီ ဖြစ်သည်။

“ gaokao” ဟု လူသိများသော နှစ်ရက်ကြာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲသည် ကမ္ဘာ့အကြီးဆုံး ပညာရေးစာမေးပွဲ ဖြစ်သည်။ မြင့်မားသော မျှော်လင့်ချက်များ၊ ပြင်းထန်သောပြိုင်ဆိုင်မှုတို့ကြောင့် ကျောင်းသားများသည် ၁၂ နှစ်အတွင်း သင်ယူခဲ့သမျှ လက်တစ်ဆုပ်စာ ဘာသာရပ် စာမေးပွဲများတွင် မိမိတို့ လေ့လာသင်ကြားခဲ့သမျှကို ဘာသာရပ်တခုစီတွင် အများဆုံး နှစ်နာရီကြာ ဖြေဆိုကြခြင်းကို တရုတ်အစိုးရ မီဒီယာက ကမ္ဘာ့အခက်ခဲဆုံး စာမေးပွဲအဖြစ် အသိအမှတ်ပြုထားသည်။ ယခုနှစ် စာမေးပွဲအတွက် စာရင်းသွင်းထားသည့် ကျောင်းသားပေါင်း ၁၃.၄ သန်းကျော်ရှိပြီး ယမန်နှစ်က စံချိန် ၁၂.၉ သန်းကို ကျော်လွန်ကာ ၎င်းကို တရုတ်နိုင်ငံတွင် ကျင်းပဖူးသမျှ အကြီးမားဆုံး “gaokao” ဖြစ်လာစေခဲ့သည်။

မြင့်မားသောရမှတ်သည် နိုင်ငံရှိထိပ်တန်းတက္ကသိုလ်များသို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့် ပြင်းထန်သော ခက်ခဲသော စာမေးပွဲအတွက် တရုတ်ကျောင်းသားများသည် နှစ်အတန်ကြာအောင် ကြိတ်ကြိတ်တိုးနေခဲ့ရသည်။ စာမေးပွဲတွင် တရုတ်စာပေ၊ သင်္ချာ၊ အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေးနှင့် သမိုင်းစသည့် ဘာသာရပ်များ ပါဝင်သည်။ ကျောင်းသားအများစုသည် SAT စာမေးပွဲများကို ပြန်လည်ဖြေဆိုနိုင်သော အမေရိကန် ကျောင်းသားများနှင့်မတူဘဲ ကြမ်းတမ်းခက်ခဲသော စာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရကြသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် လူငယ်အလုပ်လက်မဲ့များ မြင့်တက်လာခြင်း၏ ကောင်းမွန်သည့်အထက်တန်းပညာရေး ရရှိနိုင်ရန် ဖိအားများအပေါ် တွန်းအားပေးခဲ့သည်။

စာမေးပွဲပထမရက်သောကြာနေ့တွင် မိဘများသည် သားသမီးများကို စာမေးပွဲခန်းထဲသို့ ပို့ပြီးနောက် ကျောင်းအပြင်ဘက်တွင် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့ကြသည်။ မိဘများနှင့် ဆရာအများအပြားသည် တရုတ်နိုင်ငံတွင် အောင်ပွဲခံအရောင် အနီရောင်ကို ဝတ်ဆင်ကြပြီး အချို့မှာ နေကြာပန်းများကို ကိုင်ဆောင်ထားကြပြီး ပညာရေးအောင်မြင်မှုအတွက် ကံကောင်းသောပန်းဟု ယူဆကြသည်။ အာဏာပိုင်များသည် စာမေးပွဲနေရာတဝိုက်တွင် တည်ငြိမ်မှု ရှိစေရန် အစီအမံအချို့ကို ထုတ်ပြန်ခဲ့သည်။ ပေကျင်းတွင် ခရီးသွားများအကြား ရေပန်းစားသည့် ထင်ရှားသော ရှုခင်းသာနေရာဖြစ်သည့် နွေရာသီနန်းတော်အနီး စာသင်ကျောင်းတစ်ဝိုက်တွင် ယာဉ်အသွားအလာ ချောမွေ့စေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်အတွက် နံနက် ၆ နာရီတွင် ယာဉ်ထိန်းရဲများ လမ်းမများပေါ်တွင် ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

ရှန်ဟိုင်းတွင် တက္ကစီ ပို့ဆောင်ရေး စင်တာများသည် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအတွက် လွန်ခဲ့သည့် တစ်ပတ်မှ စတင်၍ ကြိုတင်စာရင်းသွင်းမှုများ စတင်လက်ခံနေပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။ X ကဲ့သို့ ပလက်ဖောင်းတခု ဖြစ်သည့် တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် “ gaokao” သည် ထိပ်တန်း ခေါင်းစဉ်တစ်ခုအဖြစ် ကံကောင်းပါစေဟူသည့် မက်ဆေ့ချ်များနှင့် အားပေးမှုများဖြင့် ပြည့်လျှံသွားခဲ့သည်။ စာမေးပွဲဖြေဆိုသူများ “ ကံကောင်းပါစေ” ဟုဆုမွန်ကောင်းတောင်းရင်း တရုတ်အနုပညာရှင်များစွာနှင့် နိုင်ငံတကာကြယ်ပွင့်အချို့က ဆိုရှယ်မီဒီယာတွင် တင်ခဲ့ကြပါသည်။ ဗြိတိန်ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းက သူ့၏ပရိသတ် ၁၀ သန်းရှိသည့် Weibo တွင် ဆုမွန်ကောင်းတောင်းသည့်ကို ပို့စ်တင်ခဲ့ပါသည်။

“မကြာခင် စာမေးပွဲဖြေမယ့် ကျောင်းသားအားလုံးကို ‘ကံကောင်းပါစေ’ လို့ ပြောချင်ပါတယ်။ မင်းတို့ အရမ်းကြိုးစားလုပ်ဆောင်ခဲ့ကြတယ်။ Jin Bang Ti Ming!” ဟု ပြောခဲ့သည်။ အရေးကြီးသော စာမေးပွဲများတွင် ဂုဏ်ထူးများနှင့် အောင်မြင်ခြင်းဟု အဓိပ္ပာယ်ရသော တရုတ်စာပိုဒ်တိုကို လက်ခံကျင့်သုံးသည့် ဗီဒီယိုတစ်ခုတွင် ဘက်ခမ်းက ပြောကြားခဲ့သည်။

ဓာတ်ပုံ။

2024 ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် တရုတ်နိုင်ငံ ဝူဟန်၌ “ gaokao” ဖြေဆိုမည့်တရုတ်ကျောင်းသားများ

AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 37 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 39 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 48 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 51 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု