နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် မိုဟာမက် အယ်လ် ဘာရှာ (Mohammed al-Bashir) ကို ခန့်အပ်

ဒီဇင်ဘာလ (၁၀) ရက်။

ဆီးရီးယားသမ္မတအားဆတ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော ဆီးရီးယားအတိုက်အခံများသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်အထိ တာဝန်ထမ်းဆောင်မည့် အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့် ၀န်ကြီးချုပ်အဖြစ် မိုဟာမက် အယ်လ် ဘာရှာ (Mohammed al-Bashir) ကို ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

AFP သတင်းဌာနမှဖော်ပြချက်အရ “ အထွေထွေအမိန့်သည် မတ်လ ၁ ရက်အထိ အသွင်ကူးပြောင်ရေးးအစိုးရ ကို လည်ပတ်ရန် ကျွန်ုပ်ကို တာဝန်ပေးထားသည်” ဟု ဘာရှာက နိုင်ငံပိုင်ရုပ်မြင်သံကြား၏ Telegram တွင် ပြောဆိုခဲ့သည်ဟု ဆိုသည်။

အစီရင်ခံချက်များအရ ဆီးရီးယား၏ အစ္စလာမ္မစ် Hayat Tahrir al-Sham (HTS) အဖွဲ့ခေါင်းဆောင် အာဘူး မိုဟာမက် ဂျူလာနီ (Abu Mohammed al-Jolani) သည် တနင်္လာနေ့က အာဆတ်အစိုးရ၏ ၀န်ကြီးချုပ် Mohammed al-Jalali နှင့် တွေ့ဆုံပြီး “အာဏာလွှဲပြောင်းရေး” ကို ဆွေးနွေးခဲ့သည်။

မိုဟာမက် အယ်လ် ဘာရှာဆိုတာ ဘယ်သူလဲ။

ဆီးရီးယားနိုင်ငံ အင်ဂျင်နီယာနှင့် နိုင်ငံရေးသမား ဘာရှာသည် ယခင်က ဆီးရီးယားအနောက်မြောက်ပိုင်းနှင့် အိ(ဒ)လစ် (Idlib) ကိုသာ အုပ်ချုပ်သည့် HTS နှင့် ဆက်နွယ်သော ကယ်တင်ရေးအစိုးရကို ဦးဆောင်ခဲ့သည်။

The News Arab ၏ အစီရင်ခံစာအရ ၎င်းသည် ဇန်န၀ါရီလတွင် ဆီးရီးယား ကယ်တင်ရေးအစိုးရ၏ ကိုယ်ပိုင်ကြေငြာထားသော HTS အစိုးရ၏ ပဉ္စမမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုးစစ်မစမီ သူပုန်များ ချုပ်ကိုင်ထားသော အစ်(ဒ)လစ်ဒေသထဲတွင်သာ အုပ်ချုပ်ရေးပိုင်းကို လည်ပတ်ခဲ့သည်။ အစ္စလမ္မစ်အုပ်စု၏ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

သူ့ကို ၁၉၈၆ ခုနှစ်တွင် အိ(ဒ)လစ် Jabal Zawiya ဒေသတွင် မွေးဖွားခဲ့သည်။ သူ၏ကိုယ်ရေးရာဇဝင်အရ ဘာရှာသည် အင်ဂျင်နီယာ၊ ဥပဒေနှင့် စီမံခန့်ခွဲရေးအစီအစဉ်များဆိုင်ရာ အရည်အချင်းများစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။

လျှပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။ ဘာရှာသည် ၂၀၀၇ ခုနှစ်တွင် အာလက်ပို တက္ကသိုလ်မှ ဆက်သွယ်ရေးဆိုင်ရာ အထူးပြုပညာကို ဆက်လက်သင်ယူခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းကို ပြီးဆုံးခဲ့သည်။

၂၀၂၁ ခုနှစ်တွင် သူသည် အိ(ဒ)လစ်တက္ကသိုလ်မှ Sharia နှင့်ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ သူသည် ဆီးရီးယားနိုင်ငံတကာ လေ့ကျင့်ရေး၊ ဘာသာစကားများနှင့် အကြံပေးခြင်းအတွက် ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ကိုလည်း ရရှိခဲ့သည်။

ဘာရှာသည် Syrian Gas ကုမ္ပဏီနှင့် ဆက်နွှယ်သည့် ဓာတ်ငွေ့စက်ရုံ တည်ထောင်မှုကို ကြီးကြပ်သည့် အင်ဂျင်နီယာတစ်ဦးလည်း ဖြစ်သည်။

ဘာရှာသည် ယခုအခါတွင် ဆီးရီးယား၏ အသွင်ကူးပြောင်းရေးအဆင့်သို့ သွားလာရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ယခင်က HTS ထိန်းချုပ်မှုအောက်ရှိ စစ်ဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးတို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

သတင်းရင်းမြစ်။ News 18, ဓာတ်ပုံ။ Al Jazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 35 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 37 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)