နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် မိုဟာမက် အယ်လ် ဘာရှာ (Mohammed al-Bashir) ကို ခန့်အပ်

ဒီဇင်ဘာလ (၁၀) ရက်။

ဆီးရီးယားသမ္မတအားဆတ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော ဆီးရီးယားအတိုက်အခံများသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်အထိ တာဝန်ထမ်းဆောင်မည့် အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့် ၀န်ကြီးချုပ်အဖြစ် မိုဟာမက် အယ်လ် ဘာရှာ (Mohammed al-Bashir) ကို ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

AFP သတင်းဌာနမှဖော်ပြချက်အရ “ အထွေထွေအမိန့်သည် မတ်လ ၁ ရက်အထိ အသွင်ကူးပြောင်ရေးးအစိုးရ ကို လည်ပတ်ရန် ကျွန်ုပ်ကို တာဝန်ပေးထားသည်” ဟု ဘာရှာက နိုင်ငံပိုင်ရုပ်မြင်သံကြား၏ Telegram တွင် ပြောဆိုခဲ့သည်ဟု ဆိုသည်။

အစီရင်ခံချက်များအရ ဆီးရီးယား၏ အစ္စလာမ္မစ် Hayat Tahrir al-Sham (HTS) အဖွဲ့ခေါင်းဆောင် အာဘူး မိုဟာမက် ဂျူလာနီ (Abu Mohammed al-Jolani) သည် တနင်္လာနေ့က အာဆတ်အစိုးရ၏ ၀န်ကြီးချုပ် Mohammed al-Jalali နှင့် တွေ့ဆုံပြီး “အာဏာလွှဲပြောင်းရေး” ကို ဆွေးနွေးခဲ့သည်။

မိုဟာမက် အယ်လ် ဘာရှာဆိုတာ ဘယ်သူလဲ။

ဆီးရီးယားနိုင်ငံ အင်ဂျင်နီယာနှင့် နိုင်ငံရေးသမား ဘာရှာသည် ယခင်က ဆီးရီးယားအနောက်မြောက်ပိုင်းနှင့် အိ(ဒ)လစ် (Idlib) ကိုသာ အုပ်ချုပ်သည့် HTS နှင့် ဆက်နွယ်သော ကယ်တင်ရေးအစိုးရကို ဦးဆောင်ခဲ့သည်။

The News Arab ၏ အစီရင်ခံစာအရ ၎င်းသည် ဇန်န၀ါရီလတွင် ဆီးရီးယား ကယ်တင်ရေးအစိုးရ၏ ကိုယ်ပိုင်ကြေငြာထားသော HTS အစိုးရ၏ ပဉ္စမမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုးစစ်မစမီ သူပုန်များ ချုပ်ကိုင်ထားသော အစ်(ဒ)လစ်ဒေသထဲတွင်သာ အုပ်ချုပ်ရေးပိုင်းကို လည်ပတ်ခဲ့သည်။ အစ္စလမ္မစ်အုပ်စု၏ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

သူ့ကို ၁၉၈၆ ခုနှစ်တွင် အိ(ဒ)လစ် Jabal Zawiya ဒေသတွင် မွေးဖွားခဲ့သည်။ သူ၏ကိုယ်ရေးရာဇဝင်အရ ဘာရှာသည် အင်ဂျင်နီယာ၊ ဥပဒေနှင့် စီမံခန့်ခွဲရေးအစီအစဉ်များဆိုင်ရာ အရည်အချင်းများစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။

လျှပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။ ဘာရှာသည် ၂၀၀၇ ခုနှစ်တွင် အာလက်ပို တက္ကသိုလ်မှ ဆက်သွယ်ရေးဆိုင်ရာ အထူးပြုပညာကို ဆက်လက်သင်ယူခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းကို ပြီးဆုံးခဲ့သည်။

၂၀၂၁ ခုနှစ်တွင် သူသည် အိ(ဒ)လစ်တက္ကသိုလ်မှ Sharia နှင့်ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ သူသည် ဆီးရီးယားနိုင်ငံတကာ လေ့ကျင့်ရေး၊ ဘာသာစကားများနှင့် အကြံပေးခြင်းအတွက် ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ကိုလည်း ရရှိခဲ့သည်။

ဘာရှာသည် Syrian Gas ကုမ္ပဏီနှင့် ဆက်နွှယ်သည့် ဓာတ်ငွေ့စက်ရုံ တည်ထောင်မှုကို ကြီးကြပ်သည့် အင်ဂျင်နီယာတစ်ဦးလည်း ဖြစ်သည်။

ဘာရှာသည် ယခုအခါတွင် ဆီးရီးယား၏ အသွင်ကူးပြောင်းရေးအဆင့်သို့ သွားလာရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ယခင်က HTS ထိန်းချုပ်မှုအောက်ရှိ စစ်ဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးတို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

သတင်းရင်းမြစ်။ News 18, ဓာတ်ပုံ။ Al Jazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 113 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 60 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား