နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီးက ယူကရိန်းကို ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား တောင်းဆို

++++++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၁၁) ရက်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ၎င်း၏ စစ်ဘေးသင့်နိုင်ငံအား ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား နိုဝင်ဘာလအထိ မစောင့်ဆိုင်းရန် သို့မဟုတ် အခြားလများအထိ မစောင့်ရန် အင်္ဂါနေ့က တိုက်တွန်းခဲ့သည်။

ဇလန်းစကီးက “ ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် လူတိုင်းက နိုဝင်ဘာလကို စောင့်နေကြတယ်” ဟု ဆိုသည်။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမ္မတရာထူးကို ရရှိနိုင်ချေ မြင့်မားလာမှုအတွက် ဝါရှင်တန်ဒီစီတွင် ကျင်းပနေသည့် နေတိုးထိပ်သီးအစည်းအဝေးတွင် စုရုံးနေသော နိုင်ငံတကာခေါင်းဆောင်များကို “ ထိပ်တန်း အမေရိကန် သမတနေရာတစ်ခုအား မည်သူက ရရှိနိုင်မည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် လူတိုင်းက နိုဝင်ဘာသမတရွေးကောက်ပွဲကို စောင့်မျှော်နေကြတယ်” ဟု ဇလန်းစကီးမှ ပြောကြားခဲ့သည်။

“အမှောင်ရိပ်တွေကနေ ရုန်းထွက်ဖို့ အချိန်တန်ပြီ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ လုပ်ဆောင်ဖို့၊ နိုဝင်ဘာလ ဒါမှမဟုတ် တခြားလကို စောင့်မနေပါနဲ့။ ဒီအဆုံးသတ်အတွက် ကျွန်တော်တို့ဟာ ခိုင်မာပြီး အတူတကွ အလျှော့မပေးဘဲ လုံးလုံးလျားလျား ရပ်ကြရပါမယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

“ပထမဆုံးအနေနဲ့၊ အမေရိက၊ အမေရိကန်ခေါင်းဆောင်တွေနဲ့ လွတ်လပ်တဲ့ကမ္ဘာရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်သမ္မတတွေဟာ ဒီမိုကရေစီကို ခုခံကာကွယ်ရာမှာ အလျှော့မပေးဘဲ နေကြပါ။ ပူတင်နဲ့ သူ့နိုင်ငံကို အလျှော့မပေးဘဲ ဖြစ်နိုင်ခြေရှိတဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတိုင်းကို အလျှော့မပေးကြပါနဲ့”ဟုပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ ရော်နယ်ရေဂင်အင်စတီကျုတွင် ဇလန်းစကီး ပြောကြားခဲ့သော မှတ်ချက်စကားသည် ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်းအတွက် ရေရှည်ပံ့ပိုးကူညီမှုပေးမည်ဟု ကြေညာထားသည့် ထိပ်သီးအစည်းအဝေး၏ ဘေးတွင်ပြုလုပ်သော အစည်းအဝေးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့်ရက်များတွင် ယူကရိန်းခေါင်းဆောင်သည် ၎င်း၏နိုင်ငံအတွက် မဟာမိတ်များ၏ ထောက်ခံမှုကို မြှင့်တင်ရန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဇလန်းစကီးက ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူကရိန်းနဲ့ တခြားမဟာမိတ်တွေရဲ့ အမေးတွေကို “အဖြေ” ပေးဖို့ အမေရိကန်ကို တိုက်တွန်းခဲ့ပြီး “ကျွန်တော်တို့ ပိုပိုရလေ ပူတင်အတွက် စစ်တိုက်ဖို့ ပိုခက်ခဲလာတယ်ဆိုတာ တစ်ကြိမ်ထက်မက သက်သေပြခဲ့ပြီးပါပြီ။ စစ်ပွဲက သူလိုတာကို ပေးနိုင်မယ်လို့ သူက ထင်နေသေးတယ်။ သူက အမေရိကန်ကို အရှက်ရစေပြီး သူလိုတာကို ရမယ်လို့ ထင်နေတုန်းပဲ”ဟု ဆိုသည်။

ယူကရိန်းတောင်ဘက် မှာယူကရိန်းက ရုရှရဲ့ လုပ်ရပ်တွေကို သိသိသာသာ ကန့်သတ်နိုင်ပြီး သိမ်းပိုက်ထားသူတွေကို အမေရိကန် ခေါင်းဆောင်ပိုင်းက ကျွန်တော်တို့ရဲ့ ယူကရိန်း ခရိုင်းမီးယားမှာ ရုရှားစစ်တပ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေအပေါ် လိုအပ်တဲ့ နက်နဲတဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကို အကူညီပေးမယ်ဆိုရင် အဲဒီနေရာကနေ တွန်းထုတ်နိုင်တယ်လို့ သူက ပြောသည်။

ဘိုင်ဒင်သည် ညနေပိုင်းတွင် ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန် ကာကွယ်ရေးအသစ်များ ထောက်ပံ့ပေးမည့် အစီအစဉ်များကို ကြေညာခြင်းဖြင့် ညနေပိုင်းတွင် စတင်ခဲ့သော သုံးရက်ကြာ ကမ္ဘာလုံးဆိုင်ရာ စုဝေးပွဲအတွင်း အမေရိကန်က ယူကရိန်းနှင့် ပတ်သက်၍ “သိသာထင်ရှားသော” ကြေညာချက်များကို ကတိပြုခဲ့သည်။

ထိပ်သီးအစည်းအဝေးမတိုင်မီတွင် နေတိုးအဖွဲ့ဝင်များက ယူကရိန်းကို အဓိကအာရုံစိုက်မည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ ဥရောပသံတမန်တစ်ဦးက “ ဦးစားပေး တစ်၊ နှစ်၊ သုံးက ယူကရိန်းပဲ” ဟု ပြောသည်။ သို့သော်လည်း စစ်ပွဲသည် သံတမန်ရေးအရ လျင်မြန်သော သို့မဟုတ် ကိယက်ဗ်အတွက် စစ်ရေးအောင်ပွဲ၏ လက္ခဏာအနည်းငယ်ဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ထောက်ခံမှုပြသမှု လုံလောက်ခြင်း ရှိမရှိ မေးခွန်းထုတ်စရာများ ထွက်ပေါ်လာသည်။

နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲတွင် ထရန့်အနိုင်ရပါက နေတိုး၏ အနာဂတ်နှင့် ပတ်သက်၍ စိုးရိမ်မှုများမှာ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဘိုင်ဒင်၏ ဆိုးရွားလှသော စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကြောင့် သမတ ပြန်လည်ရွေးကောက်ခံရမှုနှင့် ပတ်သက်ပြီး စိတ်ချရမှု မရှိခြင်းက တက်ရောက်လာသူ အများအပြားအပေါ် ဖိအားပေးလျက်ရှိသည်။

“ အမေရိကန်ပြည်သူတွေက ထရန့်ကို သမ္မတအဖြစ် မဲပေးရင် ယူကရိန်းနဲ့ အမေရိကန်ရဲ့မူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု အင်္ဂါနေ့ညက Fox News ၏ Bret Baier နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဇလန်းစကီးက ပြောကြားခဲ့သည်။ သူ့အနေနှင့် သမတဟောင်းကို ကောင်းကောင်းမသိခဲ့ပါဟု ဆိုသည်။ သို့သော် ထရန့်အစိုးရလက်ထက်တွင် ၎င်းတို့နှစ်ဦးသည် “ကောင်းမွန်သော တွေ့ဆုံမှုများ” ရှိခဲ့ကြသည်။

သေမင်းတမန် ရုရှားတိုက်ခိုက်မှု နောက်ဆက်တွဲ ဆိုက်ရောက်လာခြင်း

+++++++++++++++++++++++++++++++++++++++

တနင်္လာနေ့ညနေပိုင်းတွင် အမေရိကန်မြို့တော်၌ အစည်းအဝေးကိုဇလန်းစကီးတက်ရောက်နေစဉ်အတွင်း ထိုနေ့အစောပိုင်းက ယူကရိန်းတစ်ဝှမ်းရှိ မြို့များကို ရုရှားက အသေအပျောက်များသော တိုက်ခိုက်မှုများကြောင့် ကြေကွဲစရာများနှင့် တွေ့ကြုံခဲ့ရသည်။ ယူကရိန်း၏ အကြီးဆုံး ကလေးဆေးရုံ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အဆောက်အအုံများကို ဒုံးကျည်များ ထိမှန်ခဲ့ပြီး လူ ၃ ဒါဇင်ကျော် သေဆုံးခဲ့သည်။

ကရင်မလင်က တိုက်ခိုက်မှုနောက်ကွယ်တွင်မရှိဟု ရုရှားအရာရှိများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဇလန်းစကီးက ၎င်း၏ မှတ်ချက်တွင် “ရုရှားက သူ့ရဲ့ ဒုံးကျည်တွေ ဘယ်နေရာကို ပစ်တယ်ဆိုတာ အမြဲတမ်း အမြဲတမ်း သိပါတယ်” ဟု ဆိုသည်။ အင်္ဂါနေ့ညနေပိုင်းတွင် အမေရိကန်နှင့် ၎င်း၏ NATO မဟာမိတ်အချို့က ယူကရိန်းအား Patriot ဒုံးစနစ်ဘက်ထရီများနှင့် နောက်ထပ်စနစ်များ ပေးအပ်မည်ဟု ကြေညာခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ရုရှားလေကြောင်းရန်မှ ကာကွယ်ရန် ကိယက်ဗ်မြို့၌ လေကြောင်းရန်ကာကွယ်ရေးများ အားကောင်းလာစေမည်ဖြစ်သည်။

အမေရိကန်၊ ဂျာမနီနှင့် ရိုမေးနီးယားတို့သည် Patriot ဘက်ထရီတစ်လုံးစီ ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်သာလန်သည် နောက်ထပ် Patriot ဘက်ထရီကို အသုံးပြုနိုင်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အီတလီနိုင်ငံသည် SAMP-T တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။

“ ဝေဟင်ကာကွယ်ရေးဒုံးကျည်များ ပေးပို့ရာတွင် ယူကရိန်းကို ဦးစားပေးလုပ်ဆောင်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် ယင်းသည် နောက်ထပ် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်” ဟု ဇလန်းစကီးက ကြေညာပြီးနောက် “ကျွန်တော်တို့ကို လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်များ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပေးအပ်ရန် ကတိကဝတ်ပြုမှုအတွက် သမ္မတဘိုင်ဒင်နဲ့ မိတ်ဖက်နိုင်ငံအားလုံးကို ကျေးဇူးတင်ရှိပါတယ်။” ဟု X တွင် ရေးသားခဲ့သည်။

မော်စကိုဟာ အကြမ်းဖက်တိုက်ခိုက်မှု ချိန်သားကိုက်တိုက်တာဖြစ်ပြီး အစည်းအဝေးမစမီ တရက်မှာ လုပ်တာဖြစ်တယ်။ တွက်ချက်လုပ်ဆောင်တာဖြစ်တယ် ဟု အရာရှိများက ဆိုကြသည်။ “ဒါဟာ ပူတင်က နေတိုးနိုင်ငံအားလုံးကို ဟဲလိုလို့ နှုတ်ဆက်လိုက်တာပါပဲ ကျွန်တော်တို့အားလုံးကို သူနဲ့ထိပ်တိုက်တွေ့ဖို့ လမ်းလျှောက်နေတာကို သရော်လိုက်တာဖြစ်တယ်” ဟု ယူကရိန်းပါလီမန်ဥက္ကဌ ရူစလန် စတက်ဖန်ချပ်ခ်(Ruslan Stefanchuk) က ပြောပါသည်။

“မနေ့က ကလေးဆေးရုံကို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုအပါအဝင် ယူကရိန်းနိုင်ငံသားတွေအပေါ် ရုရှားရဲ့ လေကြောင်းကနေ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ဆက်လက်လိုအပ်နေကြောင်းနှင့် ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အဆိုပါလက်နက်များကို အသုံးပြုနိုင်စွမ်းရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ အနာဂတ်ကို တိုက်ခိုက်မှုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဟာ ငါတို့ရဲ့အနာဂတ်ဖြစ်လို့ပါပဲ။

Boost post

All reactions:

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 29 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း