နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီးက ယူကရိန်းကို ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား တောင်းဆို

++++++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၁၁) ရက်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ၎င်း၏ စစ်ဘေးသင့်နိုင်ငံအား ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား နိုဝင်ဘာလအထိ မစောင့်ဆိုင်းရန် သို့မဟုတ် အခြားလများအထိ မစောင့်ရန် အင်္ဂါနေ့က တိုက်တွန်းခဲ့သည်။

ဇလန်းစကီးက “ ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် လူတိုင်းက နိုဝင်ဘာလကို စောင့်နေကြတယ်” ဟု ဆိုသည်။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမ္မတရာထူးကို ရရှိနိုင်ချေ မြင့်မားလာမှုအတွက် ဝါရှင်တန်ဒီစီတွင် ကျင်းပနေသည့် နေတိုးထိပ်သီးအစည်းအဝေးတွင် စုရုံးနေသော နိုင်ငံတကာခေါင်းဆောင်များကို “ ထိပ်တန်း အမေရိကန် သမတနေရာတစ်ခုအား မည်သူက ရရှိနိုင်မည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် လူတိုင်းက နိုဝင်ဘာသမတရွေးကောက်ပွဲကို စောင့်မျှော်နေကြတယ်” ဟု ဇလန်းစကီးမှ ပြောကြားခဲ့သည်။

“အမှောင်ရိပ်တွေကနေ ရုန်းထွက်ဖို့ အချိန်တန်ပြီ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ လုပ်ဆောင်ဖို့၊ နိုဝင်ဘာလ ဒါမှမဟုတ် တခြားလကို စောင့်မနေပါနဲ့။ ဒီအဆုံးသတ်အတွက် ကျွန်တော်တို့ဟာ ခိုင်မာပြီး အတူတကွ အလျှော့မပေးဘဲ လုံးလုံးလျားလျား ရပ်ကြရပါမယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

“ပထမဆုံးအနေနဲ့၊ အမေရိက၊ အမေရိကန်ခေါင်းဆောင်တွေနဲ့ လွတ်လပ်တဲ့ကမ္ဘာရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်သမ္မတတွေဟာ ဒီမိုကရေစီကို ခုခံကာကွယ်ရာမှာ အလျှော့မပေးဘဲ နေကြပါ။ ပူတင်နဲ့ သူ့နိုင်ငံကို အလျှော့မပေးဘဲ ဖြစ်နိုင်ခြေရှိတဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတိုင်းကို အလျှော့မပေးကြပါနဲ့”ဟုပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ ရော်နယ်ရေဂင်အင်စတီကျုတွင် ဇလန်းစကီး ပြောကြားခဲ့သော မှတ်ချက်စကားသည် ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်းအတွက် ရေရှည်ပံ့ပိုးကူညီမှုပေးမည်ဟု ကြေညာထားသည့် ထိပ်သီးအစည်းအဝေး၏ ဘေးတွင်ပြုလုပ်သော အစည်းအဝေးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့်ရက်များတွင် ယူကရိန်းခေါင်းဆောင်သည် ၎င်း၏နိုင်ငံအတွက် မဟာမိတ်များ၏ ထောက်ခံမှုကို မြှင့်တင်ရန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဇလန်းစကီးက ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူကရိန်းနဲ့ တခြားမဟာမိတ်တွေရဲ့ အမေးတွေကို “အဖြေ” ပေးဖို့ အမေရိကန်ကို တိုက်တွန်းခဲ့ပြီး “ကျွန်တော်တို့ ပိုပိုရလေ ပူတင်အတွက် စစ်တိုက်ဖို့ ပိုခက်ခဲလာတယ်ဆိုတာ တစ်ကြိမ်ထက်မက သက်သေပြခဲ့ပြီးပါပြီ။ စစ်ပွဲက သူလိုတာကို ပေးနိုင်မယ်လို့ သူက ထင်နေသေးတယ်။ သူက အမေရိကန်ကို အရှက်ရစေပြီး သူလိုတာကို ရမယ်လို့ ထင်နေတုန်းပဲ”ဟု ဆိုသည်။

ယူကရိန်းတောင်ဘက် မှာယူကရိန်းက ရုရှရဲ့ လုပ်ရပ်တွေကို သိသိသာသာ ကန့်သတ်နိုင်ပြီး သိမ်းပိုက်ထားသူတွေကို အမေရိကန် ခေါင်းဆောင်ပိုင်းက ကျွန်တော်တို့ရဲ့ ယူကရိန်း ခရိုင်းမီးယားမှာ ရုရှားစစ်တပ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေအပေါ် လိုအပ်တဲ့ နက်နဲတဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကို အကူညီပေးမယ်ဆိုရင် အဲဒီနေရာကနေ တွန်းထုတ်နိုင်တယ်လို့ သူက ပြောသည်။

ဘိုင်ဒင်သည် ညနေပိုင်းတွင် ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန် ကာကွယ်ရေးအသစ်များ ထောက်ပံ့ပေးမည့် အစီအစဉ်များကို ကြေညာခြင်းဖြင့် ညနေပိုင်းတွင် စတင်ခဲ့သော သုံးရက်ကြာ ကမ္ဘာလုံးဆိုင်ရာ စုဝေးပွဲအတွင်း အမေရိကန်က ယူကရိန်းနှင့် ပတ်သက်၍ “သိသာထင်ရှားသော” ကြေညာချက်များကို ကတိပြုခဲ့သည်။

ထိပ်သီးအစည်းအဝေးမတိုင်မီတွင် နေတိုးအဖွဲ့ဝင်များက ယူကရိန်းကို အဓိကအာရုံစိုက်မည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ ဥရောပသံတမန်တစ်ဦးက “ ဦးစားပေး တစ်၊ နှစ်၊ သုံးက ယူကရိန်းပဲ” ဟု ပြောသည်။ သို့သော်လည်း စစ်ပွဲသည် သံတမန်ရေးအရ လျင်မြန်သော သို့မဟုတ် ကိယက်ဗ်အတွက် စစ်ရေးအောင်ပွဲ၏ လက္ခဏာအနည်းငယ်ဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ထောက်ခံမှုပြသမှု လုံလောက်ခြင်း ရှိမရှိ မေးခွန်းထုတ်စရာများ ထွက်ပေါ်လာသည်။

နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲတွင် ထရန့်အနိုင်ရပါက နေတိုး၏ အနာဂတ်နှင့် ပတ်သက်၍ စိုးရိမ်မှုများမှာ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဘိုင်ဒင်၏ ဆိုးရွားလှသော စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကြောင့် သမတ ပြန်လည်ရွေးကောက်ခံရမှုနှင့် ပတ်သက်ပြီး စိတ်ချရမှု မရှိခြင်းက တက်ရောက်လာသူ အများအပြားအပေါ် ဖိအားပေးလျက်ရှိသည်။

“ အမေရိကန်ပြည်သူတွေက ထရန့်ကို သမ္မတအဖြစ် မဲပေးရင် ယူကရိန်းနဲ့ အမေရိကန်ရဲ့မူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု အင်္ဂါနေ့ညက Fox News ၏ Bret Baier နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဇလန်းစကီးက ပြောကြားခဲ့သည်။ သူ့အနေနှင့် သမတဟောင်းကို ကောင်းကောင်းမသိခဲ့ပါဟု ဆိုသည်။ သို့သော် ထရန့်အစိုးရလက်ထက်တွင် ၎င်းတို့နှစ်ဦးသည် “ကောင်းမွန်သော တွေ့ဆုံမှုများ” ရှိခဲ့ကြသည်။

သေမင်းတမန် ရုရှားတိုက်ခိုက်မှု နောက်ဆက်တွဲ ဆိုက်ရောက်လာခြင်း

+++++++++++++++++++++++++++++++++++++++

တနင်္လာနေ့ညနေပိုင်းတွင် အမေရိကန်မြို့တော်၌ အစည်းအဝေးကိုဇလန်းစကီးတက်ရောက်နေစဉ်အတွင်း ထိုနေ့အစောပိုင်းက ယူကရိန်းတစ်ဝှမ်းရှိ မြို့များကို ရုရှားက အသေအပျောက်များသော တိုက်ခိုက်မှုများကြောင့် ကြေကွဲစရာများနှင့် တွေ့ကြုံခဲ့ရသည်။ ယူကရိန်း၏ အကြီးဆုံး ကလေးဆေးရုံ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အဆောက်အအုံများကို ဒုံးကျည်များ ထိမှန်ခဲ့ပြီး လူ ၃ ဒါဇင်ကျော် သေဆုံးခဲ့သည်။

ကရင်မလင်က တိုက်ခိုက်မှုနောက်ကွယ်တွင်မရှိဟု ရုရှားအရာရှိများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဇလန်းစကီးက ၎င်း၏ မှတ်ချက်တွင် “ရုရှားက သူ့ရဲ့ ဒုံးကျည်တွေ ဘယ်နေရာကို ပစ်တယ်ဆိုတာ အမြဲတမ်း အမြဲတမ်း သိပါတယ်” ဟု ဆိုသည်။ အင်္ဂါနေ့ညနေပိုင်းတွင် အမေရိကန်နှင့် ၎င်း၏ NATO မဟာမိတ်အချို့က ယူကရိန်းအား Patriot ဒုံးစနစ်ဘက်ထရီများနှင့် နောက်ထပ်စနစ်များ ပေးအပ်မည်ဟု ကြေညာခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ရုရှားလေကြောင်းရန်မှ ကာကွယ်ရန် ကိယက်ဗ်မြို့၌ လေကြောင်းရန်ကာကွယ်ရေးများ အားကောင်းလာစေမည်ဖြစ်သည်။

အမေရိကန်၊ ဂျာမနီနှင့် ရိုမေးနီးယားတို့သည် Patriot ဘက်ထရီတစ်လုံးစီ ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်သာလန်သည် နောက်ထပ် Patriot ဘက်ထရီကို အသုံးပြုနိုင်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အီတလီနိုင်ငံသည် SAMP-T တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။

“ ဝေဟင်ကာကွယ်ရေးဒုံးကျည်များ ပေးပို့ရာတွင် ယူကရိန်းကို ဦးစားပေးလုပ်ဆောင်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် ယင်းသည် နောက်ထပ် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်” ဟု ဇလန်းစကီးက ကြေညာပြီးနောက် “ကျွန်တော်တို့ကို လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်များ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပေးအပ်ရန် ကတိကဝတ်ပြုမှုအတွက် သမ္မတဘိုင်ဒင်နဲ့ မိတ်ဖက်နိုင်ငံအားလုံးကို ကျေးဇူးတင်ရှိပါတယ်။” ဟု X တွင် ရေးသားခဲ့သည်။

မော်စကိုဟာ အကြမ်းဖက်တိုက်ခိုက်မှု ချိန်သားကိုက်တိုက်တာဖြစ်ပြီး အစည်းအဝေးမစမီ တရက်မှာ လုပ်တာဖြစ်တယ်။ တွက်ချက်လုပ်ဆောင်တာဖြစ်တယ် ဟု အရာရှိများက ဆိုကြသည်။ “ဒါဟာ ပူတင်က နေတိုးနိုင်ငံအားလုံးကို ဟဲလိုလို့ နှုတ်ဆက်လိုက်တာပါပဲ ကျွန်တော်တို့အားလုံးကို သူနဲ့ထိပ်တိုက်တွေ့ဖို့ လမ်းလျှောက်နေတာကို သရော်လိုက်တာဖြစ်တယ်” ဟု ယူကရိန်းပါလီမန်ဥက္ကဌ ရူစလန် စတက်ဖန်ချပ်ခ်(Ruslan Stefanchuk) က ပြောပါသည်။

“မနေ့က ကလေးဆေးရုံကို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုအပါအဝင် ယူကရိန်းနိုင်ငံသားတွေအပေါ် ရုရှားရဲ့ လေကြောင်းကနေ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ဆက်လက်လိုအပ်နေကြောင်းနှင့် ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အဆိုပါလက်နက်များကို အသုံးပြုနိုင်စွမ်းရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ အနာဂတ်ကို တိုက်ခိုက်မှုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဟာ ငါတို့ရဲ့အနာဂတ်ဖြစ်လို့ပါပဲ။

Boost post

All reactions:

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု