နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီးက ယူကရိန်းကို ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား တောင်းဆို

++++++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၁၁) ရက်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ၎င်း၏ စစ်ဘေးသင့်နိုင်ငံအား ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား နိုဝင်ဘာလအထိ မစောင့်ဆိုင်းရန် သို့မဟုတ် အခြားလများအထိ မစောင့်ရန် အင်္ဂါနေ့က တိုက်တွန်းခဲ့သည်။

ဇလန်းစကီးက “ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် လူတိုင်းက နိုဝင်ဘာလကို စောင့်နေကြတယ်” ဟု ဆိုသည်။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမ္မတရာထူးကို ရရှိနိုင်ချေ မြင့်မားလာမှုအတွက် ဝါရှင်တန်ဒီစီတွင် ကျင်းပနေသည့် နေတိုးထိပ်သီးအစည်းအဝေးတွင် စုရုံးနေသော နိုင်ငံတကာခေါင်းဆောင်များကို “ထိပ်တန်း အမေရိကန် သမတနေရာတစ်ခုအား မည်သူက ရရှိနိုင်မည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် လူတိုင်းက နိုဝင်ဘာသမတရွေးကောက်ပွဲကို စောင့်မျှော်နေကြတယ်” ဟု ဇလန်းစကီးမှ ပြောကြားခဲ့သည်။

“အမှောင်ရိပ်တွေကနေ ရုန်းထွက်ဖို့ အချိန်တန်ပြီ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ လုပ်ဆောင်ဖို့၊ နိုဝင်ဘာလ ဒါမှမဟုတ် တခြားလကို စောင့်မနေပါနဲ့။ ဒီအဆုံးသတ်အတွက် ကျွန်တော်တို့ဟာ ခိုင်မာပြီး အတူတကွ အလျှော့မပေးဘဲ လုံးလုံးလျားလျား ရပ်ကြရပါမယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

“ပထမဆုံးအနေနဲ့၊ အမေရိက၊ အမေရိကန်ခေါင်းဆောင်တွေနဲ့ လွတ်လပ်တဲ့ကမ္ဘာရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်သမ္မတတွေဟာ ဒီမိုကရေစီကို ခုခံကာကွယ်ရာမှာ အလျှော့မပေးဘဲ နေကြပါ။ ပူတင်နဲ့ သူ့နိုင်ငံကို အလျှော့မပေးဘဲ ဖြစ်နိုင်ခြေရှိတဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတိုင်းကို အလျှော့မပေးကြပါနဲ့”ဟုပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ ရော်နယ်ရေဂင်အင်စတီကျုတွင် ဇလန်းစကီး ပြောကြားခဲ့သော မှတ်ချက်စကားသည် ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်းအတွက် ရေရှည်ပံ့ပိုးကူညီမှုပေးမည်ဟု ကြေညာထားသည့် ထိပ်သီးအစည်းအဝေး၏ ဘေးတွင်ပြုလုပ်သော အစည်းအဝေးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့်ရက်များတွင် ယူကရိန်းခေါင်းဆောင်သည် ၎င်း၏နိုင်ငံအတွက် မဟာမိတ်များ၏ ထောက်ခံမှုကို မြှင့်တင်ရန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဇလန်းစကီးက ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူကရိန်းနဲ့ တခြားမဟာမိတ်တွေရဲ့ အမေးတွေကို “အဖြေ” ပေးဖို့ အမေရိကန်ကို တိုက်တွန်းခဲ့ပြီး “ကျွန်တော်တို့ ပိုပိုရလေ ပူတင်အတွက် စစ်တိုက်ဖို့ ပိုခက်ခဲလာတယ်ဆိုတာ တစ်ကြိမ်ထက်မက သက်သေပြခဲ့ပြီးပါပြီ။ စစ်ပွဲက သူလိုတာကို ပေးနိုင်မယ်လို့ သူက ထင်နေသေးတယ်။ သူက အမေရိကန်ကို အရှက်ရစေပြီး သူလိုတာကို ရမယ်လို့ ထင်နေတုန်းပဲ”ဟု ဆိုသည်။

ယူကရိန်းတောင်ဘက် မှာယူကရိန်းက ရုရှရဲ့ လုပ်ရပ်တွေကို သိသိသာသာ ကန့်သတ်နိုင်ပြီး သိမ်းပိုက်ထားသူတွေကို အမေရိကန် ခေါင်းဆောင်ပိုင်းက ကျွန်တော်တို့ရဲ့ ယူကရိန်း ခရိုင်းမီးယားမှာ ရုရှားစစ်တပ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေအပေါ် လိုအပ်တဲ့ နက်နဲတဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကို အကူညီပေးမယ်ဆိုရင် အဲဒီနေရာကနေ တွန်းထုတ်နိုင်တယ်လို့ သူက ပြောသည်။

ဘိုင်ဒင်သည် ညနေပိုင်းတွင် ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန် ကာကွယ်ရေးအသစ်များ ထောက်ပံ့ပေးမည့် အစီအစဉ်များကို ကြေညာခြင်းဖြင့် ညနေပိုင်းတွင် စတင်ခဲ့သော သုံးရက်ကြာ ကမ္ဘာလုံးဆိုင်ရာ စုဝေးပွဲအတွင်း အမေရိကန်က ယူကရိန်းနှင့် ပတ်သက်၍ “သိသာထင်ရှားသော” ကြေညာချက်များကို ကတိပြုခဲ့သည်။

ထိပ်သီးအစည်းအဝေးမတိုင်မီတွင် နေတိုးအဖွဲ့ဝင်များက ယူကရိန်းကို အဓိကအာရုံစိုက်မည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ ဥရောပသံတမန်တစ်ဦးက “ဦးစားပေး တစ်၊ နှစ်၊ သုံးက ယူကရိန်းပဲ” ဟု ပြောသည်။ သို့သော်လည်း စစ်ပွဲသည် သံတမန်ရေးအရ လျင်မြန်သော သို့မဟုတ် ကိယက်ဗ်အတွက် စစ်ရေးအောင်ပွဲ၏ လက္ခဏာအနည်းငယ်ဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ထောက်ခံမှုပြသမှု လုံလောက်ခြင်း ရှိမရှိ မေးခွန်းထုတ်စရာများ ထွက်ပေါ်လာသည်။

နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲတွင် ထရန့်အနိုင်ရပါက နေတိုး၏ အနာဂတ်နှင့် ပတ်သက်၍ စိုးရိမ်မှုများမှာ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဘိုင်ဒင်၏ ဆိုးရွားလှသော စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကြောင့် သမတ ပြန်လည်ရွေးကောက်ခံရမှုနှင့် ပတ်သက်ပြီး စိတ်ချရမှု မရှိခြင်းက တက်ရောက်လာသူ အများအပြားအပေါ် ဖိအားပေးလျက်ရှိသည်။

“အမေရိကန်ပြည်သူတွေက ထရန့်ကို သမ္မတအဖြစ် မဲပေးရင် ယူကရိန်းနဲ့ အမေရိကန်ရဲ့မူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု အင်္ဂါနေ့ညက Fox News ၏ Bret Baier နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဇလန်းစကီးက ပြောကြားခဲ့သည်။ သူ့အနေနှင့် သမတဟောင်းကို ကောင်းကောင်းမသိခဲ့ပါဟု ဆိုသည်။ သို့သော် ထရန့်အစိုးရလက်ထက်တွင် ၎င်းတို့နှစ်ဦးသည် “ကောင်းမွန်သော တွေ့ဆုံမှုများ” ရှိခဲ့ကြသည်။

သေမင်းတမန် ရုရှားတိုက်ခိုက်မှု နောက်ဆက်တွဲ ဆိုက်ရောက်လာခြင်း

+++++++++++++++++++++++++++++++++++++++

တနင်္လာနေ့ညနေပိုင်းတွင် အမေရိကန်မြို့တော်၌ အစည်းအဝေးကိုဇလန်းစကီးတက်ရောက်နေစဉ်အတွင်း ထိုနေ့အစောပိုင်းက ယူကရိန်းတစ်ဝှမ်းရှိ မြို့များကို ရုရှားက အသေအပျောက်များသော တိုက်ခိုက်မှုများကြောင့် ကြေကွဲစရာများနှင့် တွေ့ကြုံခဲ့ရသည်။ ယူကရိန်း၏ အကြီးဆုံး ကလေးဆေးရုံ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အဆောက်အအုံများကို ဒုံးကျည်များ ထိမှန်ခဲ့ပြီး လူ ၃ ဒါဇင်ကျော် သေဆုံးခဲ့သည်။

ကရင်မလင်က တိုက်ခိုက်မှုနောက်ကွယ်တွင်မရှိဟု ရုရှားအရာရှိများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဇလန်းစကီးက ၎င်း၏ မှတ်ချက်တွင် “ရုရှားက သူ့ရဲ့ ဒုံးကျည်တွေ ဘယ်နေရာကို ပစ်တယ်ဆိုတာ အမြဲတမ်း အမြဲတမ်း သိပါတယ်” ဟု ဆိုသည်။ အင်္ဂါနေ့ညနေပိုင်းတွင် အမေရိကန်နှင့် ၎င်း၏ NATO မဟာမိတ်အချို့က ယူကရိန်းအား Patriot ဒုံးစနစ်ဘက်ထရီများနှင့် နောက်ထပ်စနစ်များ ပေးအပ်မည်ဟု ကြေညာခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ရုရှားလေကြောင်းရန်မှ ကာကွယ်ရန် ကိယက်ဗ်မြို့၌ လေကြောင်းရန်ကာကွယ်ရေးများ အားကောင်းလာစေမည်ဖြစ်သည်။

အမေရိကန်၊ ဂျာမနီနှင့် ရိုမေးနီးယားတို့သည် Patriot ဘက်ထရီတစ်လုံးစီ ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်သာလန်သည် နောက်ထပ် Patriot ဘက်ထရီကို အသုံးပြုနိုင်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အီတလီနိုင်ငံသည် SAMP-T တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။

“ဝေဟင်ကာကွယ်ရေးဒုံးကျည်များ ပေးပို့ရာတွင် ယူကရိန်းကို ဦးစားပေးလုပ်ဆောင်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် ယင်းသည် နောက်ထပ် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်” ဟု ဇလန်းစကီးက ကြေညာပြီးနောက် “ကျွန်တော်တို့ကို လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်များ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပေးအပ်ရန် ကတိကဝတ်ပြုမှုအတွက် သမ္မတဘိုင်ဒင်နဲ့ မိတ်ဖက်နိုင်ငံအားလုံးကို ကျေးဇူးတင်ရှိပါတယ်။” ဟု X တွင် ရေးသားခဲ့သည်။

မော်စကိုဟာ အကြမ်းဖက်တိုက်ခိုက်မှု ချိန်သားကိုက်တိုက်တာဖြစ်ပြီး အစည်းအဝေးမစမီ တရက်မှာ လုပ်တာဖြစ်တယ်။ တွက်ချက်လုပ်ဆောင်တာဖြစ်တယ် ဟု အရာရှိများက ဆိုကြသည်။ “ဒါဟာ ပူတင်က နေတိုးနိုင်ငံအားလုံးကို ဟဲလိုလို့ နှုတ်ဆက်လိုက်တာပါပဲ ကျွန်တော်တို့အားလုံးကို သူနဲ့ထိပ်တိုက်တွေ့ဖို့ လမ်းလျှောက်နေတာကို သရော်လိုက်တာဖြစ်တယ်” ဟု ယူကရိန်းပါလီမန်ဥက္ကဌ ရူစလန် စတက်ဖန်ချပ်ခ်(Ruslan Stefanchuk) က ပြောပါသည်။

“မနေ့က ကလေးဆေးရုံကို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုအပါအဝင် ယူကရိန်းနိုင်ငံသားတွေအပေါ် ရုရှားရဲ့ လေကြောင်းကနေ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ဆက်လက်လိုအပ်နေကြောင်းနှင့် ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အဆိုပါလက်နက်များကို အသုံးပြုနိုင်စွမ်းရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ အနာဂတ်ကို တိုက်ခိုက်မှုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဟာ ငါတို့ရဲ့အနာဂတ်ဖြစ်လို့ပါပဲ။

Boost post

All reactions:

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက