နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယနေ့ စကားစစ်ထိုးပွဲမတိုင်မီ ထရမ့်၏ စည်းရုံးလှုံ့ဆော်အဖွဲ့သည် ဟဲရစ်ကို တိုက်ခိုက်မည့်အချက်အချို့ကို ဖော်ပြခဲ့သည်။

စက်တင်ဘာလ (၁၀) ရက်။

တနင်္လာနေ့တွင် ထရမ့်မဲဆွယ်စည်းရုံးမှုအဖွဲ့သည် ABC ၏ သမ္မတစကားစစ်ထိုးပွဲတွင် သမ္မတဟောင်းထရမ့်က အသုံးချဖွယ်ရှိသော တိုက်ခိုက်မှုအချို့ကို ကြိုတင်တပ်ဖြန့်ချထားခဲ့ပုံရသည်။ ဒုသမ္မတ ကင်မလာဟဲရစ်သည် “ဤအစိုးရထံမှ အရာအားလုံးကို ပိုင်ဆိုင်ထားသည်” ဟု ထရမ့်အဖွဲ့က စောဒကတက်ခဲ့သည်။

အင်္ဂါနေ့ စကားစစ်ထိုးပွဲ မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်မဲဆွယ်စည်းရုံးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေဆင်မီလာ (Jason Miller) က ဟဲရစ်၏ အမေရိကန်-မက္ကဆီကို နယ်စပ်နှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေးတို့ကို ကိုင်တွယ်ပုံကို ထောက်ပြခဲ့ပြီး ဟဲရစ် သည် ထောက်ပံ့ရေးဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြုရန်နှင့် အာဖဂန်နစ္စတန်မှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးတို့ကို အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် မဲညီနေသည့်အချိန်တွင် သူ့မဲတခုအသာဖြင့် အနိုင်ယူခဲ့ပြီး ဟဲရစ်သည် ထိုလုပ်ရပ်ကို “သူမကြောင့် အောင်မြင်ခဲ့သည်” ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

“မနက်ဖြန် စကားစစ်ထိုးပွဲအတွင်း အံ့အားသင့်စရာများ ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မီလာက ဆိုသည်။ မီလာက CNN နှင့် ဟဲရစ်အင်တာဗျူးတွင် သူမ၏ “တန်ဖိုးတွေက မပြောင်းလဲသွားဘူး” ဟု ပြောခဲ့သည်။ “ သူမ အဲဒီလို ဖြေခဲ့တဲ့ အပေါ်မှာ မေးခွန်းတွေရှိလာခဲ့တယ် ကင်မလာဟဲရစ်ပြောတဲ့ သူ့တန်ဖိုးက ဘာတွေလဲဆိုတာကို မေးမြန်းဖို့ တံခါးပွင့်လာတာပေါ့ မူလအစမှနေပြီး သူတောက်လျှောက် နှစ်များတစ်လျှောက် သူဘာတွေလုပ်ဆောင်နေခဲ့တယ် ဘယ်လိုရပ်တည်ချက်ရှိခဲ့တယ်ဆိုတာနေမေးစရာတွေရှိတယ်” ဟု မီလာက ပြောခဲ့သည်။

နိုင်ငံကို အုပ်ချုပ်သူဟာ သမ္မတဂျိုးဘိုင်ဒင် မဟုတ်ဘဲ ဟားရစ်သာ ဖြစ်ကြောင်း မီလာက ပြောကြားခဲ့ပြီး တစ်ချိန်တွင်မီလာက ဟာရစ်သည် သမ္မတ မဟုတ်သော်လည်း ဘိုင်ဒင်အုပ်ချုပ်ရေးကို “ဟားရစ်-ဘိုင်ဒင်” အုပ်ချုပ်ရေးအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။ ထရန့် နှင့် ပတ်သက်၍ မီလာက “ သမ္မတဟောင်းက သူ့ကိုယ်ပိုင်အခြေအနေအတိုင်းပဲ ဖြစ်မယ်” ဟုဆိုသည်။ “ ဒီနေရာမှာ သတိထားဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။” သူက ဆက်လက်ပြီး “ ဟဲရစ်ရဲ့စည်းရုံးရေး အဖွဲ့မှာသမ္မတ သမတဟောင်းအိုဘားမားအတွက် အလုပ်လုပ်ပေးခဲ့တဲ့ အကြံပေးအသစ်တွေနဲ့ လေ့ကျင့်ပေးနေပြီး ဟဲရစ်ကိုယ်တိုင်တောင် မသိဘူး” ဟု ထပ်လောင်းပြောခဲ့သည်။

မီလာက “ဒီလူစိမ်းလူသစ်တွေအားလုံးဟာ သူမခေါင်းထဲမှာ အတွေးတွေထည့်ဖို့ ကြိုးစားနေကြတဲ့သူတွေပါ။ ဒါက ဘာလဲဆိုတာ သူမ မသိပါဘူး။ ဘာစိတ်ကူးမှလဲမရှိ။ ပြီးတော့ သူမက ဘယ်လိုလူ အမျိုးအစား ဖြစ်ချင်လဲဆိုတာ သိဖို့ ကြိုးစားနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူမရဲ့ ရပ်တည်ချက်တွေက ပြောင်းလဲနေတယ်၊ ဒါပေမဲ့ သူမရဲ့တန်ဖိုးကတော့ မပြောင်းလဲဘူး ဆိုပါတော့”။

“ ထရမ့် ဘယ်လို ပြင်ဆင်နေသလဲ” ဟု မေးတော့ မီလာက “ ထရမ့်ဟာ အချိန်ကြာကြာ အင်တာဗျူးတွေနဲ့ ခပ်တိုတို အင်တာဗျူးတွေ၊ သတင်းစာ ရှင်းလင်းပွဲတွေ၊ လူထုစုဝေးပွဲတွေနဲ့ မြို့တော်ခန်းမတွေမှာ ရှင်းလင်းပြောကြားပေးနေတယ်” ဟု ပြောပါသည်။

“ဖြစ်နိုင်သမျှ မေးခွန်းပုံစံတိုင်းကို သမ္မတထရမ့်က ဒီကမ်ပိန်းတစ်ခုလုံးအတွက် အားစိုက်လုပ်နေတာဖြစ်လို့ အဲဒါအတွက် ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် စက်တင်ဘာ ၇ ရက်၊ ဝစ်စကွန်စင် မိုစင်နီး (Wisconsin၊ Mosinee) ရှိ ဝစ်စကွန်စင် ဗဟိုလေဆိပ်တွင် မဲဆွယ်စည်းရုံးမှုအတွင်း မိန့်ခွန်းပြောနေစဉ်။ Getty Image

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 6 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့်
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 12 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 14 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်များ တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို အောက်ပါအတိုင်း မြန်မာဘာသာ ဖြင့် အနှစ်ချုပ် တင်ပြအပ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက် ၁။ တိုက်ခိုက်ခံရသည့် နေရာများ အီရန်နိုင်ငံ ဆောက်ပါး(South Pars) ဓာတ်ငွေ့သိုက် ။ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် နေရာဖြစ်သည်။ ယင်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်