နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘိုင်ဒင်သည် ထောင်ဒဏ် အမှု ၁၅၀၀ကို လျော့ပေါ့ပေးလိုက်ပြီး အကြမ်းမဖက်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဒီဇင်ဘာလ (၁၂) ရက်။

ဤလွတ်ငြိမ်းချမ်းသာခွင့်ပေးမှုသည် ဘိုင်ဒင်၏လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၏ နောက်ဆုံးအကြိမ် မဟုတ်ကြောင်း အိမ်ဖြူတော်က အရိပ်အမြွက် ပြောကြားခဲ့သည်။

“ အကြမ်းမဖက်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်မှာ ခြေချုပ်ချထားတဲ့ လူပေါင်း ၁၅၀၀ ကို ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးလိုက်တယ်” ဟု ကြာသပတေးနေ့မှာ သမ္မတဂျိုးဘိုင်ဒင်က “မိမိကိုယ်ကို ပြန်လည် ပြုပြင်ထူထောင်ရေးကို အောင်မြင်အောင် ပြသနိုင်ခဲ့ပြီး သူတို့ရဲ့ လူမှုအသိုက်အဝန်းကို ပိုမိုခိုင်ခံ့လုံခြုံစေဖို့အတွက် သူတို့က ကတိကဝတ်ပြုခဲ့ပါတယ် “ ဟု ပြောကြားခဲ့ပါသည်။

အိမ်ဖြူတော်က အဆိုပါလုပ်ရပ်သည် ခေတ်သစ်သမိုင်းတွင် တရက်အတွင်း အကြီးမားဆုံးပေးအပ်လိုက်သော လွတ်ငြိမ်းခွင့်အဖြစ် ဖော်ပြခဲ့သည်။

“ COVID ကပ်ရောဂါကာလအတွင်း အိမ်မှာချုပ်နှောင်ထားခံခဲ့ရတဲ့ ဒီပြစ်ဒဏ် လျော့ပေါ့ပေးခံရသူတွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေထဲကို အောင်မြင်စွာ ပြန်လည် ပေါင်းစည်းပြီး ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်” ဟု ဘိုင်ဒင် မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်ဖြူတော်၏ အချက်အလက်မှတ်တမ်းအရ ကြာသပတေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲမှ အချို့မှာ ကျန်းမာရေးချို့တဲ့နေသည့် ဘုရားကျောင်းအဖွဲ့ဝင်များကို အချိန်ပေးကူညီသည့် စစ်မှုထမ်းဟောင်းတစ်ဦး၊ အရေးပေါ်တုံ့ပြန်မှုတွင် ကူညီပေးခဲ့သော သူနာပြုတစ်ဦးနှင့် မူးယစ်ဆေး စွဲလမ်းနေသည့် လူငယ်များအားဆေးဖြတ်ရန် ကူညီပေးသည့် စေတနာ့ဝန်ထမ်း အကြံပေးတစ်ဦးတို့ ပါဝင်သည်။

အိမ်ဖြူတော်က ၎င်း၏လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် သမတအဖြစ်မှ မနှုတ်ထွက်မီလအတွင်းနောက်ဆုံးပေးခြင်း မဟုတ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး “ လာမည့်ရက်သတ္တပတ်များအတွင်း သမ္မတသည် အဓိပ္ပာယ်ပြည့်ဝသော ဒုတိယအခွင့်အရေးများ ပေးဆောင်ရန် နောက်ထပ် ခြေလှမ်းများကိုဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး နောက်ထပ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် အပြောင်းအလဲများကို ဆက်လက်သုံးသပ်ရန်” ရှိသည်ဟု အိမ်ဖြူတော်က အရိပ်အမြွက် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 39 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 51 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်