နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏သမီး အီဗန်ကာထရန့် နိုင်ငံရေးတွင် မပါတော့ဟုဆို

+++++++++++++++++++++++++++++++++++++

“ကျမ နိုင်ငံရေးလောကကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိဘူး”

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏သမီးအကြီးဆုံး အီဗန်ကာထရန့်သည် အရွယ်ရောက်ပြီး ကတည်းက သူမ၏ဖခင်အတွက် သူမဘဝတစ်လျှောက်လုံး အလုပ်လုပ်ခဲ့သည်။

အီဗန်ကာသည် အိမ်ခြံမြေသူဌေးဖြစ်ခဲ့စဉ်က ထရန့်၏နောက်ဆောက်မည့်ဟိုတယ်ကို ဒီဇိုင်းဆွဲခဲ့သည်။ ထရန့်သည် ရုပ်မြင်သံကြားဌာန၏ လက်တွေ့ Reality TV တွင် ပါဝင်သရုပ်ဆောင်ခဲ့စဉ်က သူမသည် တီဗီဌာန၏ အစည်းအဝေးခန်းတွင် နေခဲ့သည်။ ထရန့် သမ္မတယှဉ်ပြိုင်စဉ်က သူမသည် မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့သည်။ ထရန့်၏ ပထအကြိမ်သမ္မတသက်တမ်းအတွင်း အိမ်ဖြူတော်၏ အနောက်တောင်ပံတွင်ရှိသည့် ရုံးခန်းတွင် သူမ ရုံးထိုင်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အီဗန်ကာသည် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်မှ ထွက်ခွာခဲ့ပြီး သူမဖခင်၏ အလုပ်မှ နှုတ်ထွက်ခဲ့သည်။

အီဗန်ကာသည် နိုင်ငံရေးနှင့် အဆက်အသွယ် ဖြတ်လိုက်ပြီး နိုင်ငံရေးလောကသို့ သူမ ပြန်လာရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် သူမ၏ဖခင်သည် သမ္မတလောင်းအဖြစ် တတိယအကြိမ်မြောက် ဝင်ရောက်ရွေးချယ်ရန် ကြေညာပြီးနောက်တွင် အီဗန်ကာက “ကျွန်မအဖေကို အရမ်းချစ်ပါတယ်၊ ဒီတစ်ကြိမ်မှာတော့ ကျွန်မရဲ့ကလေးငယ်တွေနဲ့ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စကို ဦးစားပေးသွားမှာပါ” ဟု ဆိုခဲ့သည်။ “နိုင်ငံရေးမှာ ပါဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

အီဗန်ကာနှင့် နီးစပ်သော သတင်းရင်းမြစ်များက ထရန့်၏ ယခုနှစ် သမ္မတ ရွေးကောက်ပွဲအပြီး အနိုင်ရသည့်အချိန်တွင် သူမ၏ မှတ်ချက်များသည် မပြောင်းလဲသေးကြောင်း ပြောကြားခဲ့သည်။ သူမနှင့် သူမ၏ခင်ပွန်း ဂျဲရက်ကွပ်ရှနာတို့သည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖလော်ရီဒါပြည်နယ် မိုင်ယာမီတွင် အများသူငှာ အာရုံစိုက်ခံရမှုကို ရှောင်လွှဲခဲ့ပြီး လူအများ သတိမထားသောနေရာတွင် နေထိုင်ခဲ့သည်။

ယင်းအချက်သည် ထရန့်၏ အရင်းနှီးဆုံးလက်ထောက်တစ်ဦးအတွက် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခုဖြစ်ပြီး အိမ်ဖြူတော်တွင် သူမ၏ ပထမဆုံး လေးနှစ်တာ တုန်လှုပ်ချောက်ချားမှုအပြီးမှာ အပြောင်းအလဲတစ်ခုကို သူမကိုယ်တိုင် တမင်တကာ ဖန်တီးလိုက်ခြင်းဖြစ်ပါသည်။

အီဗန်ကာသည် သူမဖခင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအတွက် စဉ်ဆက်မပြတ် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ၏ဖခင်၏ဆုံးဖြတ်ချက်များသည် သူမ၏ လုံးဝလွှမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်နိုင်စွမ်း မရှိသော ဆုံးဖြတ်ချက်များ ဖြစ်သည်ဟု သူမက ပြောခဲ့သည်။

အီဗန်ကာသည် ကျင့်ဝတ်ဆိုင်ရာမေးခွန်းများစွာကြားတွင် သူမ အတော်အတန် အောင်မြင်သော အဝတ်အစားနှင့် ဆက်စပ်ပစ္စည်းများအမှတ်တံဆိပ်ကို ပိတ်လိုက်ရပြီး သူမ၏ လစ်ဘရယ်ကျသည့် (အလယ်အလတ်လမ်းစဉ်ကိုကျင့်သုံးသည့်) နယူးယောက်၊မှ လူမှုရေးမိတ်ဆွေအချို့နှင့်လည်း ကင်းကွာသွားခဲ့ရသည်။

သူမ နိုင်ငံရေးမှ ထွက်ခွာသွားခြင်းမှာ သူမအဖေနှင့် သူမသည် ရဲဘော်ရဲဖက် မဟုတ်တော့ဟု အဓိပ္ပါယ်ရသည်။ ထို့အပြင် သူမသည် သမ္မတရာထူးနှင့် နီးစပ်မှုမှ အကျိုးအမြတ် ရရှိသည့် မိသားစုစီးပွားရေးမှ ခြားနားသည့် နေထိုင်မှုပုံစံဖြင့် လမ်းကြောင်းသစ်တစ်ခုကို ဖောက်ထွက်ရန် ပုံဖော်နေသည်။

“ နိုင်ငံရေးဆိုတာ မှောင်မိုက်တဲ့ကမ္ဘာတစ်ခုပါ။ အမှောင်ထုနဲ့ အဆိုးမြင်စိတ်တွေ အများကြီးရှိတယ်၊ အဲဒါက လူသားတစ်ယောက်အနေနဲ့ ခံစားရတာနဲ့ ဆန့်ကျင်ဘက်ပါပဲ” ဟု အီဗန်ကာက ဇူလိုင်လတွင် ပေါ့တ်ကာစ်တစ်ခုတွင် ပြောကြားခဲ့သည်။ “နိုင်ငံရေးဟာ တကယ့်ကို ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် ကျမ မပါဝင်ဘူးလို့ ဆုံးဖြတ်တာဟာ မှန်ကန်တယ်လို့ ခံစားပါရတယ်” ဟု သူမက ဆက်ပြောပါသည်။

အီဗန်ကာနှင့် နီးစပ်သော သတင်းရင်းမြစ်များက သူမသည် သူမ၏ဖခင်နှင့် ပုံမှန်စကားပြောလေ့ရှိပြီး အမျိုးမျိုးသောကိစ္စရပ်များအတွက် သူမ၏ဖခင်အား အလွတ်သဘော ဆက်လက်အကြံပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ဝန်ထမ်းများနှင့် အကြံပေးပုဂ္ဂိုလ်များသည် အီဗန်ကာ၏ အောင်မြင်မှုများနှင့် သမ္မတထံပေးခဲ့သည့် အကြံဉာဏ်များကို မီးမောင်းထိုးပြခဲ့သည်။ တစ်ခါတစ်ရံတွင် အီဗန်ကာ၏ အလုပ်အား အသိအမှတ်ပြုခံခဲ့ရသည်။

“ အီဗန်ကာသည် အိမ်ဖြူတော်အတွက် ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ယူစွာ ဦးဆောင်ကာ အုပ်ချုပ်ရေး၏ မူဝါဒအောင်မြင်မှုများကို မြှင့်တင်ပေးသည်” ဟု ထရန့်၏ ကိုယ်စားလှယ်က CNN သို့ ကြေညာချက်တွင် ပြောကြားခဲ့သည်။

မိဘအရိုက်အရာ “ ဆက်ခံသူ” မှ ပြောင်းလဲသွားခြင်း

++++++++++++++++++++++++++

ထရန့်၏ပထမသက်တမ်းကုန်ဆုံးခါနီးတွင် အီဗန်ကာသည် သူမ၏ဖခင်နှင့်လိုက်လျောညီထွေစွာ “ ပါတီမူဝါဒအရ စစ်ဆေးမှုများ” ကို ပြစ်တင်ရှုတ်ချခြင်းဖြင့် အီဗန်ကာသည် ပိုမိုတိုက်ခိုက်သောပုဂ္ဂိုလ်အဖြစ် ပေါ်ထွက်လာခဲ့သည်။ သူမသည် ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးတွင်လည်း “ တင်းမာသော” သဘောထားရှိသူအဖြစ် ဖော်ပြခံရသည်။

ထိုအချိန်တွင် သတင်းရင်းမြစ်များက သူမသည် အနာဂတ်တွင် သမတအဖြစ် ဝင်ရောက်အရွေးခံရမည်ဟု ခန့်မှန်းထားပြီး ထရန့် မိသားစုနှင့် အတူအလုပ်လုပ်သော သတင်းရင်းမြစ်တစ်ခုက ထရန့်သည် သူ့သမီးကို မိဘအရိုက်အရာ “ ဆက်ခံသူ” အဖြစ် ရှုမြင်သည်ဟု ဆိုသည်။

သို့သော် ထရန့်၏ပထမသက်တမ်းအဆုံးသတ်သည် အီဗန်ကာသည် မိသားစုအတွက် လိုအပ်သော အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန်လွှတ်တော်ကို တိုက်ခိုက်မှုအပြီးတွင် ထရန့်သည် ဝါရှင်တန်မှ နှင်ထုတ်ခံခဲ့ရပြီး ဖလော်ရီဒါသို့ ပြောင်းရွှေ့ခဲ့သည်။

နိုင်ငံရေးမှ ထွက်ခွာရန် အိုင်ဗန်ကာ၏ ဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ရင်ဆိုင်ခဲ့ရသော ပိုမိုခက်ခဲသော ကိုယ်ရေးကိုယ်တာ ဖြစ်ရပ်များကြောင့်လည်း ဖြစ်နိုင်သည်။ ၎င်း၏ချစ်လှစွာသောမိခင် အီဗန်နာထရန့်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နယူးယောက်စီးတီးရှိ သူမ၏နေအိမ်တွင်ရုတ်တရက်သေဆုံးသွားခဲ့သည်။

သူမ၏ခင်ပွန်းကွပ်ရှနာသည် ကျန်းမာရေးပြဿနာများရှိနေပြီး သိုင်းရွိုက်ကင်ဆာအတွက် ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် သူမ၏မိသားစုသည် ဖလော်ရီဒါပြည်နယ် မိုင်ယာမီသို့ ပြောင်းရွှေ့လာချိန်မှစ၍ အီဗန်ကာသည် လူအများသိထားသည့် ရန်လိုသူအဖြစ်မှ သဘောထားပျော့ပြောင်းသူအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်ဟု သူမသူငယ်ချင်းများက ပြောသည်။

အီဗန်ကာသည် နိုင်ငံရေးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည့် သူမ၏ဆုံးဖြတ်ချက်အတွက် တည်တည်ငြိမ်ငြိမ် ရှိနေပြီး သူမ၏ မိသားစု၊ ကိုယ်ရေးကိုယ်တာ ဦးစားပေးမှုနှင့် စိတ်ဝင်စားမှုအသစ်များကို ပြုလုပ်နေကြောင်း သူငယ်ချင်းများက CNN သို့ ပြောကြားခဲ့သည်။

အီဗန်ကာ၏ လူမှုမီဒီယာစာမျက်နှာများတွင် သူမသည် သူမ၏မိသားစုနှင့်အတူ ဥယျာဉ်ခြံလုပ်ခြင်း၊ jiu-jitsu ကိုယ်ခံပညာနှင့် လှိုင်းစီးခြင်းတို့ကို သင်ယူခြင်းနှင့် board games များကစားသည့် ဓာတ်ပုံများနှင့် ပြည့်နှက်နေသည်။

နောက် ၄ နှစ်ခန့်မှန်းချက်

+++++++++++++

အီဗန်ကာနှင့် နီးစပ်သော သတင်းရင်းမြစ်များက လက်ရှိတွင် နိုင်ငံရေးလောကသို့ သူမ ပြန်လည်ဝင်ရောက်လာမည် မဟုတ်သော်လည်း အီဗန်ကာသည် သူမ၏ဖခင် ဒုတိယသက်တမ်းအတွင်း နည်းလမ်းသစ်များဖြင့် သြဇာလွှမ်းမိုးနိုင်ဖွယ်ရှိကြောင်း သိရသည်။ အထူးသဖြင့် အကျိုးအမြတ် မယူသောကဏ္ဍတွင် ဖြစ်နိုင်ဖွယ်ရှိသည်။ သူမသည် စားနပ်ရိက္ခာ မလုံလောက်မှု၊ လယ်သမား ထောက်ပံ့မှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတို့တွင် အာရုံစိုက်လာနိုင်ဖွယ်ရှိသည်။

ယခုအခါ သူမသည် သူမ ပါဝင်သည့်အသိုင်းအဝိုင်းကို အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်စေရန်အတွက် သူမ၏ သြဇာကို အသုံးပြုရန် ရွေးချယ်နေပြီး” “ အဲ့ဒီလို သူမရဲ့ သြဇာလွှမ်းမိုးမှုကို လိုအပ်သလို အသုံးချသွားပြီး သူမရဲ့ ကလေးတွေနဲ့ ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ဦးစားပေးဖို့ အချိန်ရလိမ့်မယ်လို့ သူမ မျှော်လင့်နေတယ်။” ဟု သတင်းရင်းမြစ်က ဆိုပါသည်။

အီဗန်ကာသည် ဟာဝိုင်အီ တောမီးလောင်မှုနှင့် မြောက်ကာရိုလိုင်းနားတွင် ဟာရီကိန်းကြောင့် ဘေးဒဏ်သင့်သူများကို ကူညီပံ့ပိုးခြင်း၊ ပိုလန်သို့ ရွှေ့ပြောင်းခဲ့ရသည့် ယူကရိန်းနိုင်ငံသားများကို ကူညီပံ့ပိုးခြင်းများ ပြုလုပ်ခဲ့သည်။ သူမသည် ဒေသတွင်း စားနပ်ရိက္ခာ အကူအညီပေးရေးဂေဟာများတွင်လည်း ကူညီပေးလျက်ရှိသည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

အီဗန်ကာထရန့်/CNN

သူမ၏ခင်ပွန်းနှင့် ၎င်းတို့၏ ကလေးများကို သူမမိခင် အီဗန်နာထရန့်၏ဈာပနတွင်တွေ့ရစဉ်/၂၀၂၂ ခုနှစ်၊ ဇူလိုင်က၊ နယူးယောက်မြို့ /John Lamparski/ Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 38 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 44 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 44 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 50 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်