နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်ရွေးကောက်ပွဲ အာဏာရ LDP ပါတီ မျှော်မှန်းထားသလို မဲမရသော်လည်း ဂျပန်ဝန်ကြီးချုပ် ရာထူး ဆက်လက်ကိုင်ဆွဲပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ထား

အောက်တိုဘာလ (၂၈) ရက်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အကြိမ် ၅၀ မြောက် အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲတွေကို ရေတွက်ခဲ့ပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် “ နိုင်ငံရေးနှင့် ငွေကြေး ပြဿနာ´ တွေကြောင့် ပြိုကွဲခဲ့ရပြီး ကိုမေတို အပါအဝင် လက်ရှိအာဏာရပါတီတွင် စုစုပေါင်း လွှတ်တော်အမတ် ၄၆၅ နေရာမှာ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ၂၃၃ နေရာ မရရှိဘဲ ဖြစ်ခဲ့ရပါတယ်။ စုစုပေါင်း ၁၉၁ (အရင် ၂၄၇ နေရာ) နေရာသာရရှိခဲ့ပြီး LDP ညွန့်ပေါင်းအစိုးရမဟာမိတ် ကိုးမဲတိုးကတော့ ၂၄ (အရင် ၃၂ နေရာ) နေရာသာရရှိခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရ (LDP + ကိုမဲတိုး) အနေနဲ့ စုစုပေါင်း ၂၁၅ နေရာသာ ရရှိခဲ့တဲ့အတွက် အစိုးရဖွဲ့ဖို့ ၁၈ နေရာ လိုအပ်နေပါသေးတယ်။

အတိုက်အခံပါတီဖြစ်တဲ့ အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဟာ စုစုပေါင်း ၁၄၈ နေရာ (အရင် ၉၈ နေရာ) ရရှိခဲ့တဲ့အတွက် အရေအတွက် တိုးလာခဲ့ပါပေမယ့် အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ၂၃၃ နေရာကို မရှိရှိခဲ့ပါဘူး။ နောက်ထပ်အတိုက်အခံပါတီကြီးနှစ်ခုဖြစ်တဲ့ နစ်ပွန်းအိရှင်းနိုကိုက် (Nippon Ishin no Kai စုစုပေါင်း ၃၈ နေရာ နှင့် ပြည်သူ့ဒီမိုကရက်တစ်ပါတီက ၂၈ နေရာ ရရှိထားပါတယ်။

နောက်ထပ်အတိုက်အခံပါတီငယ်တွေဖြစ်ကြတဲ့ ဂျပန်ကွန်မြူနစ်ပါတီက ၈ နေရာ၊ ဆိုရှယ်လစ်ပါတဲ့က ၁ နေရာ၊ ရေဝါပါတီ ၉ နေရာ၊ ကွန်ဆားဗေးတစ်ပါတီ ၂ နေရာ၊ တသီးပုဂ္ဂလ ၁၂ နေရာ အသီးသီးရရှိထားပြီး အတိုက်အခံဘက်က စုစုပေါင်း ၂၃၅ နေရာရရှိထားပါတယ်။

၂၇ ရက်ညတွင် အာဏာရပါတီတွင် အများစုရရှိဖို့ ရည်မှန်းထားတဲ့ ဝန်ကြီးချုပ် အီရှီဘာ (လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ) က NHK အစီအစဉ်မှာ “ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အရမ်းကြမ်းတမ်းတဲ့ စီရင်ချက်ချခံရတယ်ဆိုတာ သိပါတယ်။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးနက်စွာနဲ့ လက်ခံပါတယ်။” ဒါ့အပြင် အတိုက်အခံပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဗဟိုပြုတဲ့ အစိုးရတစ်ရပ်ကို ဆက်လက်ထိန်းသိမ်းထားရန် ရည်မှန်းထားတယ်လို့ အီရှီဘာက အလေးပေးပြောကြားခဲ့ပါတယ်။

၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ဝန်ကြီးချုပ်က ရာထူးက နှုတ်ထွက်မှာ မဟုတ်ကြောင်းနဲ့ သူ့အစိုးရကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တခြားအတိုက်အခံပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အောက်လွှတ်တော် ရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်တဲ့ ပါတီဝင်ဟောင်း ၄၄ ဦးအနက် ၁၀ ဦးကို အသိအမှတ်မပြုဘဲ အချိုးကျ ရွေးကောက်ပွဲမှာ ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ကိုမဲတိုးပါတီတို့ဟာ စီးပွားရေးမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးမူဝါဒတွေမှာ အောင်မြင်မှုတွေကို အလေးပေးစဉ်းစားပြီး LDP ရဲ့ အုပ်ချုပ်ရေး ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံတောင်းဆိုခဲ့ကြပါတယ်။

၂၇ ရက်နေ့ညမှာ ကိုမဲတိုးပါတီ အထွေထွေအတွင်းရေးမှူးချုပ် နီရှီဒါက အာဆာဟီတီဗီ အစီအစဉ်မှာ “ နိုင်ငံရေးနှင့် ငွေကြေး´ အပါအဝင် အာဏာရပါတီအပေါ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြမ်းတမ်းစွာ တုံ့ပြန်တာဟာ ရှင်းရှင်းလင်းလင်း ထင်ရှားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အာဏာရပါတီကို အနိုင်ရဖို့ကြိုးစားနေတဲ့ အကြီးမားဆိုးအတိုက်အခံပါတီ အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ ပါတီရန်ပုံငွေ ပြဿနာကို အလေးအနက် ဝေဖန်ခဲ့ပါတယ်။

အခြေခံဖွဲ့စည်းပုံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ နိုဒါ က ၂၈ ရက်နေ့ အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ “ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။

အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ အတွင်း ကျင်းပမယ့် ဒိုင်ယက်အထူးအစည်းအဝေးမှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ ဝန်ကြီးချုပ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီဟာ အခြားအတိုက်အခံပါတီတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပိုမိုလုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု