နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ ကျားနှင့် မ” လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုမယ်လို့ ထရန့်ပြော

ဒီဇင်ဘာလ (၂၇) ရက်။

“ ရူးသွပ်တဲ့လိင်‌ပြောင်းမှု” ကို သမ္မတတယောက်အနေနှင့် အဆုံးသတ်မည်ဟု ထရန့်က ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ (Phoenix) တွင် ထရန့်က “ ကျားနှင့် မ” လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုရန် မူဝါဒများကို ချမှတ်ဖန်တီးပြီး ခွဲစိတ်မှုဖြင့် အတည်ပြုထားသည့် ကျားမခွဲခြားမှုကို ရည်ညွှန်းကာ ဒေါ်နယ်ထရန့်က ကလေးများကို ခွဲစိတ်ဖြတ်တောက်ခြင်းအား သူ၏ဘောပင်ဖြင့် လက်မှတ်ထိုးပေးလိုက်ခြင်းဖြင့် အဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။

ထရန့်က “ သမ္မတဖြစ်တဲ့ ပထမနေ့မှာဘဲ ရူးသွပ်တဲ့လိင်‌ပြောင်းမှုတွေကို ကျွန်တော်လက်မှတ်ထိုးပြီး ရပ်တန့်တော့မှာ ဖြစ်တယ်။ နောက်ပြီးတော့ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ဖြတ်တောက်ခံရမှုကို ရပ်ပစ်မယ်၊ လိင်ပြောင်းထားသူတွေကို စစ်တပ်ကနေ ဖယ်ရှားပစ်မယ်။ ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေမှာ လိင်ပြောင်းတာကို လက်ခံမှုကိုအဆုံးသတ်ရန် သမ္မတအမိန့်ကို လက်မှတ်ရေးထိုးမယ်။ လိင်ပြောင်းအမျိုးသားတွေက အမျိုးသမီး အားကစားတွေမှာ ပါဝင်ယှဥ်ပြိုင်တာကို ပိတ်ပင်မယ်။ ဒါတွေကို ပထမနေ့မှာ လုပ်ရမလား၊ ဒုတိယနေ့မှာ လုပ်ရမလား၊ တတိယနေ့မှာ လုပ်မလား ပထမနေ့ပဲလုပ်တာကောင်းပါတယ်။ ဟုတ်တယ် မဟုတ်လား” ဟုပရိတ်ဿတ်အား ပြောကြားခဲ့သည်။

ယခုအချိန်တွင်သာ ထရန့်သည် လိင်ပြောင်းခွင့် အခွင့်အရေးကို ဆန့်ကျင်ရှုံ့ချခဲ့ခြင်း မဟုတ်ပါ။ သမ္မတရွေးပွဲ မဲဆွယ်ပွဲကာလအတွင်း တီဗီကြော်ငြာများတွင် လိင်ပြောင်းခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး လိင်ပြောင်းထားသူ၏အခွင့်အရေးကို ထောက်ခံသည့် ဒုသမ္မတ ကာမလာဟဲရစ်ကို သမ္မတရွေးကောက်ပွဲအတွင်း ဝေဖန်တိုက်ခိုက်ခဲ့သည်။

ဒေါ်နယ်ထရန့် သည် ကျောင်းများတွင် လိင်ပြောင်းကျောင်းသားများအပေါ် ကန့်သတ်ချက်များ ချမှတ်ရန် ကတိပြုခဲ့ပြီး ၎င်း၏ မူဝါဒများသည် ကျောင်းသားများ သုံးစွဲရာ သန့်စင်ခန်းများ၊ ရေချိုးခန်းများနှင့် ပစ္စည်းသိုလှောင်ရာလော့ကာများကို မည့်သည့်လိင်သာ အသုံးပြုခြင်းကို သတ်မှတ်စေမည့်အပြင် ထရန့်သည် လိင်ပြောင်းလဲခြင်းကို ဝန်ဆောင်မှုပေးသည့် ဆရာဝန် သို့မဟုတ် ဆေးရုံတိုင်းကို ပိတ်ပင်သွားမည်ဖြစ်သည်။ အားကစားနှင့်ပတ်သက်လာလျှင် ဒေါ်နယ်ထရန့် သည် အမျိုးသမီး အားကစားတွင် လိင်ပြောင်းလာသည့် အမျိုးသားများကို ခွင့်မပြုသော ဆန့်ကျင်ရေးမူကို ကျင့်သုံးခဲ့သည်။ ထရန့်က “ လိင်ပြောင်းထားတဲ့ ယောက်ျားတွေကို မိန်းမအားကစားမှာ ဝင်မပြိုင်စေဖို့ ကျွန်တော် ကတိပေးတယ်” ဟု ဆိုပါသည်။

သတင်းဌာနမှ မှတ်ချက်ပြောကြားသူ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်တပ်မှူးသည် အမေရိကန်စစ်တပ်၏ လိင်ပြောင်းထားသည့်အဖွဲ့ဝင်များကို ဆေးဘက်ဆိုင်ရာအရ အရည်အချင်းမပြည့်မီဟု ယူဆကာ ရာထူးမှ ထုတ်ပယ်ရန်လည်း စီစဉ်ထားသည်။ ၎င်း၏ အစီအစဉ်များသည် အနာဂတ်တွင် စစ်တပ်တွင် လိင်ပြောင်းထားသူများကို လူသစ်စုဆောင်းခြင်းမှ တားမြစ်နိုင်ဖွယ်ရှိပြီး ယခုအခါတွင် ဒေါ်နယ်ထရန့်က ၎င်းလိင်ပြောင်းမှုကို ဆန့်ကျင်ဘက်စကားများနှင့် ဒေါသသည် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် LGBT အသိုက်အဝန်းကြားတွင် စိတ်ခံစားချက်များ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ကာမီလာ ရိုးဒါ (Camila Roeda) (အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူ) က ကျမအနေနဲ့ ဒီနေ့အင်တာဗျူးအတွက် ဆေးကုသမှုပေးတဲ့ဝန်ဆောင်မှုကိုသာ မရခဲ့ရင် လာတောင်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ ကုသမှုရခဲ့တာကြောင့်သာ လာရောက်နိုင်ခဲ့တာပါ။ တကယ်လို့ ဒီနေ့လို ကုသမှုမျိုးကို ကျမ မရခဲ့ရင် တကယ့်ကို စိတ်ဓာတ်ကျပြီး ပုံမှန်ဘဝအနေနဲ့ နေနိုင်မယ်လို့ မထင်ဘူး။ ကျမတို့အားလုံးလိုချင်တဲ့အရာက ပုံမှန်သာမန်လူတယောက်ဘဝ၊ ကျမတို့ရဲ့ ကျားမ ခွဲခြားမှုကို သက်သေပြနိုင်မယ့် ဂရုစိုက်မှု ရရှိဖို့ဆိုတာ ကျမတို့ကို ဘယ်သူတွေလဲဆိုတာ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်မြတ်နိုးပြီး ဂရုတစိုက်ရှိတဲ့ ဘဝနဲ့ ရှင်သန်နေထိုင်ရဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

ဒေါက်တာ ကာလာစမစ် (Carla Smith) (လိင်တူချစ်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ)။ မေးစရာ ကတော့ ဆုံးဖြတ်ချက်ချဖို့ ဘယ်သူက အကောင်းဆုံးလဲ ဆိုတာကတော့ သူတို့တဦး ချင်းစီက သူတို့ရဲ့ ဆရာဝန် ဒါမှမဟုတ် သူတို့ကို အထောက်အပံ့ပေးတာကို ရယူဖို့ ဘယ်သူဆီကပဲ ဖြစ်ဖြစ် သူတို့ဖာသာ ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ ဖက်ဒရယ်အစိုးရက ဒီဆုံးဖြတ်ချက်ကို ချမှတ်တာဟာ ကောင်းမွန်တဲ့အကြံဖြစ်တယ်လို့ မထင်ဘူး၊ ပြည်နယ်တွေကြား ကွဲပြားမှုတွေ ရှိသင့်တယ်လို့ မထင်ထားဘူး၊ လူတစ်ဦးချင်းစီမှာ ကျနော်တို့အားလုံးလို နေထိုင်နိုင်ဖို့ သူတို့လိုအပ်နေတဲ့ ရင်းမြစ်တွေကို ဂရုစိုက်တဲ့ ပံ့ပိုးကူညီမှုတွေ ရယူနိုင်စွမ်း ရှိသင့်တယ်လို့ ထင်ပါတယ်။

မှတ်ချက်ပေးသူ။ ယခု ဝါရှင်တန်ပို့စ် စစ်တမ်းအရ အမေရိကန်တွင် နေထိုင်သူ ၂ သန်း နီးပါးတွင် အရွယ်ရောက်ပြီးသူအားလုံး၏ ၁% အောက်သာ လိင်ပြောင်းထားသူအဖြစ် ရှိနေကြပြီး ယခုအခါ ၎င်းတို့၏ အနာဂတ်သည် မသေချာမရေရာသောဘဝနှင့်အတူ ပုံမှန်ဘဝအဖြစ် နေထိုင်နိုင်ရန် မျှော်လင့်ချက်များနှင့် အိပ်မက်များကို ချေမှုန်းနိုင်သည့် ဒေါ်နယ်တရန့်အမိန့်ပေါ်တွင် မူတည်နေပါသည်‌။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 37 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 44 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 44 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 50 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်