နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရိုမီယိုနှင့် ဂျူလီယက် “Romeo and Juliet” မင်းသမီး အိုလီဗီယာ ဟပ်ဆီ (Olivia Hussey) ကွယ်လွန်

ဒီဇင်ဘာလ (၂၈) ရက်။

၁၉၆၈ ခုနှစ်၊ ရိုမီယိုနှင့် ဂျူလီယက်နှင့် ထိတ်လန့်ဖွယ်ဇာတ်ကား “ A Bell Tolls” တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသမီး အိုလီဗီယာ ဟပ်ဆီ ကွယ်လွန်သွားကြောင်း ၎င်း၏တရားဝင် အင်စတာဂရမ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ သူမသည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် ရှိပြီဖြစ်သည်။

“ ဒီဇင်ဘာ ၂၇ ရက်နေ့က သူမကို ချစ်တဲ့သူတွေ ဝိုင်းရံထားတဲ့ နေအိမ်မှာ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တဲ့ အိုလီဗီယာ ဟပ်ဆီရဲ့ ကွယ်လွန်မှုကို ကြေကွဲဝမ်းနည်းမိပါတယ်” ဟု အင်စတာဂရမ်တွင် ရေးသားထားပါသည်။ “ အိုလီဗီယာသဟာ နွေးထွေးသဘောထားကောင်းပြီး သူမရဲ့ နက်ရှိုင်းတဲ့တွေးခေါ်မှုနဲ့ စစ်မှန်တဲ့ကြင်နာမှုတွေက သူမကို သိသူတိုင်းကို သိရှိစေတဲ့သူတစ်ဦး ဖြစ်ပါတယ်။” ဟု ဖော်ပြထားသည်။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်မှုဖြင့် ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့သည့် အာဂျင်တီးနား-ဗြိတိသျှ မင်းသမီး အိုလီဗီယာအတွက် အောင်မြင်ကျော်ကြားသည့် ဇာတ်ကား ဖြစ်သည်။

ရိုမီယိုနှင့် ဂျူလီယက်သည် (Franco Zeffirelli) ၏ စာ​ရေးဆရာ ဝီလျမ် ရှိတ်စပီးယား၏ဂန္ထဝင်ဝတ္ထုကို လိုက်လျောညီထွေဖြစ်အောင် ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းအချိန်က အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အိုလီဗီယာနှင့် သူမ၏တွဲဖက်သရုပ်ဆောင်မင်းသား လီယိုနတ် ဝွိုက်တင် (Leonard Whiting) တို့သည် ငယ်ရွယ်စဉ်အချိန်က ဝတ်လစ်စားလစ် မြင်ကွင်းများ ကို ခွင့်ပြုခဲ့သော ရုပ်ရှင်ထုတ်လုပ်သည့် ပါရာမောက် စတူဒီယို (Paramount Studios) ကို တရားစွဲဆိုခဲ့သည်။ ထိုအချိန်က အိုလီဗီယာက အသက် ၁၅ နှစ် ဖြစ်ပြီး ဝွိုက်တင်က ၁၆ နှစ် သာရှိသေးသည်။ ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ၎င်းတို့နှစ်ဦးသည် ကိုယ်လုံးတီးဖြင့် သရုပ်မဆောင်ပါက ရုပ်ရှင်ပျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတရားစွဲဆိုမှုကို ၂၀၂၃ ခုနှစ် မေလတွင် ပယ်ချခံခဲ့ရသည်။

အိုလီဗီယာသည် ၁၉၇၄ ခုနှစ်တွင် ထိတ်လန့်ဖွယ်ဇာတ်ကား “A Bell Tolls in the Dark” တွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် စာရေးဆရာမ အက်ဂါသာ ခရစ္စတီး (Agatha Christie) ၏လက်ရာကို အခြေခံသည့် “ Murders on the Nile´ ဇာတ်ကားတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် သူမသည် ဒါရိုက်တာ ဇက်ဖီလေလီနှင့် ထပ်မံပူးပေါင်းပြီး “Jesus of Nazareth” တီဗီရုပ်ရှင်ဇာတ်လမ်းတွဲများတွင် အပျိုစင်မာရီအဖြစ် သရုပ်ဆောင်ခဲ့သည်။

အိုလီဗီယာကို အာဂျင်တီးနားနိုင်ငံ ဘွေနို့စ်အိုင်းရဲ့စ်မြို့၌ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ “ သူဟာ အနုပညာမှာ စိတ်အားထက်သန်ပြီး မေတ္တာတရားကြီးမားစွာ ဘဝကို ဖြတ်သန်းခဲ့ပြီး တိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ ဘဝကို မြှုပ်နှံပြီးနေခဲ့သူဖြစ်ပါတယ်။” ဟု ဆိုပါသည်။

“ အိုလီဗီယာ ကွယ်လွန်ပြီးနောက် သူမ၏ချစ်လှစွာသောမိသားစု၊ သူမ၏ကလေး (၃) ဦး၊ ၃၅ နှစ်ကြာ လက်တွဲခဲ့သည့် သူမ၏ခင်ပွန်း ဒေးဗစ်ဂလင်အိုက်စလီ (David Glenn Eisley) သူမ၏မြေး ဂရေစွန် (Grayson) နှင့် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ထာဝရမြတ်နိုးရမည့် မေတ္တတရားများကို အမွေအနှစ်တွေအဖြစ် ချန်ထားခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဤကြီးမားသည့်ဆုံးရှုံးမှုအတွက် ကျွန်ုပ်တို့ ဝမ်းနည်းပူဆွေးရင်း အိုလီဗီယာက ကျွန်ုပ်တို့ဘဝနှင့် ကျွန်ုပ်တို့၏လုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့တဲ့ ထာဝရအကျိုးသက်ရောက်မှုကို ဂုဏ်ပြုပါသည်” ဟု ပြောခဲ့ပြီး ဝမ်းနည်းကြေကွဲမှုကို ဖော်ပြတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဓာတ်ပုံ။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်ခဲ့သော အိုလီဗီယာ ဟပ်ဆီ (ညာ)/Bettmann Archive/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံရှိလူထုပါတီ (People’s Party) ခေါင်းဆောင်သည် သူ့ကို ပီတာနှင့် နှိုင်းယှဥ်ခံထားရပြီး သက်ရောက်မှု ရရှိရန် ရုန်းကန်နေရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၈) ရက်။ ၂၀၂၅ စတင်လာသည်နှင့်အမျှ နိုင်ငံရေးသမားများသည် ၎င်းတို့၏ပြိုင်ဘက်များကို ကျော်လွှားနိုင်စေရန် နည်းဗျူဟာတိုင်းကို အသုံးချပြီး နိုင်ငံရေးလှုပ်ရှားမှုများကို ဗဟိုစင်မြင့်ပေါ်သို့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

အီတလီ အမျိုးသမီးသတင်းထောက်ကို အီရန်အာဏာပိုင်များ ထိန်းသိမ်းထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၈) ရက်။ အီတလီသတင်းထောက် ဆယ်ဆီလီယာ ဆာလာ (Cecilia Sala) ကို အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင်
နိုင်ငံတကာသတင်း အမေရိကန်

မာ့ခ်စ်နှင့် ရာမာဆွာမိတို့၏ ကျွမ်းကျင်အလုပ်သမားဗီဇာအပေါ် ခုခံကာကွယ်၊ ထရန်န့် ရည်မှန်းချက်ကို ဆန့်ကျင်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၇) ရက်။ အီလွန်မာ့ခ်နှင့် ဗီဗက်ရာမာဆွာမိတို့၏ လူမှုမီဒီယာပို့စ်များတွင် ကျွမ်းကျင်အလုပ်သမားများအတွက် ဗီဇာအစီအစဉ် ချဲ့ထွင်ပေးရန် တင်ပြနေခြင်းသည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသူများကြားတွင် ယင်းအချက်က မကြာမီတက်လာမည့် ထရန့်၏ ပြင်းထန်သော လူဝင်မှု ကြီးကြပ်ရေး အစီအစဉ်တွင်
နိုင်ငံတကာသတင်း အမေရိကန်

“ ကျားနှင့် မ” လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုမယ်လို့ ထရန့်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၇) ရက်။ “ ရူးသွပ်တဲ့လိင်‌ပြောင်းမှု” ကို သမ္မတတယောက်အနေနှင့် အဆုံးသတ်မည်ဟု ထရန့်က ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့က အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ (Phoenix) တွင် ထရန့်က “ ကျားနှင့် မ” လိင်နှစ်မျိုးကိုသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ယီမင်နိုင်ငံ ဆာနာလေဆိပ်ကို အစ္စရေး တိုက်ခိုက်ခဲ့စဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဒါရိုက်တာသည် ယင်းလေးဆိပ်တွင် ရောက်ရှိနေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၇) ရက်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဒါရိုက်တာသည် ဒီဇင်ဘာလ (၂၆) ရက် ကြာသပတေးနေ့တွင် အစ္စရေး တိုက်ခိုက်ခဲ့သည့် ယီမင်နိုင်ငံ ဆာနာလေဆိပ်တွင် ၎င်း ရောက်ရှိနေကြောင်း အတည်ပြုခဲ့သည်။ “ကျွန်တော်တို့ ဆန်နာလေဆိပ်ကနေ
အမေရိကန်

ထရန့် သမ္မတရာထူးမထမ်းဆောင်မီ မြန်မာအပါအဝင် နိုင်ငံတကာကျောင်းသားများကို နိုင်ငံတွင်းသို့ အမြန်ဝင်ရောက်ရန် အမေရိကန်တက္ကသိုလ်များ သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၇) ရက်။ လာမည့်နှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးတာဝန်မထမ်းဆောင်မီ နိုင်ငံတဝှမ်းရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော နိုင်ငံခြားကျောင်းသားများအကြား စိုးရိမ်မှုများ ပျံ့နှံ့လျက်ရှိသည်။ နောက်ထပ် ပြည်ဝင်ခွင့်ပိတ်ပင်မှုကို မျှော်မှန်းထားသည့်အတွက် အချို့သော တက္ကသိုလ်များက ဆောင်းရာသီ
နိုင်ငံတကာသတင်း အာရှ

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ ခရီးစဉ်အချို့ ဖျက်သိမ်းရပြီး ခရီးစဉ်အချို့ နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 19 Views
ဒီဇင်ဘာလ (၂၆) ရက်။ ယနေ့ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဂျပန်လေကြောင်းလိုင်း (JAL) သည် ခရီးသည်တင်အိတ်များကို လက်ခံသည့်ကွန်ပျူတာစနစ်တွင် ချို့ယွင်းချက်တစ်ခု ကြုံတွေ့ခဲ့ရပြီး ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ လက်ရှိအချိန်တွင်
နိုင်ငံတကာသတင်း အာရှ

တရုတ်နှင့် ဂျပန်တို့သည် ယဉ်ကျေးမှုဖလှယ်ခြင်းဆိုင်ရာ သဘောတူညီချက် ၁၀ ချက်ကို ရရှိခဲ့ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၆) ရက်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကေရှိ အီဝါရာတို့သည် ဒုတိယ အကြိမ် တရုတ်နှင့် ဂျပန်ကြား ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့တွင် ပေကျင်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် အောက်ပါအတိုင်း အရေးကြီးသော