နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံ အရှေ့ပိုင်းတွင် လူခြောက်ဦးလိုက်ပါလာသည့် လေယာဉ်ငယ် ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်းနည်းပါးဟုဆို

ဖေဖော်ဝါရီလ (၁) ရက်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့မှာ ဇန်နဝါရီ ၃၁ ရက်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ပါတယ်။ ကလေးတစ်ဦးအပါအဝင် လေယာဉ်ငယ် ပေါ်တွင် လူခြောက်ဦး လိုက်ပါစီးနင်းလာတယ်လို့ သိရပြီး အသက်ရှင်နိုင်ခြေမှာ မျှော်လင့်ချက် မရှိဘူးလို့ ယူဆရကြောင်း ဒေသတွင်း မီဒီယာများက ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတွေ အများအပြား ရှိတဲ့နေရာ ဖြစ်ပြီး လေယာဉ် အပျက်အစီးတွေ ပြုတ်ကျကာ အိမ်မတွေနဲ့ ယာဉ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ မြေပြင်က လူတွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိတယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေး (Federal Aviation Administration (FAA)) ရဲ့ အဆိုအရ ညနေ ၆း၃၀ ဝန်းကျင်လောက်မှာ မစ်ဆိုရီပြည်နယ်အနီးရှိ အရှေ့မြောက် ဖီလာဒဲလ်ဖီးယားလေဆိပ်က ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တော့ မသိရသေးပါဘူး။ အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) လည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ပါတယ်။

လေယာဉ်ငယ်ဟာ အရေးပေါ်ဆေးဘက်ဆိုင်ရာအတွက် အသုံးပြုတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် ဖြစ်တယ်လို့ သိရပြီး လေယာဉ်ပေါ်မှာ လေယာဉ်မှူးအပါအဝင် လေယာဉ်အမှုထမ်း လေးဦးနဲ့ ခရီးသည် နှစ်ဦး၊ ကလေးလူနာတစ်ဦးနဲ့ ကလေးရဲ့မိသားစုဝင်တို့ ပါရှိတယ်လို့ လေကြောင်းလိုင်းက ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ခဲ့ပါတယ်။

ခရီးသည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဆက်သွယ်ဖို့ ဦးစားပေးကိစ္စတွေကို ကိုးကားပြီး ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် “အခုအချိန်မှာ အသက်ရှင်ကျန်ရစ်သူတွေကို အတည်ပြုနိုင်ဋ မရှိသေးဘူး” လို့ ပြောကြားခဲ့ပါတယ်။

Associated Press ရဲ့ အဆိုအရ ခရီးသည်အားလုံးဟာ မက္ကဆီကိုက ဖြစ်ပြီး ဆေးကုသမှုခံယူပြီးနောက် ကလေးလူနာနဲ့ ကလေးမိခင်တို့ကို တင်ဆောင်ပြီး မက္ကဆီကိုနိုင်ငံကို ပြန်သွားဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပဲ။

လေယာဉ်ပျက်ကျတဲ့နေရာဟာ ဖီလာဒဲလ်ဖီးယားမြို့ မြို့လယ်ကနေ 13 ကီလိုမီတာလောက် အကွာမှာ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနေရာမှာ စျေးဆိုင်တွေလည်း အများအပြားရှိကာ ဖြတ်သန်း သွားလာသူလည်း များပြားပြီး အနီးနားမှာ ရှော့ပင်းမောလ်လည်း ရှိတယ်လို့ ဆိုပါတယ်။

လေယာဉ်ငယ်က အပျက်အစီးတွေ ပြုတ်ကျပြီး နေအိမ်တွေနဲ့ ယာဉ်တွေကို ထိမှန်ခဲ့ပြီး မီးအကြီးအကျယ်လောင်ခဲ့တယ်လို့ သိရပြီး မီးငြိမ်းးသတ်ဖို့ နှစ်နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။

ပန်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးလည်း အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ ဒီနေရာမှာ အသေအပျောက်ရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်” “ ဒုက္ခရောက်နေသူတွေကို ကျွန်တော် ဆုတောင်းပေးလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သည့်နှစ်ရက်၊ ၂၉ ရက်နေ့ညကလည်း ၀ါရှင်တန်မြို့တော်အနီးရှိ ရေဂင်နိုင်ငံတကာလေဆိပ်အနီးမှာ ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်ရဟတ်ယာဉ်တို့ တိုက်မိခဲ့ရာ စုစုပေါင်း လူ ၆၇ ဦး စီးနင်းလာတဲ့ လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မှုမှာ “ အသက်ရှင်ကျန်ရစ်ဖွယ် မရှိဘူး” လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 46 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်