နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

လစ်သူယေးနီးယားမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်သည် ၄ ဦးထဲမှာ ၃ ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့

+++++++++++++++++

လစ်သူယေးနီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန်စစ်သား လေးဦးအနက် သုံးဦးကို သစ်ဆွေးမြေပြိုကျမှုဖြစ်ပွါးခဲ့တဲ့ နေရာမှာ သေဆုံးနေတာကို တွေ့ရှိရပြီး ကျန်တစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ အမေရိကန်နဲ့ လစ်သူယေးနီးယားစစ်ဘက်တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘောလ်တစ်နိုင်ငံတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံက စစ်ရေးလေ့ကျင့်ရာ နေရာတစ်ခုမှာ ပျောက်ဆုံးနေတဲ့စစ်သားတွေရဲ့ သံချပ်ကာယာဉ်ကို ကယ်ဆယ်ရေးသမားတွေကို စတင်တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ် နျူဆီဒါက အမေရိကန်စစ်သားသုံးဦးဆုံးရှုံးလိုက်ရတဲ့ သတင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း သူ့ရဲ့ X လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖော်ပြခဲ့ပါတယ်။ ပျောက်ဆုံးနေသေးတဲ့ စစ်သားတစ်ဦးအတွက် ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း အမေရိကန်စစ်တပ်အတွင်းရေးမှူး ဒန်ဒရစ်စကိုးလ်က ဆိုပါတယ်။ “ ပျောက်ဆုံးနေတဲ့ စစ်သားတွေကို ရှာဖွေဖို့အတွက် တစိုက်မတ်မတ် ကူညီပေးကြတဲ့ ပိုလန်၊ လစ်သူယေးနီးယားနဲ့ အမေရိကန်စစ်တပ်က အဖွဲ့ဝင်တွေ၊ သင်္ဘောသားတွေကိုအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဒရစ်စကိုးလ်က ပြောသွားခဲ့တာပါ။ အမေရိကန်စစ်သားတွေဟာ လစ်သူယေးနီးယားနဲ့ ဘီလာရုစ်နယ်စပ်က ပက်ဘရိတ်စစ်ရေးလေ့ကျင့်ရေးကွင်းအနီးမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN –
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 24 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 23 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း