နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်-အမေရိကန် ပြဿနာကြား တရုတ်က ဂျပန်နိုင်ငံကို ချဉ်းကပ်လာ

ဇွန်လ (၂) ရက်။

မေလ ၃၁ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က စင်္ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေးမှာ တရုတ်က ထိုင်ဝမ်ကို လက်နက်နဲ့ အကြမ်းဖက် ပေါင်းစည်းရေးလုပ်မယ်ဆိုရင် “အကုန်ပျက်စီးသွားမယ့်ရလဒ် ရလာနိုင်တယ်” လို့ သတိပေးခဲ့ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ခြိမ်းခြောက်မှုဟာ နီးလာနေပြီလို့ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က အလေးပေးပြောကြားပြီးနောက် အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အဲ့ဒီလို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာရှမဟာမိတ်တွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ကျိုးကြောင်း ဆီလျော်မှုမရှိဘူးလို့လည်း သူက စောဒကတက်ခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က “ အာရှမှာ တရုတ်ဟာ စူပါပါဝါနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူတို့ဟာ စစ်အင်အားသုံးဖို့ သေချာပေါက် ပြင်ဆင်နေပါတယ်။” လို့ ပြောခဲ့ပါတယ်။

အာရှနိုင်ငံတွေစုဝေးရာ လုံခြုံရေးညီလာခံမှာ တရုတ်နိုင်ငံကို အမေရိကန်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တာပါ။ ထိုင်ဝမ်ကို ကျူးကျော်ဖို့ နီးကပ်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က သတိပေးခဲ့ပါတယ်။

ဟက်ဆက်က တရုတ်နိုင်ငံရဲ့အမည်ကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ထိုင်ဝမ်ကို ကျူးကျော်ရန်စတော့မယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။

“(အမေရိကန်) တရုတ်ခြိမ်းခြောက်မှုသီအိုရီကို ချဲ့ကားပြောဆိုနေတဲ့ ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အမေရိကန်သာ အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အကြီးမားဆုံးအကြောင်းရင်း ဖြစ်ပါတယ်။” တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်က တရုတ်နိုင်ငံအပေါ် သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအချက်နဲ့ ဆက်နွယ်နေပြီး တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံအပေါ် ရေထွက်ကုန်များဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာတွေ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံကို ကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုကို ပြသခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြားမှာ အခြား ပဋိပက္ခတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်နဲ့ တရုတ်တို့ဟာ အပြန်အလှန် စည်းကြပ်ခွန် ၁၁၅ ရာခိုင်နှုန်း လျှော့ချဖို့ သဘောတူညီခဲ့ကြပေမယ့် သမ္မတထရန့်က တရုတ်အပေါ် သူ့ရဲ့ဒေါသကို ထုတ်ဖော်ခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့က “ တရုတ်က အမေရိကန်နဲ့ သဘောတူညီချက်ကို လုံးလုံးလျားလျား ချိုးဖောက်ခဲ့တယ်” လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

ဒေါသဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး တင်းမာနေဆဲဖြစ်ပါတယ်။

တရုတ်က ဂျပန်ကို ချဉ်းကပ်ပြီး အရင်ကန့်သတ်ထားတဲ့ ဂျပန်နိုင်ငံက ပင်လယ်စာ တင်ပို့မှု ပြန်စဖို့ ရှေ့တိုးလုပ်ဆောင်လာပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက ဂျပန်နိုင်ငံအပေါ် သူ့ရဲ့ သဘောထား အပြောင်းအလဲကို ပြသနေပါတယ်။

ကက်ဘိနက်အတွင်းဝန်ချုပ် ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟာရာရှိ ယိုရှိမာဆာ (Yoshimasa Hayashi) က ပြီးခဲ့သောလ ၂၉ ရက်နေ့က “ ကျွန်ုပ်တို့၏ သီးသန့်စီးပွားရေးဇုန်မှာ တရုတ်တွေ ချထားတဲ့နေရာသတ်မှတ်တဲ့ အစိတ်အပိုင်းတွေ မရှိတော့ကြောင်း အတည်ပြုခဲ့ပါတယ်။”

မနှစ်က ဒီဇင်ဘာလက ယိုနာဂူနိ (Yonaguni) ကျွန်းအနီးမှာ တရုတ်နိုင်ငံက သီးသန့်စီးပွားရေးဇုန်မှာ လာချထားတဲ့ ကမ်းလွန်ရေကြောင်းအစိတ်အပိုင်းကို ပြီးခဲ့တဲ့လကုန်မှာ ရုတ်တရက် ဖယ်ရှားခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးမှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့က “ (တရုတ်နိုင်ငံကို) ပင်လယ်စာ တင်ပို့မှု ပြန်လည်စတင်ဖို့ လိုအပ်တဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်နှစ်နိုင်ငံစလုံး သဘောတူညီမှု ရရှိခဲ့ပါတယ်” လို့ ကက်ဘိနက်အတွင်းဝန်ချုပ် ဟာရာရှိက ကြေညာခဲ့ပါတယ်။

ဖူကူးရှီမာ ဓာတ်ပေါင်းဖိုက သန့်စင်ထားတဲ့ ရေတွေကို ပင်လယ်ထဲကို လွှတ်ခြင်းကြောင့် တရုတ်နိုင်ငံကို ပင်လယ်စာ တင်ပို့မှု ရပ်တန့်သွားခဲ့တာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။ မကြာမီ ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အများဆုံးတင်ပို့တဲ့ ပင်လယ်စာထွက်ကုန်က ဂုံးကောင်တွေက ဖြစ်ပါတယ်။ အဲ့ဒီအနက် ထက်ဝက်ကျော်ကို တရုတ်နိုင်ငံကို တင်ပို့လျက်ရှိပါတယ်။

ဟိုကိုင်းဒိုးရှိ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ မျှော်လင့်ချက်တွေ မြင့်တက်လာပါတယ်။

“ တစ်ချိန်က ပိတ်ထားတဲ့ အရောင်းလိုင်းက ပြန်ဝင်လာရင်၊ အဲဒါက ကျွန်တော်တို့အတွက် အရောင်းလမ်းကြောင်းတွေ ပိုများလာမယ်။ တရုတ်ကို တင်ပို့မှုတွေ ပြန်စနိုင်မယ်လို့ တရုတ်ကုမ္ပဏီတွေကို ကျွန်တော်တို့က ပြောတော့ သူတို့က စောင့်နေမယ်လို့ ပြန်ပြောခဲ့ပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နဲ့ တရုတ်ကြား ပဋိပက္ခ ဖြေလျှော့ရေး သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ တရုတ်က အမေရိကန်နဲ့ ပဋိပက္ခ ရှည်လျားမယ်လို့ မျှော်လင့်ထားပုံရပြီး ဂျပန်နဲ့ ပိုမိုနီးကပ်လာစေဖို့ မျှော်လင့်နေပုံရပါတယ်။

ဂျပန်ဝန်ကြီးချုပ်အီရှီဘာရဲ့ လက်ထောက်က “ ပိုဆိုးလာတဲ့ တရုတ်စီးပွားရေးက အဓိက အကြောင်းရင်းတစ်ခုပါ။ သူတို့က ဂျပန်ဆီက ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ချင်နေတာ ဖြစ်နိုင်တယ်။” လို့ ပြောပါတယ်။

တရုတ်နိုင်ငံက အခုလအတွင်း ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ဂျပန်နိုင်ငံကို တောင်းဆိုထားပါတယ်။ တရုတ်နိုင်ငံရဲ့ အချက်ပြမှုကို ဂျပန်ဝန်ကြီးချုပ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဂျပန်အာဏာရညွန့်ပေါင်းအစိုးရထဲမှာ တရုတ်နဲ့နီးစပ်သူတွေ အလွန်များတဲ့အတွက် အတိုက်အခံတွေဘက်ကတော့ သတိပြုစောင့်ကြည့်နေမှာ သေချာပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု