နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက်

ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး သူက ဘယ်နေရာကိုမှ သွားလို့မရ သလို ဘယ်နေရာမှာမှ ပုန်းအောင်း နေလို့လဲ မရပါဘူး ဟုဆိုသည်။ စခန်းအရွယ်အစားက ၃၉စတုရန်း မိုင်ကျယ်ဝန်း ပါသည်။အဲဒီနေရာမှာ ယာယီဆင်းသက်ရန် ၁၀၅၀၀ ပေရှည် လျားတဲ့ လေယဥ်ပြေးလမ်း လည်းရှိပြီးမိုင်ယာမီနှင့် နေပဲလ် သို့လေကြောင်းဖြင့် သွားလာ နိုင်သည်။ အဲဗားဂလိပ်ကို ရေပတ်ပတ်လည် ဝန်းရံထားသည်။ စခန်းတွင် ကုတင် ၁၀၀၀ အိပ်ယာနေရာ စီစဥ်ထားသည်။

မူရင်းအယ်ကက်တက်ဇ်ကျွန်းပေါ်ရှိအကျဥ်းထောင်ဟောင်းကိုပြန်ဖွင့်ရန်ထရန့်ကစီစဥ်နေပြီး ထိုအတွက်ကုန်ကျငွေသည် နိုင်ငံကို တနှစ်လျှင် ဒေါ်လာသန်း၄၅၀ခန့်ရှိမည်ဟုခန်းမှန်းထားပြီး လွတ်မြောက်ထွက်ပြေးရန်မဖြစ်နိုင်သည့်နေရာဟု အမိမြေလုံခြုံရေးဌာနကဆိုသည်။

မိုင်ယာမီ ဒိတ်ကောင်တီ အုပ်ချုပ်ရေးမှူး ဒယ်နယ်လီယာလာဗင်းကာဗာက ထိုနေရာတွင် ယာယီနေရာချထားခြင်းနှင့်ပတ်သက်ပြီး “ဒီနေရာကိုနိုင်ငံအနေနဲ့ ကျမတို့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး နဲ့ ရေအရင်းအမြစ်အထောက်အပံ့အတွက် ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားခဲ့ရတယ်  ဒီနေရာဟာ ဖက်ဒရယ်အစိုးရရဲ့ကြီးကြပ်မှု အောက်ကနေ အဲဗားဂလိပ်ကိုပြန်လည်ပြုပြင်ထိန်းသိန်းရေးကိုလုပ်ဆောင်ဖို့ရှိပါတယ်။ ဖလောရီဒါအတွက် ကုတင် ၅၀၀၀နေရာ ထိန်းသိမ်းရေး စင်တာတခုတည်ဆောက်ဖို့ ဇူလိုင်လဆန်းမှာလုပ်ဖို့ရှိပြီး အဲဗားဂလိပ်ခြံဝင်းကြီးကို ပေါ့စားတည်ဆောက်မှုတွေနဲ့တည်ဆောက်မှာဖြစ်ပြီး ရွက်ဖျင်တဲတွေ နောက်တွဲယဥ် (Traliers)တွေနဲ့တည်ဆောက်မှာဖြစ်တယ်” လို့ဆိုသည်။ ဇူလိုင်လ ပထမပတ်တွင်အဆင်သင့်ဖြစ်မယ်လို့ဆိုသည်။ ဖလောရီအခြေချနေထိုင်သူများ ညွန့်ပေါင်းအဖွဲ့ (Florida Immigrant Coalition)ဖြစ်သည်အောက်ခြေထုလှုပ်ရှားမှုအဖွဲ့က ဒီလိုအချိန်ဇယားဟာ သဘာဝမကျဘူးလို့ဆိုပါသည်။

မိုင်ယာမီရှိ သမ္မတ ဒေါ်နယ်ထရန့် ၏အပန်းဖြေစခန်းမှ အနောက်ဘက် မိုင် ၅၀ ထက်မနည်းသော ဖလော်ရီဒါ အဲဗားဂလိပ်စ် (Everglades) သည် စိမ့်နွံ နှင့်ရေပတ်လည် စိုစွတ်သော ဧရိယာအတွင်း၌ ၎င်း၏အုပ်ချုပ်ရေးအဖွဲ့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကြိုးပမ်းမှုတွင် နောက်ဆုံးပေါ်တိုက်ပွဲနေရာဖြစ်ပြီး မိကျောင်းအယ်ကက်ထရက်ဇ် (“ Alligator Alcatraz” ) ဟုအမည်ပေးထားသည့် ယာယီထိန်းသိမ်းရေးစခန်းရှိသည်။

ရက်အနည်းငယ်အတွင်း အလုပ်သမားများသည် အင်္ဂါနေ့တွင် ဒိတ်-ကော်လီယာ (Dade-Collier) လေ့ကျင့်ရေးနှင့် အကူးပြောင်းလေဆိပ် ကို ပေ ၁၁,၀၀၀ ရှည်လျားသည့် ပြေးလမ်း ရှိသည့် နေရာတွင် ယာယီတဲမြို့အဖြစ် ပြောင်းလဲခဲ့ပြီး ထရန့် မှလာရောက်ကြည့်ရှုစစ်ဆေး ခဲ့သည် ။

ထိုစခန်းပြီးစီးပါက နေရပ်ပြန်ပို့ရန် ထိန်းသိမ်းထားသည့် ရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ အထိ ထားရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။

“ အဲဒါကိုလုပ်ဖို့ ပြည်ထောင်စုအစိုးရဆီက တောင်းဆိုချက်တစ်ခုရှိတယ်၊ ဒါကြောင့် ‘ Alligator Alcatraz’ ကိုဖန်တီးလိုက်တယ်” ဟု ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ် (Ron DeSantis) က ပြီးခဲ့သည့်သီတင်းပတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ လုံခြုံရေးရှုထောင့်ကနေကြည့်ရင် ရှင်းရှင်းပြောရရင် တစ်ယောက်ယောက်က ထွက်ပြေးရင် မင်း (နဲ့)ရင်ဆိုင်ရမယ့် မိကျောင်းတွေ အများကြီးရှိတယ်” လို့ ဒီဆန်တစ်က ဆိုသည်။ “ ဒါကိုလုပ်လိုက်တာနဲ့ ဘယ်သူကမှ ဘယ်နေရာကိုမှ မသွားနိုင်တော့ဘူး။ ဒါဟာမင်းအနေနဲ့ အကောင်းဆုံးလုပ်နိုင်တဲ့ လုံခြုံစိတ်ချရမှုဘဲ” ဟုဆိုသည်။

သို့သော် ရီပတ်ဘလီကန်များက ၎င်းနေရာအား သဘာဝမိခင် မှပေးထားသော ခိုင်ခံ့သော ကုန်ကျစရိတ်သက်သာသည့် အဆောက်အအုံတစ်ခုအဖြစ် ကြွေးကြော်နေချိန်တွင် အဆိုပါ စီမံကိန်းသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများသာမက ပြည်နယ်၏ ဌာနေ တိုင်းရင်းသား အသိုက် အဝန်းမှ အဖွဲ့ဝင်များကပါ အဆိုပါစီမံကိန်းသည် ၎င်းတို့၏မြင့်မြတ်သောမြေများကို ခြိမ်းခြောက်မှု တစ်ခုအဖြစ်မြင်နေပါသည်။

ဟာရီကိန်းမုန်တိုင်းများကဲ့သို့ သဘာဝဘေးဒဏ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများအား ထိုတဲများကို မကြာခဏအသုံးပြုလေ့ရှိကြောင်း ဒီဆန်တစ်၏ ရုံးမှ ပြောကြားခဲ့သည်။ အမှန်မှာ၊ အပူချိန်များသည် ၉၀ နှစ်များအတွင်း မြင့်တက်လာပြီး အဲဗားဂလိပ်စ် (Everglades) ကိုဖြတ်ကျော်ကာ အင်အားပြင်းမုန်တိုင်းများအဖြစ် ရွေ့လျားလာသောကြောင့် ၎င်းတို့သည် တစ်ခုတည်းသော အမိုးအကာများကို ပံ့ပိုးပေးရမည်ဖြစ်သည်။

ပြင်းထန်သော ရာသီဥတုအခြေအနေတွင် ထိုနေရာအတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံသည် ကုတင် ၅၀၀၀ အထိ တည်းခိုနိုင်မည်ဟု မျှော်လင့်ထား ကြောင်း အမိမြေလုံခြုံရေး DHS အရာရှိက ပြောကြားပြီး တစ်ရက်လျှင် အိပ်ရာတစ်ခု အတွက် ၂၄၅ ဒေါ်လာ ကုန်ကျကြောင်း သိရသည်။

ရေ၊ မိလ္လာနှင့် လျှပ်စစ်မီး စသည့် အသုံးအဆောင်များကို မိုဘိုင်းလ်စက်များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က Fox သတင်း အတွက် ဆိုက်ကို လည်ပတ်ကြည့်ရှုစဉ်တွင်၊ ဒီဆန်တစ်(DeSantis) သည် ဆိုက်ပေါ်ရှိ အဆောက်အဦများကို အေးမြစေရန်အတွက် သယ်ဆောင်ရလွယ်ကူသော လေအေးပေးစက် အများအပြားကို အသုံးပြုမည်ဟု ပြောကြားခဲ့သည်

ဒီဆန်တစ် က ထရန့်အစိုးရ၏ တရားမဝင် နိုင်ငံတွင်းဝင်ရောက်မှုများကို ဖြိုခွင်း တိုက်ဖျက်မှု အတွင်း ထိုဝင်ရောက်လာမှုကို မြင်တွေ့သိရှိခဲ့သည့် ပြည်နယ်၏ တရားဥပဒေ စိုးမိုးရေး အေဂျင်စီများနှင့် အကျဉ်းထောင်များတွင် ဝန်ထုပ်ဝန်ပိုးများ သက်သာစေရန် ယခု အဆောက်အအုံများသည် ယာယီဖြစ်ပြီး လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးရန် အစိုးရ၏ တိုးမြှင့်လုပ်ဆောင်မှုများတွင် အဆောက်အအုံသည် “ အင်အား အများအပြားကိုထိန်းသိမ်း” ထားနိုင်မည်ဟု မျှော်လင့်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူအခွင့်အရေးကို ဆောင်ရွက်ပေးသည့် တက်ကြွလှုပ်ရှားသူများသည်  အဆောက်အအုံတည်ထောင်မှုသည် ‘လူမဆန်အောင်ပြုလုပ်ခြင်း’အဖြစ်ရှုတ်ချကြသည်။

“ Alligator Alcatraz” သည် တစ်နှစ်တာလည်ပတ်ရန် ဒေါ်လာ သန်း ၄၅၀ ကုန်ကျမည်ဟု မျှော်လင့်ထားကြောင်း CNN Florida သို့ အမိမြေလုံခြုံရေး အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။ အကျဥ်းစခန်း ၏ကုန်ကျစရိတ်များကို ရှေ့ရှုကာ FEMA နှင့် အမိမြေလုံခြုံရေးဌာန တို့မှ တဆင့် ပြန်လည်ပေးဆပ်ရန် တောင်းဆိုမှုများကို တင်ပြမည်ဖြစ်ကြောင်း CNN သို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

CNN မှရရှိသောပြည်တွင်းအချက်အလက်များအရပြီးခဲ့သည့်အပတ်တွင်၊ ရွှေ့ပြောင်း အခြေချသူ ၅၈,၀၀၀ ကျော်သည် ICE အချုပ်အနှောင်တွင်ရှိခဲ့သည်။ ICE သည် ပျမ်းမျှအားဖြင့် လူပေါင်း ၄၁,၀၀၀ ကို ထောက်ပံ့ထားသောကြောင့် အများအပြားသည် ဒေသတွင်း အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသည်။

“ ကျွန်တော်တို့ ထိန်သိမ်းထားတဲ့ လူ ၃၀၀၀ ကို အဲဗားဂလိပ် မှာရှိတဲ့ ရွက်ဖျင်တဲတွေ ထဲမှာ ထားမယ် ၊ ပူပြင်းတဲ့ ဖလော်ရီဒါ နွေရာသီ အလယ်မှာ ဟာရီကိန်း ရာသီ အတွင်း တဲတွေ မှာ ချုပ်နှောင် ထားမယ် ဆိုတဲ့ အချက် က အတော့်ကိုဆိုးတဲ့အကြံဉာဏ်ဘဲ အဲဒါကိုဆန့်ကျင်ပြီး ရပ်တန့် ဖို့ လို အပ်ပါတယ်” သဘာဝထိန်းသိမ်းမှုအဖွဲ့ဝင်တဦးကဆိုသည်။

ဒီမိုကရက်များနှင့် အခြားသော ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဖွဲ့ဝင် များသည် ထိန်းသိမ်းရေးစခန်းအား “လူမဆန်သော” လုပ်ရပ်ဟု ရှုတ်ချခဲ့ကြသည်။

ဒေသခံလူမျိုးနွယ်စုဝင်များသည်လည်း ‘သူတို့အိမ်ယာအတွက် ခုခံရပ်တည်နေကြသည်’

ဘက်တီ အော့စီအိုလာ (Betty Osceola) သည် တနင်္လာနေ့တွင် Dade-Collier လေဆိပ်တံခါးဝတွင် ရပ်ကာ စည်ကားနေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စိုက်ကြည့်နေခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဖြစ်သည့်သူမသည် လူမှုမီဒီယာတွင် သူမ၏နောက်လိုက်များအတွက် “Alligator Alcatraz” အမြန်ဆောက်လုပ်မှုကို မှတ်တမ်း တင်ထားပြီး လွန်ခဲ့သည့်အပတ်က အဝေးပြေးလမ်း ၄၁(Highway 41) တစ်လျှောက် ဆန္ဒပြသူများထဲတွင် ပါဝင်ခဲ့သည်။

သို့သော် အော့စီအိုလာ အတွက်၊ အထူးသဖြင့် ဤတိုက်ပွဲသည် ပုဂ္ဂိုလ်ရေးအရ ခံစားရသည်။ သူမသည် ဖလော်ရီဒါပြည်နယ်ရှိ မစ်ကိုဆပ်ကီး အင်ဒီးယန်း(Miccosukee Indians) မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး လေဆိပ်နှင့် ပြေးလမ်းနှင့် ကပ်လျက်တွင်နေထိုင်ခဲ့သည်။

အော့စီအိုလာ က CNN အား ယာယီ ထိန်းသိမ်းရေး စခန်းသည် သူမနှင့်သူမ၏ လူများ အတွက် အထွတ်အမြတ်ထားရာ မြေပေါ်တွင် တည်ဆောက်နေပြီး ၎င်းကို ရန်စမှုဟု ယူဆခဲ့သည်။

“ဒါကို ပထမဆုံးကြားရတုန်းကတော့ ‘ဒါဟာဟာသပြောတာ’ လို့ထင်ခဲ့တာ။” ဒါပေမယ့် ဆောက်လုပ်ရေးသမားတွေက အိမ်နဲ့ ၂ မိုင်မဝေးတဲ့ ကားလမ်းပေါ် ရောက်ရှိ လာတော့မှ အမှန်ဖြစ်နေတာကိုသိခဲ့ရတယ်” ဟုဆိုသည်။

“ဒီမှာ ဘယ်သူမှ မနေဘူး၊ ဘယ်သူ့ကိုမှ အဆင်မပြေဖြစ်မှာမဟုတ်ဘူး” လို့ သူတို့ပြောတဲ့အခါ အထူးစိတ်မကောင်းဖြစ်မိပါတယ်” လို့ သူမက ပြောခဲ့သည်။ “ ငါကော၊ လူမျိုးတွေကို ကော ဘယ်လိုသဘောထားသလဲ” ဟုပြန်မေးခဲ့သည်။

“ငွေတောင်းခံလွှာ လက်မှတ်ထိုးခြင်း သို့မဟုတ် ချက်လက်မှတ် ရေးထိုးခြင်းသည် သင်ကအားလုံးကို နားလည်တယ်လို့ မဆိုလိုပါ” ဟု သူမက ဆိုသည်။

“ ဟာရီကိန်းမုန်တိုင်းဝင်ရင် အဲဒီ မိလ္လာတွေ အားလုံး ဘာဖြစ်သွားမလဲ။ … ဒါက တောင်ဖလော်ရီဒါနေထိုင်သူ ၈ သန်းအတွက် သောက်ရေကန်၊ မစ်ကိုဆပ်ကီး အင်ဒီးယန်း(Miccosukee Indians) မျိုးနွယ်စုတွေအတွက်တင် မဟုတ်ပါဘူး။

“ ဒါက ငါတို့ ဘိုးဘွားပိုင်နက်ပဲ။ ငါဆုတောင်းဖို့ ထွက်လာတာ။ ဒါက ငါတို့အိမ်ပဲ။ ငါတို့အိမ်အတွက် ငါတို့ ကြံကြံခံမတ်တပ်ရပ်နေတယ်။”

ထရန့်၊ ဒီဆန်တစ် နှင့် အမိမြေလုံခြုံရေးဝန်ကြီးခရစ်တီနုံး တို့ ဖ‌လော််ရီဒါ အဲဗားဂလေ့စ် ထိန်းသိမ်းရေးစခန်းကိုစစ်ဆေးနေပုံ

ဆန္ဒပြဆန့်ကျင်သူများ

ဒေသခံတိုင်းရင်းသား ကန့်ကွက် ဆန္ဒပြသူများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။