နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေရာများအပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃ ဦး သေဆုံးခဲ့

ဇန်န၀ါရီလ (၄) ရက်။

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းဒေသခံများအား ရွှေ့ပြောင်းရန် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” အပါအဝင် ဧရိယာအသီးသီးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီလ ၂ ရက် နေ့က ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ခန်းယူနစ်တွင် နေထိုင်သူများအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ဧရိယာအဖြစ် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” ကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့ပြီး ဟားမတ်စ်အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုခဲ့သည်။

အသတ်ခံရသူသည် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူများအား ကြမ်းတမ်းစွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည့် ဌာနအကြီးအကဲဖြစ်ကြောင်းနှင့် အရပ်သားအသေအပျောက် အရေအတွက်ကို လျှော့ချရန် စီမံချက်များ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အကြောင်းပြချက်ပေးခဲ့သည်။

သို့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဧရိယာတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ပါလက်စတိုင်းမိသားစု ၁၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောကြောင်း အယ်လ်ဂျာဇီရာ (Aljazeera) တွင် ဖော်ပြခဲ့သည်။

“မနက် ၂ နာရီ လောက်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြောင့် ကျွန်တော်တို့ နိုးလာခဲ့ပါတယ်” ဟု အယ်ဂိုလာမိသားစု၏ အိမ်နီးနားချင်းတစ်ဦးဖြစ်သူ အာမက်အာရန် (Ahmed Ayyan) က ပြောကြားပြီး အယ်ဂိုလာ၏အိမ်ထဲတွင် လူ ၁၄ ဦး သို့မဟုတ် ၁၅ ဦးခန့် တည်းခိုနေကြောင်း ပြောကြားခဲ့သည်။

“အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး အားလုံးက အရပ်သားတွေပါ။ အဲဒီမှာ ဒုံးကျည်တွေ ပစ်တာ ဒါမှမဟုတ် ခုခံနေတဲ့သူ မရှိဘူး။” ဟု အာမက်အာရန်က ဆက်ပြောသည်။

ခန်းယူနစ်တွင် ခရိုင်အစိုးရအဆောက်အအုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး NHK ဂါဇာကမ်းမြောင်ရုံးမှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် ဒဏ်ရာရသူများကို တယောက်ပြီး တယောက် ခေါ်ဆောင်လာခြင်းကို ပြသထားသည်။

ဂါဇာကမ်းမြှောင်ဒေသ အသီးသီးတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ဆက်လက် တိုးမြင့်နေဆဲ ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းအခြေအနေများအောက်တွင် ဓားစာခံများ လွတ်မြောက်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆီသို့ အစ္စရေးနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် ဟားမတ်စ်အဖွဲ့သည် ကြားခံနိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံသို့ ဇန်နဝါရီလ ၁ ရက်နေ့တွင် သွားရောက်ခဲ့ကြောင်း အာရပ်မီဒီယာအချို့က ဖော်ပြခဲ့သည်။

သို့သော်လည်း ဓားစာခံများကို မည်ကဲ့သို့ လွှတ်ပေးသင့်သည်ဆိုသည်ကို နှစ်ဖက်စလုံး၏ သဘောထားကွဲလွဲမှုကြောင့် ညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြကြပြီး အပစ်အခတ်ရပ်စဲရေး အောင်မြင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဟားမတ်စ်အဖွဲ့ဘက်က စစ်ပွဲလုံးဝရပ်တန့်ပေးရန်နှင့် အစ္စရေးစစ်တပ် ဂါဇာမှ ထွက်ခွာရန် တောင်းဆိုထားပြီး အစ္စရေးတို့ဘက်က စစ်ပွဲကို ယာယီဝရပ်တန့်ရန်သာဖြစ်ကြောင်းနှင့် ဂါဇာမှ ထွက်ခွာရန်လည်း မဖြစ်နိုင်ကြောင်း ပြောကြားထားသည့်အတွက် အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ခက်ခဲနေသည်ဟု သိရသည်။

ဂါဇာကျန်းမာရေး အာဏာပိုင်များ၏ပေါ်ပြချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ သေဆုံးသူ ဦးရေမှာ ၄၅,၅၈၁ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်လျက် ရှိသည်။

ယင်းအခြေအနေများအောက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက “ဟားမတ်စ်တွေက ဓားစာခံတွေကို ချက်ချင်း လွှတ်မပေးဘူးဆိုရင် အရင်က မကြုံဖူးတဲ့ ထိုးနှက်ချက်တွေကို ခံရလိမ့်မယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြှောင်တွင် ဆောင်းရာသီတွင် အအေးလွန်ကဲမှုကြောင့် ရွက်ဖျင်တဲများတွင် နေထိုင်နေရသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ရသည်။ ဆိုးရွားသော အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

သတင်းရင်းမြစ်။ NHK, Aljazeera, ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံ ဘာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေကိုလိုလားတဲ့နိုင်ငံ ဖြစ်လာရတာလဲ။ 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 116 Views
ဂျူးလူမျိုးများအကြောင်း အစ္စရေးသမိုင်းပညာရှင်အီလမ်ပါပေနှင့် အင်တာဗျူး/ဂျိုဒိုသတင်း။  (ကျိုဒိုသတင်း လန်ဒန်ဗျူရို အီတို ဆေးကာနဲ့  ပါမောက္ခ  အီလမ်ပါပေရဲ့ အင်တာဗျူးကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့
နိုင်ငံတကာသတင်း အမေရိကန်

လာ့စ်ဗီးဂတ်စ်မြို့ရှိ တက်ဆလာ ဆိုက်ဘာထရပ် ပေါက်ကွဲမှုတွင် သံသယရှိသူသည် လက်ရှိတာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 13 Views
ဇန်နဝါရီလ (၄) ရက်။ လာ့စ်ဗီးဂတ်စ်မြို့ ဆိုက်ဘာထရပ် ပေါက်ကွဲမှုတွင် သံသယရှိသူ၏ မှတ်စုတိုကို တွေ့ရှိခဲ့ပြီး “ နိုင်ငံရေး မကျေနပ်မှုများ”
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲ အဆုံးအဖြတ်အခန်းကဏ္ဍတွင် ထရန့်သည် ပြတ်ပြတ်သားသား ရပ်တည်နိုင်ဟု ဇင်လန်းစကီးပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 13 Views
ဇန်နဝါရီလ (၄)ရက်။ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုတော့မယ့် ရွေးကောက်ခံသမ္မတ ထရန့်သည် “ဒီစစ်ပွဲရဲ့ အဆုံးအဖြတ်အခန်းကဏ္ဍမှာ ပါဝင်လာနိုင်တယ်* လို့ ပြောကြားခဲ့ပြီး ရုရှားရဲ့ စစ်ရေးကျူးကျော်မှုကို အဆုံးအဖြတ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူကရိန်းမီဒီယာက
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းနဲ့သွားဖမ်းပေမယ့် သမ္မတလုံခြုံရေးအဖွဲ့ရဲ့ ဟန့်တားမှုကြောင့် ဆိုင်းငံ့လိုက်ရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 21 Views
ဇန်နဝါရီလ (၃) ရက်။ ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကို သူနေထိုင်ရာ နေအိမ်ခြံဝင်းအတွင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် သမ္မတလုံခြုံရေးတပ်ဖွဲ့ရဲ့ ဟန့်တားမှုကြောင့် ဖမ်းဆီးဖို့ အစီအစဉ်ကို ဆိုင်းငံ့လိုက်ရကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ သမ္မတလုံခြုံရေးတပ်ဖွဲ့နဲ့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဥရောပသို့ ယူကရိန်းမှတဆင့် ရုရှားမှ ဓာတ်ငွေ့ပေးပို့နေမှုကို ယူကရိန်း ရပ်ဆိုင်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 24 Views
ဇန်နဝါရီလ (၂) ရက်။ ဇန်နဝါရီလ (၁) ရက် ဗုဒ္ဓဟူးနေ့တွင် မော်စကိုနှင့် အဓိကသဘောတူညီချက်တစ်ရပ် သက်တမ်းကုန်ဆုံးပြီးနောက် ၎င်း၏ပိုင်နက်နယ်မြေအတွင်းမှ ဖြတ်သန်း၍ ရုရှားဓာတ်ငွေ့များ ဥရောပသို့ ပို့ဆောင်မှုကို ရပ်တန့်ရန် ယူကရိန်းက ကတိပြုထားသည်။ ယူကရိန်း၏ ကူးသန်းသွားလာရေး
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်မှာ လူအုပ်ထဲ ရည်ရွယ်ချက်ရှိရှိ ကားနဲ့ ဝင်တိုက်လို့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေ ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 27 Views
ဇန်နဝါရီလ (၁) ရက်။ ဇန်နဝါရီလ (၁) ရက်နေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၅ မိနစ်တွင် လူဝီစီယားနားပြည်နယ် နယူးအော်လန်းမြို့တွင် ကားတစ်စီး လူအုပ်ထဲသို့ ဝင်တိုက်မိခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့၏ အဆိုအရ
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတကို နိုင်ငံတော်ပုန်ကန်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဝရမ်းထုတ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်
  • 36 Views
ဒီဇင်ဘာ ၃၁ ရက်။ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုကို နိုင်ငံတော်ပုန်ကန်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ရှာဖွေဖမ်းဆီးဖို့ ဆိုးလ်၊ အနောက်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ လက်ရှိသမ္မတတစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို တရားရုံးက သုံးကြိမ်တိုင်တိုင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေး တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 36 Views
ဒီဇင်ဘာလ (၃၀) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေးက တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဒေသဆိုင်ရာအာဏာပိုင်က ပြောဆိုလိုက်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်သည်။