နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို အသစ်ဝင်ရောက်မည့် နိုင်ငံတကာကျောင်းသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းဖို့ ထရန့် လက်မှတ်ထိုး

ဇွန်လ (၅) ရက်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ တက္ကသိုလ်တက်ခွင့်ကို တားဆီးရန် အားထုတ်မှုများ သိသိသာသာ အားကောင်းလာခဲ့သည်။

ဟားဗတ်တက္ကသိုလ်ကို ဝင်ရောက်မည့် ကျောင်းသားများအားလုံးအတွက် F ဗီဇာ နှင့် M ဗီဇာတို့အပြင် ဧည့်သည်တော်ဗီဇာ J နှင့် ဟားဗတ်တက္ကသိုလ်တွင် ဒုက္ခသည်အဖြစ် ဝင်ရောက်သူအဖြစ် စာရင်းသွင်းထားသော ကျောင်းသားသစ်များအားလုံး အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ထားကြောင်း အိမ်ဖြူတော်က ကြေညာချက်တွင် ပါရှိသည်။

အိမ်ဖြူတော်က ဤလုပ်ရပ်သည် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ကြိုးပမ်းမှုဟု ခေါ်ဆိုခဲ့ပြီး ဟားဗတ်တက္ကသိုလ်သည် စိုးရိမ်စရာကောင်းသည့် နိုင်ငံနှင့် ဆက်သွယ်နေသည်ဟု ဝေဖန်ခဲ့သည်။ ထို့ပြင် တက္ကသိုလ်သည် ၎င်း၏နိုင်ငံတကာကျောင်းသားများနှင့်ပတ်သက်သည့် “ လုံလောက်သောသတင်းအချက်အလက်” ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း” နှင့် “ ကျောင်းသားသုံးဦးအတွက်သာ ပြည့်စုံသောအချက်အလက်ကို အစီရင်ခံတင်ပြခဲ့သည်” ဟုလည်း ပြောဆိုခဲ့သည်။

အိမ်ဖြူတော်က “ ဟားဗတ်သည် နိုင်ငံတကားကျောင်းသားများ၏ စည်းကမ်းဖောက်ဖျက်မှုမှတ်တမ်းများကို လုံလောက်စွာ အစီရင်ခံခြင်း မရှိပါ သို့မဟုတ် ၎င်း၏ နိုင်ငံတကာ ကျောင်းသားများကို အလေးအနက်ထားပြီး စောင့်ကြည့်ခြင်းမရှိပါ” ဟု ပြောဆိုခဲ့သည်။ ထို့အပြင် ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးဝါဒကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုခြင်းနှင့် DEI (ကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှု) ၏ “ ဦးစားပေးမှု” လိုက်နာခြင်းအတွက် တက္ကသိုလ်ကိုလည်း ဝေဖန်ခဲ့သည်။

ဟားဗတ်၏ နိုင်ငံတကာ ကျောင်းသားဗီဇာ မူဝါဒကို အကန့်အသတ်မရှိ အပြောင်းအလဲ မလုပ်ရန် ဖက်ဒရယ်တရားသူကြီးက ပြီးခဲ့သော သီတင်းပတ်က ထရမ့်အစိုးရကို အမိန့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသား စာရင်းသွင်းမှု အခြေအနေကို ရုတ်သိမ်းရန် တရားသူကြီးက ခေတ္တရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအကြာတွင် ဤအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဓာတ်ပုံ။

ဟားဗတ်တက္ကသိုလ်/Faith Ninivaggi/Reuters/File

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု