နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် နဲ့ ခွာပြဲသွားပြီးနောက် နိုင်ငံရေးပါတီသစ် ဖွဲ့တော့မည်ဟု အီလွန်မာ့စ်ခ် ပြော

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

ကုဋေကြွယ်သူဌေး အီလွန်မာ့စ်ခ်သည် ဒေါ်နယ်ထရန့် နှင့် သိသိသာသာ ကွဲထွက် သွားပြီးနောက် တတိယနိုင်ငံရေးပါတီကို ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့ပြီး သမ္မတ၏ ပြည်တွင်းမူဝါဒဥပဒေမူကြမ်းသည် ဥပဒေဖြစ်လာပါက ထိုခြိမ်းခြောက်မှုများအပေါ် ကောင်းမွန်စွာတုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အီလွန်မတ်စ်က “ ကျွန်တော်တို့နိုင်ငံကို ဒေဝါလီခံစေတဲ့ အဆင်ခြင်မဲ့ ဖြုန်းတီးနေတာတွေနဲ့ အကျင့်ပျက်ခြစားနေတာတွေဟာ ပါတီနှစ်ရပ်လုံး အတူတူပဲဖြစ်ပြီး အကျင့်ပျက်နေတဲ့ အုပ်စုတစုသာ ဖြစ်နေပါတယ်။ ဒါကြောင့် မဲပေးတဲ့သူတွေမှာ အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီစနစ်မှာ မဟုတ်ဘဲ တစ်ပါတီစနစ်ထဲမှာသာ နေထိုင်နေခဲ့ပါတယ်” ဟု ထရန့်၏ “ ပထမမိတ်ဆွေ” (မာ့စ်ခ်) က ၎င်း၏ ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် “ ယနေ့၊ သင်၏ လွတ်လပ်ခွင့်ကို ပြန်လည်ပေးအပ်ရန် အမေရိကပါတီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်” ဟု ကြေညာခဲ့သည်။

မာ့စ်ခ်သည် ထရန့်၏ ၂၀၂၄ သမ္မတရွေးကောက်ပွဲမဲဆွယ်ပွဲအတွက် အကြီးမားဆုံး တစ်ဦးတည်း အလှူရှင်ဖြစ်ပြီး မကြာသေးမီအချိန်အထိ အစိုးရ၏ အလွဲသုံးဖြုန်းတီးမှုများကို ရှာဖွေ ဖြတ်တောက်ရန် ဦးဆောင်လုပ်ပေးခဲ့သည်။ သမ္မတ၏အနီးကပ်အကြံပေးပုဂ္ဂိုလ် မာ့စ်ခ်သည် ထရန့် ၏ “ လှပသောဥပဒေကြမ်း” ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ထိုဥပဒေကြမ်းသည် ဖက်ဒရယ်လိုငွေပြမှုကို ဒေါ်လာထရီလျံ ပေါင်းများစွာ တိုးလာစေလိမ့်မည်ဟု ဆိုခဲ့သည်။

မာ့စ်ခ်၏ ဥပဒေကြမ်းအပေါ် ဝေဖန်မှုများသည် ပြီးခဲ့သည့်လက ၎င်းတို့နှစ်ဦးကြားတွင် ကြီးမားသော ပြိုလဲမှုဖြစ်စေရန် လှုံ့ဆော်ပေးခဲ့သည်။ မာ့စ်ခ်သည် နောင်တရကြောင်း ထုတ်ဖော်ပြောဆိုပြီး ထရန့်နှင့်ပတ်သက်သည့် လောင်မြိုက်သည့် ဆိုရှယ်မီဒီယာပို့စ်များကို ဖျက်လိုက်ပြီးနောက် အဆိုပါ ရန်ပွဲများ အေးခဲသွားပုံရသော်လည်း ပြီးခဲ့သည့် ရက်အတော် ကြာတွင် ဥပဒေကြမ်း အတည်ပြုရန် နီးကပ်လာချိန်တွင် ပြန်လည်ဝေဖန်လာခဲ့သည်။ ထရန့် သည် သောကြာနေ့တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင် (Federal Election Commission) တွင် မှတ်ပုံတင်ရန် လိုအပ်သည့် ပါတီတရားဝင်ဖွဲ့စည်းရန် မာ့စ်ခ်သည် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင် ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မကြာသေးမီက FEC တွင် မှတ်ပုံတင်သည့် အဖြစ်အပျက် အရိပ်အယောင်များ မရှိခဲ့ပါ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ရှေးရိုးစွဲကွန်ဆာဗေးတစ်အယူအဆနှင့် အသုံးစရိတ်ကို ချုပ်ကိုင်ထားသည့်ပါတီကို လိုချင်သော်လည်း ပါတီ၏ပလက်ဖောင်း မည်သို့ဖြစ်မလဲဆိုသည်နှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက် အနည်းငယ်ကိုသာ တင်ပြထားခဲ့သည်။

မာ့စ်ခ်နှင့် ထရန့်တို့သည် ခေတ်ပြိုင်လူမှုရေးပြဿနာများနှင့်ပတ်သက်၍ အလားတူ အမြင်များရှိသည်။ သို့သော် မာ့စ်ခ်က ရီပတ်ဘလီကန်၏ မူဝါဒအစီအစဉ်သည် ကြွေးမြီများကို ပိုမိုများပြားစေသည့် “ကြွေးမြီကျွန်ပြုမှု” ဟုခေါ်သည့် ကြွေးမြီများကို တိုးမြင့်စေမည်ဟု ဝေဖန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် နှစ်ပါတီစနစ်အား မှတ်ပုံတင်ထားသော ဒီမိုကရက်များနှင့် ရီပတ်ဘလီကန် နှစ်ဖက်လုံးက ဝေဖန်ပြစ်တင်ခဲ့ကြသော်လည်း ပြီးခဲ့သည့်ရာစုနှစ်အတွင်း တတိယပါတီဖွဲ့စည်းရန် ကြိုးပမ်းမှုများမှာ အောင်မြင်မှုအနည်းငယ်သာ ရှိခဲ့သည်။ ဘီလျံနာ ရော့ပါရော့ (Ross Perot) သည် ၁၉၉၂ ခုနှစ်တွင် တစ်သီးပုဂ္ဂလ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လူကြိုက်များသောမဲ ငါးပုံတစ်ပုံနီးပါး အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲတွင် ပြည်နယ်များကို မစည်းရုံးနိုင်ခဲ့ဘဲ ဘီလ်ကလင်တန်က အနိုင်ရခဲ့သည်။

CNN က ယခင်ဖော်ပြခဲ့သည့်အတိုင်း ပါတီသစ်တစ်ခုဖန်တီးရန် ငွေကြေးနှင့် တရားဝင်မှု ပြုလုပ်ရန် ခက်ခဲကြောင်း မဲဆွယ်စည်းရုံးရေးဘဏ္ဍာရေးနှင့် နိုင်ငံရေးသိပ္ပံမှ ကျွမ်းကျင်သူများက ပြောဆိုကြပြီး မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများက ပါတီသစ်ကို ပူးပေါင်းပါဝင်ရန် ချီတုံချတုံ ဖြစ်နေကြသည်ဟု ဆိုသည်။

မာ့စ်ခ်သည် လာမည့်နှစ် ကြားဖြတ်ရွေးကောက်ပွဲများအတွင်း ၎င်း၏ပါတီသည် တက်ကြွသော နိုင်ငံရေးအင်အားစု ဖြစ်လာမည်ဖြစ်ပြီး လာမည့်နှစ်ဝက်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ယှဉ်ပြိုင်မှုတွင် လက်တစ်ဆုပ်စာမျှသာရှိသော ကိုယ်စားလှယ်လောင်းများကို ထောက်ခံအားပေးခြင်းကို အာရုံစိုက်ပြုလုပ်သွားမည်ဟု မာ့စ်ခ်က ယခုသီတင်းပတ်တွင် အခြားပို့စ်များတွင် ပြောကြားခဲ့သည်။

တစ်ဖန် ထရန့်သည် တစ်ချိန်က သူ၏ အထင်ရှားဆုံး အကြံပေးပုဂ္ဂိုလ်ကို ခြိမ်းခြောက် ခဲ့သည်။ မာ့စ်ခ်၏ကုမ္ပဏီများနှင့် ၎င်း၏ ကြီးမားသော စာချုပ်များကို အစိုးရက ပယ်ဖျက်ရန် ပြန်လည် စဉ်းစားနိုင်ပြီး ဘီလျံနာသည် ယခင်က သူဦးဆောင်ခဲ့သော အစိုးရ၏ စွမ်းဆောင်ရည်ဌာန “သည် ဘီလူးတစ်ကောင်အဖြစ် ပြန်လာပြီး အီလွန်မာ့စ်ခ်ကို စားလိမ့်မည်ဟု သီတင်းပတ် အစောပိုင်းတွင် သမ္မတက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 39 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 40 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ