နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ- အလုံးစုံစစ်ပွဲ ဖြစ်နိုင်ခြေ တိုးလာနေဟု ကျွမ်းကျင်သူများ သတိပေး

မေလ (၇) ရက်။

ရှည်လျားသော ပဋိပက္ခသမိုင်းကြောင်းရှိသော အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အန္တရာယ်ရှိသော အခြေအနေအတွင်းသို့ ဝင်ရောက်နေကြသည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ ပါကစ္စတန်အစိုးရက အိန္ဒိယ၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ကတိပြုထားသည်။ လက်တုံ့ပြန်ခြင်းကွင်းဆက်သည် အလုံးစုံစစ်ပွဲသို့ ဦးတည်လာနိုင်သည့် အန္တရာယ် ကြီးထွားလာနေသည်။

၂ဝ၁၇ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲနောက်ပိုင်း ပါကစ္စတန်ပိုင်နက်အတွင်း အနက်ရှိုင်းဆုံး တိုက်ခိုက်မှု ၇ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်သည်။ ယင်းစစ်ပွဲသည် နှစ်နိုင်ငံကြား အကြီးမားဆုံး စစ်ပွဲဖြစ်ခဲ့သည်။

အမေရိကန် Tufts တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ ဖက်ဒ်ဟူမာရွန် (Fard Humayun) က “ အခုအခြေအနေဟာ “သိသိသာသာ ပြင်းထန်ပြီး မငြိမ်မသက်ဖြစ်နေပါတယ်” “အိန္ဒိယရဲ့ လုပ်ရပ်တွေကို လက်တုံ့ပြန်ဖို့ အခုအချိန်မှာ ရှောင်လွှဲလို့ မရတဲ့ပုံပါပဲ။” ဟုဆိုသည်။

အငြင်းပွား ကက်ရှ်မီးယားဒေသရှိ အိန္ဒိယထိန်းချုပ်ထားသော ဒေသရှိ ခရီးသွားများကို စစ်သွေးကြွများက ပစ်ခတ်ပြီးနောက် သီတင်းနှစ်ပတ်ကျော်အကြာတွင် နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် လူနှစ်ဆယ့်ခြောက်ဦး သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အိန္ဒိယအရပ်သားများဖြစ်သည်။ ဤတိုက်ခိုက်မှုအတွက် အိန္ဒိယအစိုးရက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီး ပါကစ္စတန်ကတော့ ငြင်းဆိုထားသည်။

၇ ရက်နေ့ အိန္ဒိယ၏ တိုက်ခိုက်မှုအတွင်း ကလေးတစ်ဦးအပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်က ထုတ်ပြန်ကြေညာခဲ့သည်။ ပါကစ္စတန်၏ ဝန်ကြီးချုပ်က ၎င်းအား “ စစ်ပွဲ၏ လုပ်ရပ်” အဖြစ် ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုအတွင်း အိန္ဒိယလေတပ်မှ လေယာဉ်ငါးစင်းနှင့် ဒရုန်းတစ်စင်းတို့ကို ပစ်ချခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ပါကစ္စတန်၏ ပြောဆိုချက်များကို အတည်မပြုနိုင်သေးပေ။

ပါကစ္စတန်ကို တိုက်ခိုက်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် အံ့သြစရာမဟုတ်ကြောင်း၊ ကျွမ်းကျင်သူများက တိုက်ခိုက်မှုသည် အချိန်ကာလတစ်ခုသာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ သို့သော်လည်း နျူကလီးယား အင်အားကြီး နှစ်နိုင်ငံကြား ပဋိပက္ခသည် လာမည့် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖြစ်ပွားနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်နေကြသည်။

အမေရိကန် Think Tank, RAND လေ့လာရေးဌာနမှ အကြီးတန်းကာကွယ်ရေးလေ့လာသုံးသပ်သူ ဒဲရစ်ဂျေဂရော့စမန် (Derek J. Grossman) က “ နျူကလီးယားစစ်ပွဲမဖြစ်ခဲ့ရင်တောင် အလုံးစုံစစ်ပွဲ ဖြစ်လာခဲ့ရင် အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးကို တူညီတဲ့ သက်ရောက်မှုရှိလာနိုင်ပြီး ကျယ်ပြန့်တဲ့ဒေသနဲ့ ကမ္ဘာကိုတောင် ဂယက်ရိုက်လာနိုင်တယ်” ဟု သတိပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 31 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု