နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ ရှယ်ယာရှင်များက အီလွန် မတ်စ် (Elon Musk) ကို ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လစာသတ်မှတ်ချက်ကို အတည်ပြု

CNN – နိုဝင်ဘာ ၇၊ ၂၀၂၅

တက်စလာ ရှယ်ယာရှင်များက ကြာသပတေးနေ့က အတည်ပြုလိုက်သော လစာသတ်မှတ် ချက်ကို ရရှိသွားသောကြောင့် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသော တက်စလာ ၏ စီအီးအို (CEO) အီလွန် မတ်စ်သည် ကမ္ဘာ့ပထမဆုံး ထရီလီယံနာကြီး ဖြစ်လာနိုင်ဖွယ် ရှိသည်။

ကုမ္ပဏီ၏ နှစ်ပတ်လည် ရှယ်ယာရှင်အစည်းအဝေးတွင် ၇၅% ကျော်သော မဲပေးထားသည့် ရှယ်ယာများက ယင်းလစာသတ်မှတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြကြောင်း တက်စလာက ကြေညာခဲ့သည်။ ယင်းမဲပေးမှုတွင် မတ်စ် ပိုင်ဆိုင်ပြီးသား ကုမ္ပဏီ၏ ၁၅% ကိုမူ ထည့်သွင်း ရေတွက်ခြင်းမရှိပါ။

ရလဒ်များကို ကြေညာသောအခါ အစည်းအဝေးတက်ရောက်သူများက ပျော်ရွှင်စွာ အော်ဟစ်အားပေးခဲ့ကြသည်။ မတ်စ်ကလည်း မကြာမီမှာပင် ရှယ်ယာရှင်များနှင့် တက်စလာ ဘုတ်အဖွဲ့ဝင်များကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ “ ကျွန်တော် အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မတ်စ်သည် လစာငွေကို လက်ခံခြင်းမရှိသော်လည်း အတည်ပြုလိုက်သော လစာသတ်မှတ် ချက်သည် စတော့ခ်ခွင့်ပြုချက် ပုံစံဖြင့်ဖြစ်ပြီး လာမည့် ၁၀ နှစ်အတွင်း သူ့ကို ထပ်ဆောင်း တက်စလာရှယ်ယာ ၄၂၃.၇ သန်းအထိ ပေးအပ်သွားမည် ဖြစ်သည်။

ကုမ္ပဏီသည် ဒေါ်လာ ၈.၅ ထရီလီယံ ဈေးကွက်တန်ဖိုးသို့ ရောက်ရှိပြီး မတ်စ်အနေဖြင့် အလားအလာရှိသော လစာငွေအပြည့်အဝအတွက် အရည်အချင်းပြည့်မီပါက၊ ယင်းရှယ်ယာများသည် ဒေါ်လာ ၁ ထရီလီယံခန့် တန်ဖိုးရှိလာနိုင်သည်။ ထို့အပြင်၊ ၎င်း၏ ရှယ်ယာအပြည့်အဝ အရေအတွက်ကို ရရှိရန်အတွက် တက်စလာသည် လုပ်ငန်းပိုင်း ဆိုင်ရာ သို့မဟုတ် ငွေကြေးဆိုင်ရာပစ်မှတ်များကို ဆက်တိုက်ဖြည့်ဆည်းရန် လိုအပ်ပြီး၊ ယင်းရှယ်ယာများကို ညီမျှသော အစု ၁၂ စု ခွဲကာ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

လာမည့် ၁၀ နှစ်အတွင်း ဤပက်ကေ့ချ်အောက်တွင် ရရှိနိုင်သည့် ရှယ်ယာအားလုံးကို ရရှိခြင်းသည် တစ်နေ့လျှင် ဒေါ်လာ ၂၇၅ သန်း ဝင်ငွေရရှိခြင်းနှင့် ညီမျှမည်ဖြစ်ပြီး သမိုင်းတစ်လျှောက် အခြားမည်သည့် အမှုဆောင်အရာရှိ၏ လစာပက်ကေ့ချ်ထက်မဆို များစွာသာလွန်နေမည်ဖြစ်သည်။


စတော့ခ်တိုးတက်မှုအတွက် ကြီးမားသောပစ်မှတ်များ

လိုအပ်သည့် ဒေါ်လာ ၈.၅ ထရီလီယံ ဈေးကွက်တန်ဖိုးသို့ တက်စလာရောက်ရှိရန်အတွက် ရှယ်ယာများသည် ယနေ့ စတော့ခ်ဈေးနှုန်းမှ ၄၆၆% တက်ရန် လိုအပ်ပါသည်။ ၎င်းသည် ပြီးခဲ့သည့်အပတ်က စံချိန်တင် ဒေါ်လာ ၅ ထရီလီယံ ဈေးကွက်တန်ဖိုးသို့ ရောက်ရှိခဲ့သော ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီ Nvidia ထက်ပင် ၇၀% ခန့် ပိုမိုမြင့်မားပါသည်။

Bloomberg ၏ ဘီလျံနာခြေရာခံစနစ်အရ မတ်စ်သည် လက်ရှိတွင် ဒေါ်လာ ၄၇၃ ဘီလီယံ ခန့် ကြွယ်ဝနေပြီဖြစ်ပြီး၊ အများစုမှာ တက်စလာအပြင် ၎င်းထိန်းချုပ်ထားသည့် SpaceX နှင့် xAI ကဲ့သို့သော အခြားကုမ္ပဏီများမှ ပိုင်ဆိုင်မှုများကြောင့်ဖြစ်သည်။

ကြာသပတေးနေ့က လစာသတ်မှတ်ချက်ကို ပယ်ချရန် မဲပေးခဲ့ပါက ၎င်းသည် တက်စလာ စီအီးအို ရာထူးမှ ထွက်ခွာသွားသည်ကို ဆိုလိုနိုင်ဖွယ်ရှိသည်။ ယင်းလစာသတ်မှတ်ချက်က ပေးအပ်နိုင်သော ထိန်းချုပ်မှုဆိုင်ရာ အာမခံချက်များကို မရရှိပါက ကုမ္ပဏီမှ ထွက်ခွာ သွားနိုင်ခြေရှိကြောင်း မတ်စ်က ပြောကြားခဲ့သည်ဟု တက်စလာဘုတ်အဖွဲ့က စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း ကုမ္ပဏီသည် ယခုနှစ်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပထမနှစ် ဝက်တွင် အရောင်းနှင့် အမြတ်အစွန်းများ ထိုးကျခဲ့ပြီး တက်စလာသည် လျှပ်စစ်ကားများ အတွက် အမေရိကန်အစိုးရ၏ ထောက်ပံ့မှု လျော့ကျသွားခြင်းကြောင့် ဘီလျံနှင့်ချီသော ဝင်ငွေများ ဆုံးရှုံးနိုင်ဖွယ်ရှိသည်ကို ရင်ဆိုင်နေရသည်။


က်ရုပ် (ရိုဘော့) များနှင့် AI အပေါ် အနာဂတ်အလောင်းအစား

သို့သော် မတ်စ်နှင့် တက်စလာ အမှုဆောင်အရာရှိများသည် ယင်းပြဿနာများကို ပယ်ချပြီး တက်စလာသည် ရိုးရှင်းစွာ လျှပ်စစ်ကားများ ရောင်းချခြင်းမှ “ Robotaxis” ဟုခေါ်သော ကိုယ်ပိုင်မောင်းနှင်နိုင်သည့် ကားများအပြင် လူသားဆန်သော စက်ရုပ်များ ရောင်းချခြင်းသို့ အာရုံပြောင်းနေသည်ဟု ဆိုသည်။

ရှယ်ယာရှင်များအား ၎င်း၏မိန့်ခွန်းတွင် မတ်စ်သည် ကုမ္ပဏီ၏ကားများထက် စက်ရုပ်များ (ရောင်းချရခြင်း မရှိသေးပါ) အကြောင်းကို ပိုမိုပြောကြားခဲ့သည်။ ၎င်းက ကားများကို ရည်ညွှန်းပြောဆိုမှုအများစုမှာ ယာဉ်မောင်းများကို သတိရှိနေစေရန်နှင့် ကားကို ထိန်းချုပ်ရန် အသင့်ဖြစ်နေစေရန် လိုအပ်နေသေးသော ယာဉ်မောင်းအကူအညီပေးရေး စနစ်ဖြစ်သည့် ၎င်းတို့၏ ပြည့်စုံသောအလိုအလျောက်မောင်းနှင်မှု (FSD) အကြောင်းသာ ဖြစ်သည်။

သို့သော် က်ရုပ်လုပ်ငန်းသည် ကုမ္ပဏီ၏ ကားလုပ်ငန်းထက်သာမက အခြားမည်သည့် လုပ်ငန်းထက်မဆို ပိုကြီးလာမည် ဟု မတ်စ်က ဆိုသည်။

“ ဒါဟာ သမိုင်းတစ်လျှောက် အကြီးဆုံး ထုတ်ကုန် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောသည်။ “ ဒါကြောင့် ဖုန်းတွေထက်လည်း ကြီးမယ်၊ ဘာမဆိုထက် ကြီးမယ်။ စဉ်းစားရမယ့် ပုံစံကတော့ ကမ္ဘာပေါ်က လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် R2D2 ဒါမှမဟုတ် C3PO ကို ပိုင်ဆိုင်ချင်ကြလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ (ဘာသာပြန်သူမှတ်ချက်- R2D2 နှင့် C3PO တို့သည် နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင် Stars War ရုပ်ရှင်တွင်ပါဝင်သည့် စက်ရုပ်တို့၏ အမည်များဖြစ်သည်။)

တက်စလာ၏စက်ရုပ်များသည် ခွဲစိတ်ဆရာဝန်များကိုပင် အစားထိုးနိုင်ပြီး ကမ္ဘာ့ဆင်းရဲ နွမ်းပါးမှုကို အဆုံးသတ်ကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ကို ပြောင်းလဲပေးနိုင်သည် ဟုပင် သူက ခန့်မှန်းခဲ့သည်။ စက်ရုပ်တစ်ရုပ်လျှင် ဒေါ်လာ ၂၀,၀၀၀ ဖြင့် ထုတ်လုပ်နိုင်ပြီး ကုမ္ပဏီအနေဖြင့် ကားတစ်စီး၏ ဈေးနှုန်းခန့်ဖြင့် ရောင်းချနိုင်သည်ဟု သူက အခိုင်အမာ ဆိုသည်။

သို့သော်လည်း ယင်းထုတ်ကုန်များနှင့် အယူအဆများသည် ဖွံ့ဖြိုးတိုးတက်ဆဲ ဖြစ်ပြီး ရောင်းချရခြင်း မရှိသေးပါ။ ဆိုလိုသည်မှာ လစာသတ်မှတ်ချက်ကို အတည်ပြုပြီးသော်လည်း မတ်စ်အနေဖြင့် အလားအလာရှိသော ရှယ်ယာ သန်းပေါင်းများစွာကို မြင်တွေ့ရမည်ဟု အာမခံနိုင်ခြင်း မရှိသေးပေ။ ၎င်းသည် ကုမ္ပဏီ၏ လက်ရှိပြဿနာများကို ဖြေရှင်းပြီး အနာဂတ်အတွက် သူကတိပြုထားသည့် ကြီးမားသော ကတိများအတိုင်း နေထိုင်ရမည် ဖြစ်သည်။

မတ်စ်က ၎င်းသည် ပိုမိုများပြားသော ကြွယ်ဝမှုကို လိုချင်၍မဟုတ်ဘဲ ကုမ္ပဏီအပေါ် ပိုမိုထိန်းချုပ်မှု ရရှိရန်အတွက် ထပ်ဆောင်းရှယ်ယာများ လိုအပ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“ ကျွန်တော် အဲဒီပိုက်ဆံတွေကို သုံးသွားမှာ မဟုတ်ပါဘူး” ဟု မတ်စ်က ပြီးခဲ့သည့်လက ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးမှုတစ်ခုတွင် ပြောကြားခဲ့သည်။ “ (ကျွန်တော့်ကို) အားကောင်းတဲ့ သြဇာလွှမ်းမိုးမှု ပေးနိုင်ဖို့ လုံလောက်တဲ့ မဲပေးနိုင်ခွင့်ရှိတဲ့ ထိန်းချုပ်မှုမျိုး လိုအပ်တယ်။ ဒါပေမဲ့ ကျွန်တော် ရူးသွားရင်တော့ အလုပ်ထုတ်လို့ မရလောက်တဲ့ အထိတော့ မဟုတ်ဘူး” ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု