နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က နိုင်ငံခြားသားရန်သူများ (Alien Enemies) အက်ဥပဒေကို ထရန့်အား ခွင့်ပြုခဲ့ပြီး ပြည်နှင်ဒဏ်ပေးမှုကို တွန်းအားပေး

စွပ်စွဲခံထားရသောဂိုဏ်းဝင်များ အထူးသဖြင့် ဗင်နီဇွဲလားနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးမှုကို အရှိန်မြှင့်တင်ရန်အတွက် ရာစုနှစ်များစွာ က်တမ်းရှိ စစ်တွင်းဥပဒေဖြစ်သည့် နိုင်ငံခြားသားရန်သူများ အက်ဥပဒေ (Alien Enemies Act) ကို အသုံးပြုရန် တရားရုံးချုပ်က ယာယီခွင့်ပြုလိုက်သည်။

လက်မှတ်ထိုး၍ မထုတ်ပြန်ခဲ့သည့်ဆုံးဖြတ်ချက်ကို လစ်ဘရယ်နှင့် ကွန်ဆာဗေးတစ် တရားသူကြီးများများ သဘောထားကွဲလွဲမှုများနှင့်အတူ အောက်ခြေတရားရုံးများ၏ စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် တရားရုံးချုပ်က ပြည်နှင်ဒဏ်ပေးခြင်းများကို ခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း တရားရုံးက နိုင်ငံတွင်းသို့ ရွှေ့ပြောင်းလာသူများသည် ၎င်းတို့၏ နေရပ်ပြန်ပို့ခြင်းကို ပြန်လည်စိစစ်ရန် အချိန်ရရှိခြင်းနှင့် အသိပေးချက်ကို လက်ခံရရှိခွင့်ရှိရမည်ဟု အလေးပေးဖော်ပြခဲ့သည်။

ဗဟိုတရားရုံးလွှတ်တော် တရားသူကြီး ဆိုနီယာ ဆိုတိုမာယောက စီရင်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ ဒါဟာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်တာ” ဟု ပြောခဲ့သည်။ ဗဟိုတရားရုံးလွှတ်တော် တရားသူကြီး အေမီကွန်နေးဘာရက် (Amy Coney Barrett) သည် အမိန့်တစ်စိတ်တစ်ပိုင်းကို ကန့်ကွက်ခဲ့သည်။

အလျင်စလို ပြည်နှင်ဒဏ်ပေးခြင်းနှင့် ဥပဒေကြောင်းအရ အလွန်အကျွံ လွန်ကဲခြင်းတို့ကို ဝေဖန်သူများက သတိပေးနေချိန်တွင် ထရန့်က အဆိုပါ စီရင်ချက်ကို ကြီးကြီးမားမား အနိုင်ရရှိမှုအဖြစ် ချီးကျူးခဲ့သည်။

တနင်္လာနေ့တွင် တရားရုံးချုပ်သည် သမ္မတဒေါ်နယ်ထရန့်အား နိုင်ငံခြားသားရန်သူများ အက်ဥပဒေ (Alien Enemies Act) ကို ကျင့်သုံးရန် ခွင့်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိများအား ထိုဥပဒေကိုအသုံးပြုကာ နိုင်ငံခြားသားအခြေချနေထိုင်သူများကို လျင်မြန်စွာ နှင်ထုတ်နိုင်စေမည့် အောင်မြင်မှုတစ်ခုအဖြစ် အိမ်ဖြူတော်အား ခွင့်ပြုခဲ့သည်။

အမှုတွင် လက်မှတ်မထိုးထားသည့် ဆုံးဖြတ်ချက်သည် တရားရုံးချုပ်တွင် ဆိုင်းငံ့ထားသည့် အရေးပေါ်အယူခံဝင်မှုအပေါ် အနီးကပ်စောင့်ကြည့်မှုအရှိဆုံးအမှု ဖြစ်သည်။ ထိုအမှုတွင် ထရန့်က ၁၇၉၈ ဥပဒေကို အသုံးပြုပြီး အခြေချသူများကို အလျှင်အမြန် ဖယ်ရှားမှုကြောင့် အောက်တရားရုံးများတွင် အက်ဥပဒေအသုံးပြုမှုအပေါ် တရားစွဲဆိုခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

ပြည်နှင်ဒဏ်ပေးခံရသူများသည် ၎င်းတို့အား အရေးယူမည့် အကြောင်းကြားစာများကို လက်ခံရရှိသင့်ပြီး ၎င်းတို့အား ထိန်းသိမ်းထားသည့်ပြည်နယ်ရှိ ပြည်ထောင်စုတရားရုံးမှ ၎င်းတို့အား ပြည်နှင်ဒဏ်ပေးခြင်းအား ပြန်လည်စစ်ဆေးရန် အခွင့်အလမ်း ရရှိစေမည် ဖြစ်ကြောင်း တရားရုံးချုပ်က အလေးပေး ပြောကြားခဲ့သည်။

ဗဟိုတရားရုံးချုပ်၏ဆုံးဖြတ်ချက်ကို လစ်ဘရယ်တရားသူကြီး သုံးဦးက ကန့်ကွက်ခဲ့ကြပြီး တရားရုံး၏ ရှေးရိုးစွဲဝါဒီအဖွဲ့ဝင်တစ်ဦးဖြစ်သူ အေမီကွန်နေး ဘားရက် (Amy Coney Barrett) က တစ်စိတ်တစ်ပိုင်း ကန့်ကွက်ခဲ့သည်။

ထရန့်သည် သူပိုင်ဆိုင်သည့် Truth Social တွင် အဆိုပါဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး “ အမေရိကတွင် တရားမျှတမှုအတွက် ကောင်းသောနေ့တစ်နေ့” ဟု စာလုံးကြီးများဖြင့် ရေးသားထားသည်။

“နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးကို ဗဟိုတရားရုံးချုပ်က ဘယ်သူပဲဖြစ်ပါစေ၊ ငါတို့ရဲ့ နယ်နိမိတ်ကို လုံခြုံအောင်၊ ငါတို့မိသားစုနဲ့ ငါတို့နိုင်ငံကို အကာအကွယ်ပေးနိုင်အောင်ဆိုပြီး သမ္မတကို ခွင့်ပြုချက်ပေးခဲ့တယ်” ဟု ရေးသားထားသည်။

ရှေ့နေချုပ် ပန်းဘွန်ဒီ (Pam Bondi) နှင့် အမိမြေလုံခြုံရေးဝန်ကြီး ခရစ်တီနုန်းမ် (Kristi Noem) အပါအဝင် ထရန်အုပ်ချုပ်ရေး အရာရှိများက အဆိုပါဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချီးကျူးခဲ့ကြပြီး ဘွန်ဒီက ၎င်းသည် “ တရားဥပဒေစိုးမိုးရေးအတွက် အထင်ကရ အောင်ပွဲတစ်ခု” ဟု ဖော်ပြကာ ပြောကြားခဲ့သည်။

“ဝါရှင်တန်ဒီစီရှိ တက်ကြွလှုပ်ရှားသူ တရားသူကြီးတစ်ဦးသည် အမေရိကန်ပြည်သူများကို ဘေးကင်းစေရန် လုပ်ဆောင်နေသော သမ္မတထရန့်၏ အခွင့်အာဏာကို ချုပ်ကိုင်ရန် စီရင်ပိုင်ခွင့်မရှိပါ” ဟု ရှေ့နေချုပ်ဘွန်ဒီက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

“ သမ္မတထရန့်၏လုပ်ရပ် မှန်ကန်ကြောင်း သက်သေပြလိုက်ပြန်ပြီ!” ဟု ခရစ်တီနုန်းမ်က ပို့စ်တင်ခဲ့ပြီး’ “ အခုထွက်သွားပါ ဒါမှမဟုတ် ငါတို့က မင်းကိုဖမ်းမယ်၊ သော့ခတ်ပိတ်လှောင်ထားပြီး မင်းတို့ကို ပြည်နှင်ဒဏ်ပေးမှာပါ” ဟု ထည့်သွင်းရေးသားခဲ့သည်။

ထရန့်သည် ၎င်း၏အရေးပေါ်အယူခံဝင်မှုကို တရားစီရင်ရေးအာဏာအပေါ် တွန်းလှန်နိုင်မှုအဖြစ် ပြသထားပြီး အထူးသဖြင့်၊ အမေရိကန် ခရိုင်တရားသူကြီး ဂျိမ်းဘို့စ်ဘတ်ဂ် (James Boasberg) ၏အမိန့်သည် သမ္မတက နိုင်ငံခြားသားရန်သူများ အက်ဥပဒေ( Alien Enemies Act) ကို ကျင့်သုံးခြင်းကို ယာယီပိတ်ပင်ထားပြီး ဗင်နီဇွဲလားနိုင်ငံသားငါးဦးက ထိုကျင့်သုံးမှုအပေါ် သမတကို တရားစွဲဆိုထားသည်။ သမ္မတ၏ တောင်းဆိုမှုကို ခွင့်ပြု ခြင်းဖြင့်၊ တရားရုံးချုပ်သည် ဂျိမ်းဘို့စ်ဘတ်ဂ်၏အမိန့်ကို ဖယ်ရှားပစ်ခဲ့သည်။

ရွှေ့ပြောင်းလာသူများကို ကိုယ်စားပြုသည့် ရှေ့နေများကြားတွင် အဓိကစိုးရိမ်ရသည့် အချက်မှာ ရွှေ့ပြောင်းလာသူများကို အစိုးရက ဖယ်ရှားရန် အဆောတလျင် လုပ်ဆောင်ခြင်းသည် ယင်းဥပဒေကြောင်းအရ တောင်းဆိုချက်တင်ရန် အချိန်အနည်းငယ်မျှသာ ရရှိမည်ဖြစ်သည်။

တရားရုံး၏ အကြီးတန်း လစ်ဘရယ် အရှိဆုံး တရားသူကြီး ဆိုနီယာ ဆိုတိုမေယော(Sonia Sotomayor) က အမှုတွင် ထရန့် အစိုးရ၏ အပြုအမူသည် “တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်မှု ရှိနေသည်” ဟု ထောက်ပြပြောဆိုခဲ့သည်။

“အခု ဒီတရားရုံးကအများစုဟာ အစိုးရရဲ့ လုပ်ချင်သလိုလုပ်တဲ့ အပြုအမူအတွက် ခွင့်ပြုပေးလိုက်တာကို တားဆီးလို့မရခဲ့ပါဘူး” ဟု သူမက ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး