နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်နဲ့ ထရန့်အကြံပေး နာဗာရိုတို့ တယောက်နဲ့ တယောက် ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ခိုက်

** အီလွန်မတ်စ်က နာဗာရိုကို “ တကယ်ကိုရူးနေတဲ့အရူး” လို့ ပြော **

ဧပြီလ (၉) ရက်၊

တတ်စလာ စီအီးအို အီလွန်မတ်စ်က ထရန့်ရဲ့ ကုန်သွယ်ရေးနဲ့ ထုတ်လုပ်ရေးဆိုင်ရာ အကြီးတန်းအကြံပေး ပီတာနာဗာရိုကို ဆိုရှယ်မီဒီယာပေါ်တွင် “ တကယ်ကိုရူးနေတဲ့အရူး” လို့ ဧပြီလ (၈) ရက်နေ့က ပြောကြားခဲ့ပြီး အိမ်ဖြူတော်ရဲ့ အခွန်အကောက်အစီအစဉ်တွေကို သဘောမကျတဲ့ သဘောထားကို ပြသခဲ့ပါတယ်။

CNBC နဲ့ နာဗာရိုနဲ့ တွေ့ဆုံမေးမြန်းမှုအပြီးမှာ မတ်စ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ နာဗာရိုက တက်စလာဟာ ကားထုတ်လုပ်သူထက် “ ကားတပ်ဆင်တဲ့ကုမ္ပဏီ” နဲ့ ပိုပြီးနီးစပ်တယ်လို့ ပြောခဲ့ပြီး ထရန့်ရဲ့ အကောက်ခွန်မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထရန့်က နိုင်ငံအများအပြားအပေါ် အခွန်ကောက်ခံမှုကို ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း စျေးကွက် မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကားဈေးက ဒေါ်လာ ထောင်ချီ တက်လာဖွယ် ရှိနေပါတယ်။

“ တက္ကဆက်မှာရှိတဲ့ တက်စလာရဲ့ စက်ရုံကို ရောက်သွားရင် တော်တော်များများမှာ အင်ဂျင်တွေဖြစ်တဲ့ EV ထဲမှာပါတဲ့ ဘက္ထရီအများစုဟာ ဂျပန် ဒါမှမဟုတ် တရုတ်နိုင်ငံက လာတာပါ။ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ထိုင်ဝမ်မှာ ထုတ်လုပ်တာဖြစ်တယ်” လို့ နာဗာရိုက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့နဲ့ အီလွန်ရဲ့ စဉ်းစားတွေးခေါ်ပုံ ကွာခြားချက်ကတော့ ကျွန်တော်တို့က တာယာတွေကို အာကရွန် Akron (အိုဟိုင်းယိုး) မှာ ထုတ်လုပ်စေချင်တဲ့ အချက်ပါ” “ ဂီယာတွေကို အင်ဒီယားနားပိုလစ် (အင်ဒီယားနား) မှာ၊ အင်ဂျင်တွေကို မီချီကန်က ဖလင့် (Flint) ဒါမှမဟုတ် ဆာဂီနော် တို့မှာ လုပ်စေချင်ပြီး ကားတစ်စီးလုံး အမေရိကန်မှာ ထုတ်လုပ်စေချင်တာပါ။”

အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ မတ်စ်က နာဗာရိုက ပြောဆိုနေတာတွေကို ပြသတဲ့ ဗီဒီယိုကို X (အရင် တွစ်တာ) မှာ တင်ခဲ့ပြီး “ တကယ်ကိုရူးနေတဲ့အရူး” လို့ ပြောခဲ့ပါတယ်။ “သူပြောနေတာတွေက လုံးဝကို မှားနေတယ်” လို့ ရေးသားခဲ့ပါတယ်။ နာဗရိုကို ဉာဏ်ရည်မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံတဲ့အသုံးအနှုန်းနဲ့ စော်ကားခဲ့တာလည်း ရှိခဲ့ပါတယ်။

အခြားပို့စ်တစ်ခုမှာတော့ မတ်စ်က “ တက်စလာကားတွေဟာ အမေရိကန်လုပ် အစိတ်အပိုင်းတွေ အများဆုံးပါဝင်တယ်” လို့ ဆိုကာ “နာဗရိုဟာ အုတ်တွေထည့်တဲ့အိတ်လောက်တောင် ဉာဏ်ရည်မရှိဘူး” လို့ ဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှစ၍ တက်စလာဟာ ကားများ တပ်ဆင်ရာနေရာနှင့် ကားအစိတ်အပိုင်းများပြုလုပ်တဲ့နေရာ၊ ကားအင်ဂျင်နဲ့ ဂီယာတွေကို ထုတ်လုပ်တဲ့နေရာနဲ့ ထုတ်လုပ်ရေးလုပ်သားအင်အားစတဲ့ စံနှုန်တွေအပေါ် အခြေခံတဲ့ Cars.com ရဲ့ အမေရိကန်ထုတ်အညွှန်း USA Made Index မှာ ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

ဒါပေမယ့်လည်း မတ်စ်က တက်စလာဟာ အခွန်စည်းကြပ်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို ခံနိုင်ရည် မရှိသေးဘူးလို့ အသိအမှတ်ပြုခဲ့ပါတယ်။

“ တက်စလာအပေါ် အခွန်စည်းကြပ်မှုရဲ့ သက်ရောက်မှုက သိသာထင်ရှားဆဲပါပဲ” လို့ မတ်စ်က ပြီးခဲ့တဲ့လက X မှာ ပြောကြားခဲ့ပါတယ်။

မတ်စ်ဟာ အကောက်ခွန်မူဝါဒအပေါ် ထရန့်နဲ့ အကြား သဘောထားကွဲလွဲခဲ့ပြီး လွတ်လပ်စွာ ကုန်သွယ်မှုနဲ့သက်ဆိုင်တဲ့ ဗီဒီယိုတွေ လွှင့်တင်ကာ အီတလီမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သူ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန်နှင့် ဥရောပအကြား စည်းကြပ်ခွန်ဟာ “သုည” ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ (၇) ရက်နေ့က မတ်စ်က စည်းကြပ်ခွန်တွေကို ရပ်ဆိုင်းပေးဖို့ ထရန့်ကို တိုက်ရိုက်ပြောဆိုခဲ့တယ်လို့ ဝါရှင်တန် ပို့စ် (Washington Post) မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ထရန့်က မတ်စ်ရဲ့စကားကို နားမထောင်ခဲ့ဖူးလို့ ဆိုပါတယ်။

မူဝါဒ ဒါမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မတ်စ်နဲ့ ထရန့်တို့ သဘောထားမတိုက်ဆိုင်တာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မတ်စ်ဟာ ထရန့်ကို အကြီးအကျယ် ထောက်ခံသူနဲ့ ထိပ်တန်းအကြံပေးတွေထဲက တစ်ဦးဖြစ်ပြီး အခွန်စည်းကြပ်မှုအပေါ် သူတို့နှစ်ဦးအကြား သဘောထား မကိုက်ညီမှုကတော့ အလွန်ပြင်းထန်တယ်လို့ ပြောဆိုနေကြပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်။

ဓာတ်ပုံ။ အီလွန်မတ်စ်နဲ့ နာဗာရို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး