နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ မာကိုရိုဘီယို၏ မှတ်ချက်

+++++++++++++++++++++

မာကိုရိုဘီယို၏ မှတ်ချက်သည် မာမွတ်ခါလီလ် (Mahmoud Khalil) ၏ ယုံကြည်ချက်များကို ကိုးကားပြီး ၎င်းအား ပြည်နှင်ဒဏ်ပေးမှုကို တရားမျှတမှုရှိသည်ဟု အကြောင်းပြချက်ပေးခဲ့သည်။

ယမန်နှစ်က ဂါဇာစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အမေရိကန်တွင် ဦးဆောင်ခဲ့သည့် ကိုလံဘီယာ တက္ကသိုလ်ဘွဲ့ရ ကျောင်းသား ခါလီလ်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက မတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မာမွတ်ခါလီလ်သည် အမေရိကန်အတွက် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သက်သေအထောက်အထားများပေးရန် တရားသူကြီးကတောင်းဆိုထားသော နောက်ဆုံး ရက်ကို ရင်ဆိုင်ရချိန်တွင် ထရန့်အစိုးရက ၎င်းအား ပြည်နှင်ဒဏ်ပေးမှုသည် တရားမျှတမှုရှိသည်ဟု အကြောင်းပြရာတွင် ဆန္ဒပြ ကိုလံဘီယာကျောင်းသား၏ ယုံကြည်ချက်ကို ကိုးကား၍ တုံ့ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဂါဇာတွင် စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ဘွဲ့ရကျောင်းသား ခါလီလ်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက မတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ အင်္ဂါနေ့တွင် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက ဗုဒ္ဓဟူးနေ့တွင် သူ့ကို ပြည်နှင်ဒဏ်ပေးရန် သက်သေအချက်အလက် ပြရန် ဖက်ဒရယ်အစိုးရကို အမိန့်ပေးခဲ့သည်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းက ယင်းအတွက် တုံ့ပြန်ထားသော နိုင်ငံခြားရေးဝန်ကြီး မာကိုရိုမှတ်စုတိုတစ်ခုကို NBC သတင်းဌာနမှ ရရှိခဲ့သည်။ စာမျက်နှာတစ်မျက်နှာခွဲရှိ မှတ်စုတိုတစ်ခုတွင် ခါလီလ်အား အမေရိကန်မှ ဖယ်ရှားခြင်းအား အကြောင်းပြရန်အတွက် ၁၉၅၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားအက်ဥပဒေ၏ မထင်မရှား ပြဋ္ဌာန်းချက်ကို ကိုးကားဖော်ပြခဲ့သည်။

ခါလီလ် ၏ “အတိတ်၊ လက်ရှိ သို့မဟုတ် ထင်မှတ်ထားသော ယုံကြည်ချက်များ၊ ထုတ်ပြန်ချက်များ သို့မဟုတ် ပါဝင်ပတ်သက်မှုများသည် တရားဥပဒေဘောင်အတွင်း” မှ ဖြစ်သော်လည်း အဆိုပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတွင်း၌ နေထိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ရန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးတည်းကိုသာ ခွင့်ပြုထားကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

သူက ခါလီလ်ကို အမေရိကန်နိုင်ငံတွင် နေခွင့်ပြုခြင်းသည် “ အမေရိကန်ပြည်ထောင်စုရှိ ဂျူးကျောင်းသားများအတွက် ရန်လိုသောပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလိမ့်မည်” ဟုပြောကြားခဲ့သည်။

“အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် အမေရိကန်၏ အကျိုးစီးပွားများနှင့် အမေရိကန် နိုင်ငံသားများအကျိုးစီးပွားကို အဓိကကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပြီး ဂျူးဆန့်ကျင်ရေး အပြုအမူနှင့် အမေရိကန် ပြည်ထောင်စုတွင် အနှောင့်အယှက် ဖြစ်စေသော ဆန္ဒပြမှုများကို ခွင့်လွှတ်ခြင်းသည် အဆိုပါ သိသာထင်ရှားသော နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်ကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သည်” ဟု ၎င်းက ရေးသား ခဲ့သည်။

ခါလီလ်၏ရှေ့နေ ဘာဟာအက်ဇမိုင် (Baher Azmy) က “ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် နောက်ဆုံးတွင် ဤအမှုကို စွဲဆိုရန် မည်သည့်အချက်မျှ မရှိကြောင်း ဝန်ခံခဲ့သည်ဟု တုံ့ပြန်ပြောဆို လိုက်သည်။

“ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် တကယ်ကတော့ တရားဝင် အမြဲတမ်းနေထိုင်သူတွေ၊ ဒီနိုင်ငံကို တခြားကနေ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ဂါဇာနဲ့ ပါလက်စတိုင်းကို အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ဒါမှမဟုတ် နိုင်ငံတွင်းဟောပြောချက်မှာ ဆွေးနွေးနေတဲ့ တခြားအရေးကြီးတဲ့ ကိစ္စရပ်တွေ အကြောင်းတွေကို တိုင်းပြည်က နှင်ထုတ်ခံရမှာကို မကြောက်မရွံ့ဘဲ ပြောနိုင်မလား အခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက် (First Amendment) က လုံးဝ ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်မလား” ဟု အက်ဇမိုင် (Azmy) က ကြာသပတေးနေ့တွင် ပြုလုပ်သော ဗာကျူရယ် အွန်လိုင်း (virtual) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ နောက်တခါဆိုရင် အမေရိကန် နိုင်ငံသားတွေပါ ဒီလိုဆက်ဆံခံရမလားပဲ။” ဟု သူက ပြောခဲ့သည်။

လက်ထောက် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးချုပ် ဂျေမီကွန်မင်စ် (Jamee Comans) သည် ခါလီလ်အား အမေရိကန်မှပြည်နှင်ဒဏ်ပေးမည် သို့မဟုတ် လွှတ်ပေးသင့်သည်တို့ကို သောကြာနေ့ လူဝီစီယားနားတွင် ပြုလုပ်မည့် ကြားနာမှုတွင် ဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ သူမက ခါလီလ် ကို ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါက ခါလီလ်၏ ရှေ့နေများအဖွဲ့က အယူခံဝင်နိုင်သည်။

ခါလီလ်၏နောက်ထပ်ရှေ့နေ မာ့ဗင်ဒါဟောက် (Marc Van Der Hout) က ရူဘီယို၏မှတ်ချက်သည် အမေရိကန်တွင် ခါလီလ် ရှိနေခြင်းသည် “ဖြစ်နိုင်ချေရှိသော ဆိုးရွားသော နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကျိုးဆက်များ ဖြစ်နိုင်သည်” ဟု အစိုးရက တင်ပြခဲ့သော တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်ကြောင်း အကျဉ်းချုံး ပြောကြားခဲ့သည်။

“ ခင်ဗျားတို့အားလုံးမြင်တဲ့အတိုင်းပဲ စာမျက်နှာနှစ်မျက်နှာပါတဲ့ စာတမ်းကို အစိုးရက တင်သွင်းတယ်။ စာမျက်နှာ နှစ်မျက်နှာ ဒါပဲ” ဟု မာ့ဗင်ဒါဟောက်က ပြောသည်။ “ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မာမွတ် ခါလီလ် ဒီမှာရှိနေတာက နိုင်ငံခြားရေး ပေါ်လစီ အကျိုးစီးပွားတွေကိုထိခိုက်စေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဘာတွေ ပြောနေတာလဲ? အမေရိကန်ပြည်ထောင်စုရဲ့ ပထမပြင်ဆင်ချက်ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ ဆန္ဒပြခွင့်တွေ ကျင့်သုံးခြင်းဟာ အမေရိကန်ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေအကြောင်း ပြောနေပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်၊ ကိုးကားချက်ကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ လုံးဝမသက်ဆိုင်ပါဘူး။”

ခါလီလ်ဖမ်းဆီးခံရပြီး ငါးပတ်မပြည့်မီတွင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီးခဲ့သည်။ အထူးသဖြင့် မွတ်ဆလင်ကျောင်းသား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ဗီဇာများကို ရုတ်သိမ်းခဲ့သည်။

နိုင်ငံခြားရေးဌာနသည် ကျောင်းသားဗီဇာ ၃၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း ရူဘီယိုက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နေ့တိုင်းလုပ်တယ်” ဟု ၎င်းက ဆိုသည်။ “ အဲဒီလို အစွန်းရောက်သူတစ်ယောက်ကို တွေ့တိုင်း သူတို့ရဲ့ ဗီဇာကို သိမ်းပစ်လိုက်တယ်”

ဗုဒ္ဓဟူးနေ့တွင်၊ အမိမြေလုံခြုံရေးဌာနက နိုင်ငံခြားကျောင်းသားများအပါအဝင် ရွှေ့ပြောင်း အခြေချသူများ၏ ဆိုရှယ်မီဒီယာလှုပ်ရှားမှုတွင် ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ရန် တာဝန်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ စစ်ဆင်ရေးနှင့် ရင်းနှီးသော သတင်းရင်းမြစ်သုံးခုမှ NBC News သို့ ပြောကြားရာတွင် ထိုအဖွဲ့သည် အမေရိကန်တွင် ပညာသင်ကြားနေသော နိုင်ငံခြား ကျောင်းသား ၁.၅ သန်းခန့်ကို ၎င်းတို့၏ ဗီဇာများ ရုပ်သိမ်းရန် ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးစနစ်၏ မကြုံစဖူးသော လုပ်ဆောင်ချက်များသည် ဖက်ဒရယ်အစိုးရ၏ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှု တိုက်ဖျက်ရေးအမည်ဖြင့် တက္ကသိုလ်များကို ပိုမိုကျယ်ပြန့်စွာ ဖြိုခွင်းလိုက်ချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလတွင်၊ တရားရေးဌာနသည် ကျောင်းများနှင့် ကောလိပ်ကျောင်းများတွင် “ဂျူးဆန့်ကျင်ရေးနှောင့်ယှက်မှု” ဟု ခေါ်သည့်လှုပ်ရှားမှုကို “အမြစ်ပြတ်” ရန် အလုပ်အဖွဲ့တစ်ခု ကို စတင်ခဲ့သည်။

ကိုလံဘီယာ၊ ဟားဗတ်နှင့် ပရင်စတန်အပါအဝင် မကြာသေးမီရက်သတ္တပတ်များအတွင်းက တက္ကသိုလ်အများအပြားသို့ ဖက်ဒရယ်ရန်ပုံငွေ ဒေါ်လာသန်းရာပေါင်းများစွာကို အစိုးရက ရပ်ဆိုင်းခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ မကျေနပ်မှုများကြောင့် အစိုးရက ရန်ပုံငွေများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ မာမွတ် ခါလီလ် (Mahmoud Khalil) ကို ထောက်ခံသည့် ဆန္ဒပြသူများသည် မတ် ၁၀ ရက်က နယူးယောက်မြို့၌ စုဝေးခဲ့ကြသည်။Yuki Iwamura / AP (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 22 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 18 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 37 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 39 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့