နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ မာကိုရိုဘီယို၏ မှတ်ချက်

+++++++++++++++++++++

မာကိုရိုဘီယို၏ မှတ်ချက်သည် မာမွတ်ခါလီလ် (Mahmoud Khalil) ၏ ယုံကြည်ချက်များကို ကိုးကားပြီး ၎င်းအား ပြည်နှင်ဒဏ်ပေးမှုကို တရားမျှတမှုရှိသည်ဟု အကြောင်းပြချက်ပေးခဲ့သည်။

ယမန်နှစ်က ဂါဇာစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အမေရိကန်တွင် ဦးဆောင်ခဲ့သည့် ကိုလံဘီယာ တက္ကသိုလ်ဘွဲ့ရ ကျောင်းသား ခါလီလ်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက မတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မာမွတ်ခါလီလ်သည် အမေရိကန်အတွက် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သက်သေအထောက်အထားများပေးရန် တရားသူကြီးကတောင်းဆိုထားသော နောက်ဆုံး ရက်ကို ရင်ဆိုင်ရချိန်တွင် ထရန့်အစိုးရက ၎င်းအား ပြည်နှင်ဒဏ်ပေးမှုသည် တရားမျှတမှုရှိသည်ဟု အကြောင်းပြရာတွင် ဆန္ဒပြ ကိုလံဘီယာကျောင်းသား၏ ယုံကြည်ချက်ကို ကိုးကား၍ တုံ့ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဂါဇာတွင် စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ဘွဲ့ရကျောင်းသား ခါလီလ်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက မတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ အင်္ဂါနေ့တွင် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက ဗုဒ္ဓဟူးနေ့တွင် သူ့ကို ပြည်နှင်ဒဏ်ပေးရန် သက်သေအချက်အလက် ပြရန် ဖက်ဒရယ်အစိုးရကို အမိန့်ပေးခဲ့သည်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းက ယင်းအတွက် တုံ့ပြန်ထားသော နိုင်ငံခြားရေးဝန်ကြီး မာကိုရိုမှတ်စုတိုတစ်ခုကို NBC သတင်းဌာနမှ ရရှိခဲ့သည်။ စာမျက်နှာတစ်မျက်နှာခွဲရှိ မှတ်စုတိုတစ်ခုတွင် ခါလီလ်အား အမေရိကန်မှ ဖယ်ရှားခြင်းအား အကြောင်းပြရန်အတွက် ၁၉၅၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားအက်ဥပဒေ၏ မထင်မရှား ပြဋ္ဌာန်းချက်ကို ကိုးကားဖော်ပြခဲ့သည်။

ခါလီလ် ၏ “အတိတ်၊ လက်ရှိ သို့မဟုတ် ထင်မှတ်ထားသော ယုံကြည်ချက်များ၊ ထုတ်ပြန်ချက်များ သို့မဟုတ် ပါဝင်ပတ်သက်မှုများသည် တရားဥပဒေဘောင်အတွင်း” မှ ဖြစ်သော်လည်း အဆိုပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတွင်း၌ နေထိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ရန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးတည်းကိုသာ ခွင့်ပြုထားကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

သူက ခါလီလ်ကို အမေရိကန်နိုင်ငံတွင် နေခွင့်ပြုခြင်းသည် “ အမေရိကန်ပြည်ထောင်စုရှိ ဂျူးကျောင်းသားများအတွက် ရန်လိုသောပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလိမ့်မည်” ဟုပြောကြားခဲ့သည်။

“အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် အမေရိကန်၏ အကျိုးစီးပွားများနှင့် အမေရိကန် နိုင်ငံသားများအကျိုးစီးပွားကို အဓိကကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပြီး ဂျူးဆန့်ကျင်ရေး အပြုအမူနှင့် အမေရိကန် ပြည်ထောင်စုတွင် အနှောင့်အယှက် ဖြစ်စေသော ဆန္ဒပြမှုများကို ခွင့်လွှတ်ခြင်းသည် အဆိုပါ သိသာထင်ရှားသော နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်ကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သည်” ဟု ၎င်းက ရေးသား ခဲ့သည်။

ခါလီလ်၏ရှေ့နေ ဘာဟာအက်ဇမိုင် (Baher Azmy) က “ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် နောက်ဆုံးတွင် ဤအမှုကို စွဲဆိုရန် မည်သည့်အချက်မျှ မရှိကြောင်း ဝန်ခံခဲ့သည်ဟု တုံ့ပြန်ပြောဆို လိုက်သည်။

“ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် တကယ်ကတော့ တရားဝင် အမြဲတမ်းနေထိုင်သူတွေ၊ ဒီနိုင်ငံကို တခြားကနေ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ဂါဇာနဲ့ ပါလက်စတိုင်းကို အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ဒါမှမဟုတ် နိုင်ငံတွင်းဟောပြောချက်မှာ ဆွေးနွေးနေတဲ့ တခြားအရေးကြီးတဲ့ ကိစ္စရပ်တွေ အကြောင်းတွေကို တိုင်းပြည်က နှင်ထုတ်ခံရမှာကို မကြောက်မရွံ့ဘဲ ပြောနိုင်မလား အခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက် (First Amendment) က လုံးဝ ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်မလား” ဟု အက်ဇမိုင် (Azmy) က ကြာသပတေးနေ့တွင် ပြုလုပ်သော ဗာကျူရယ် အွန်လိုင်း (virtual) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ နောက်တခါဆိုရင် အမေရိကန် နိုင်ငံသားတွေပါ ဒီလိုဆက်ဆံခံရမလားပဲ။” ဟု သူက ပြောခဲ့သည်။

လက်ထောက် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးချုပ် ဂျေမီကွန်မင်စ် (Jamee Comans) သည် ခါလီလ်အား အမေရိကန်မှပြည်နှင်ဒဏ်ပေးမည် သို့မဟုတ် လွှတ်ပေးသင့်သည်တို့ကို သောကြာနေ့ လူဝီစီယားနားတွင် ပြုလုပ်မည့် ကြားနာမှုတွင် ဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ သူမက ခါလီလ် ကို ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါက ခါလီလ်၏ ရှေ့နေများအဖွဲ့က အယူခံဝင်နိုင်သည်။

ခါလီလ်၏နောက်ထပ်ရှေ့နေ မာ့ဗင်ဒါဟောက် (Marc Van Der Hout) က ရူဘီယို၏မှတ်ချက်သည် အမေရိကန်တွင် ခါလီလ် ရှိနေခြင်းသည် “ဖြစ်နိုင်ချေရှိသော ဆိုးရွားသော နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကျိုးဆက်များ ဖြစ်နိုင်သည်” ဟု အစိုးရက တင်ပြခဲ့သော တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်ကြောင်း အကျဉ်းချုံး ပြောကြားခဲ့သည်။

“ ခင်ဗျားတို့အားလုံးမြင်တဲ့အတိုင်းပဲ စာမျက်နှာနှစ်မျက်နှာပါတဲ့ စာတမ်းကို အစိုးရက တင်သွင်းတယ်။ စာမျက်နှာ နှစ်မျက်နှာ ဒါပဲ” ဟု မာ့ဗင်ဒါဟောက်က ပြောသည်။ “ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မာမွတ် ခါလီလ် ဒီမှာရှိနေတာက နိုင်ငံခြားရေး ပေါ်လစီ အကျိုးစီးပွားတွေကိုထိခိုက်စေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဘာတွေ ပြောနေတာလဲ? အမေရိကန်ပြည်ထောင်စုရဲ့ ပထမပြင်ဆင်ချက်ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ ဆန္ဒပြခွင့်တွေ ကျင့်သုံးခြင်းဟာ အမေရိကန်ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေအကြောင်း ပြောနေပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်၊ ကိုးကားချက်ကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ လုံးဝမသက်ဆိုင်ပါဘူး။”

ခါလီလ်ဖမ်းဆီးခံရပြီး ငါးပတ်မပြည့်မီတွင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီးခဲ့သည်။ အထူးသဖြင့် မွတ်ဆလင်ကျောင်းသား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ဗီဇာများကို ရုတ်သိမ်းခဲ့သည်။

နိုင်ငံခြားရေးဌာနသည် ကျောင်းသားဗီဇာ ၃၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း ရူဘီယိုက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နေ့တိုင်းလုပ်တယ်” ဟု ၎င်းက ဆိုသည်။ “ အဲဒီလို အစွန်းရောက်သူတစ်ယောက်ကို တွေ့တိုင်း သူတို့ရဲ့ ဗီဇာကို သိမ်းပစ်လိုက်တယ်”

ဗုဒ္ဓဟူးနေ့တွင်၊ အမိမြေလုံခြုံရေးဌာနက နိုင်ငံခြားကျောင်းသားများအပါအဝင် ရွှေ့ပြောင်း အခြေချသူများ၏ ဆိုရှယ်မီဒီယာလှုပ်ရှားမှုတွင် ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ရန် တာဝန်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ စစ်ဆင်ရေးနှင့် ရင်းနှီးသော သတင်းရင်းမြစ်သုံးခုမှ NBC News သို့ ပြောကြားရာတွင် ထိုအဖွဲ့သည် အမေရိကန်တွင် ပညာသင်ကြားနေသော နိုင်ငံခြား ကျောင်းသား ၁.၅ သန်းခန့်ကို ၎င်းတို့၏ ဗီဇာများ ရုပ်သိမ်းရန် ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးစနစ်၏ မကြုံစဖူးသော လုပ်ဆောင်ချက်များသည် ဖက်ဒရယ်အစိုးရ၏ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှု တိုက်ဖျက်ရေးအမည်ဖြင့် တက္ကသိုလ်များကို ပိုမိုကျယ်ပြန့်စွာ ဖြိုခွင်းလိုက်ချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလတွင်၊ တရားရေးဌာနသည် ကျောင်းများနှင့် ကောလိပ်ကျောင်းများတွင် “ဂျူးဆန့်ကျင်ရေးနှောင့်ယှက်မှု” ဟု ခေါ်သည့်လှုပ်ရှားမှုကို “အမြစ်ပြတ်” ရန် အလုပ်အဖွဲ့တစ်ခု ကို စတင်ခဲ့သည်။

ကိုလံဘီယာ၊ ဟားဗတ်နှင့် ပရင်စတန်အပါအဝင် မကြာသေးမီရက်သတ္တပတ်များအတွင်းက တက္ကသိုလ်အများအပြားသို့ ဖက်ဒရယ်ရန်ပုံငွေ ဒေါ်လာသန်းရာပေါင်းများစွာကို အစိုးရက ရပ်ဆိုင်းခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ မကျေနပ်မှုများကြောင့် အစိုးရက ရန်ပုံငွေများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ မာမွတ် ခါလီလ် (Mahmoud Khalil) ကို ထောက်ခံသည့် ဆန္ဒပြသူများသည် မတ် ၁၀ ရက်က နယူးယောက်မြို့၌ စုဝေးခဲ့ကြသည်။Yuki Iwamura / AP (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 30 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 40 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 55 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု