နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုရေးရာဝန်ကြီး ရောဘတ်ကနေဒီ ဂျူနီယာသည် CDC ကာကွယ်ဆေးအကြံပေးကော်မတီ၏ လက်ရှိအဖွဲ့ဝင်အားလုံးကို ဖယ်ရှားလိုက်သည်။

ဇွန်လ ၁၁ ရက်၊ ၂၀၂၅

အမေရိကန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုရေးရာဝန်ကြီး ရောဘတ်ကနေဒီ ဂျူနီယာ (Robert F. Kennedy Jr.) သည် ဖက်ဒရယ်အစိုးရ၏ ကာကွယ်ဆေး အကြံပြုချက်များကို သမိုင်းကြောင်းအရ လမ်းညွှန်ပေးခဲ့သည့် ကျွမ်းကျင်သူအဖွဲ့မှ ကာကွယ်ဆေး အကြံပေးအဖွဲ့ဝင်အားလုံးကို တနင်္လာနေ့တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ၎င်းတို့တွင် “ ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ရှိနေတယ်” ဟု ပြောကြားခဲ့သည်။

ကာကွယ်ဆေးအချိန်ဇယားနှင့် လိုအပ်သော ကာကွယ်ဆေးထိုးနှံမှုများကို အကြံပေးသည့် အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (US Centers for Disease Control and Prevention) မှ အကြံပေးသည့် အဖွဲ့ဝင် ၁၇ ဦးပါ ကာကွယ်ဆေးအလေ့အကျင့်များဆိုင်ရာ အကြံပေးကော်မတီတစ်ခုလုံးအား အနားပေးပြီး အဖွဲ့ဝင်အသစ်များဖြင့် အစားထိုးမည် ဖြစ်ကြောင်း ကနေဒီ က Wall Street Journal op-ed တွင် ကြေညာခဲ့သည်။ HHS ဝန်ကြီးတွင် ပုံမှန်အားဖြင့် လေးနှစ်ပတ်လုံး တာဝန်ထမ်းဆောင်နေသော ACIP အဖွဲ့ဝင်များကို ခန့်အပ်ရန်နှင့် ထုတ်ပယ်ရန် အခွင့်အာဏာ ရှိသည်။ သို့သော် အဖွဲ့ဝင်တစ်ခုလုံးကို အချိန်မတိုင်မီ ဖယ်ရှားခြင်းသည် မကြုံစဖူးဖြစ်သည်။

ဘုတ်အဖွဲ့၏အဖွဲ့ဝင်အများအပြားတွင် အစဉ်အလာအားဖြင့် ကလေးအထူးကုဆရာဝန်များ၊ ကူးစက်ရောဂါဗေဒပညာရှင်များ၊ ခုခံအားကျသူများကို လေ့လာသူနှင့် အခြားသမားတော်များ ပါဝင်သည်။ ဘိုင်ဒင် အစိုးရလက်ထက်တွင် နောက်ဆုံးမိနစ်တွင် ခန့်အပ်လိုက်သူများဖြစ်ကြောင်း ကနေဒီ မှပြောကြားခဲ့သည်။ “ လက်ရှိအဖွဲ့ဝင်များကို ဖယ်ရှားခြင်း မရှိပါက၊ လက်ရှိ ထရန့်အစိုးရသည် ၂၀၂၈ ခုနှစ်အထိ အဖွဲ့ဝင်အသစ်အများစုကို ခန့်အပ်နိုင်လိမ့်မည်မဟုတ်” ဟု ရေးသားခဲ့သည်။

ACIP အဖွဲ့ဝင်များသည် နိုင်ငံရေးအရ ခန့်အပ်သူများမဟုတ်ပါ။ သို့သော်လည်း ဖက်ဒရယ် ကာကွယ်ဆေးမူဝါဒနှင့် ကာကွယ်ဆေးဘေးကင်းရေးတို့ကို နှစ်ရှည်လများဝေဖန်သူ ကနေဒီက လက်ရှိအုပ်စုသည် ကိုယ်ကျိုးစီးပွား ပဋိပက္ခများ လွှမ်းမိုးမှုများရှိနေသည်ဟု ဝေဖန်ပြောဆိုခဲ့သည်။ ACIP သည် ၎င်း၏အဖွဲ့ဝင်များအတွက် ၂၀၀၀ မှ ၂၀၂၄ ခုနှစ်အတွင်း ပဋိပက္ခများနှင့် ထုတ်ဖော်မှုများဆိုင်ရာ အသေးစိတ်အချက်အလက်များကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ကနေဒီ ကလည်း ACIP သည် ၎င်း၏ ကာကွယ်ဆေး အကြံပြုချက်များတွင် ပွင့်လင်း မြင်သာမှု မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ကော်မတီသည် မကြာသေးမီက ကလေးများ အတွက် Covid-19 ကာကွယ်ဆေးထိုးရန် အကြံပြုကန့်သတ်ချက်များကို နည်းပါးစေရန် စဉ်းစားခဲ့သည်။ ACIP ၏အကြံပြုမှုမပါဘဲ ကာကွယ်ဆေးအချိန်ဇယားကို အပ်ဒိတ် လုပ်ထားကြောင်း ကနေဒီက ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။

ကနေဒီ၏ ကြေညာချက် (op-ed) ထုတ်ဝေပြီးသည့်တိုင်အောင် ၎င်းတို့သည် အလုပ်ရပ်စဲမှု သတိပေးချက်ကို မရရှိခဲ့ဟု အလုပ်ရပ်နားခံလိုက်ရသည့် ACIP အဖွဲ့ဝင်တစ်ဦးမှ CNN သို့ ပြောကြားခဲ့သည်။

“လူထုကျန်းမာရေးကို ထိခိုက်စေတဲ့ အရာမျိုး ကျွန်တော် တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူး” ဟု ထိုအကြံပေးက ဆိုသည်။ “ ကျွန်တော် အံ့သြသွားတယ်။ တော်တော်မျက်နှာပြောင်တိုက်နိုင်တယ်။ ဒါက အမေရိကမှာ ကာကွယ်ဆေးထိုးတာကို အခြေခံအားဖြင့် မတည်မငြိမ် ဖြစ်စေလိမ့်မယ်။”

ACIP သည် “ကျွန်တော်သိတဲ့ ဘယ်အဖွဲ့အစည်းတွေထက်မဆို ကိုယ်ကျိုးစီးပွားရှာမှုကို အပြင်းထန်ဆုံးကာကွယ်ထားတဲ့ မူဝါဒ ရှိပါတယ်” ဟု အကြံပေးသူက ပြောသည်။ “ကနေဒီက ပိုသိဖို့ လိုပါတယ်” ဟု အကြံပေးက ဆိုသည်။

ကနေဒီသည် လူဝီစီယားနားမှ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ဘီးလ်ကက်ဆစ်ဒီ (Bill Cassidy) နှင့်ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့်ပင်စင်များကော်မတီဥက္ကဌ၊ ကာကွယ်ဆေးအကြံပေးဘုတ်များတွင် အဓိကအခန်းကဏ္ဍများကို ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ အထက်လွှတ်တော်အမတ်နှင့် တိုင်ပင်မည်ဖြစ်ပြီး၊ အပြောင်းအလဲမရှိဘဲ ACIP ကို သူကဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလမိန့်ခွန်းတွင် ကနေဒီကပြောကြားခဲ့သည်။ ဘီးလ်ကက်ဆစ်ဒီသည်ကနေဒီကို ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှု ရေးရာဝန်ကြီး ရာထူးခန့်ထားရန်ကြားနာမှုတွင် ထောက်ခံမဲပေးခဲ့သည့် လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။

“ ဟုတ်ပါတယ်၊ အခုစိုးရိမ်နေကြတာက ACIP ဟာ ကာကွယ်ဆေးအကြောင်း ဘာမှမသိတဲ့ လူတွေကိုခန့်မှာကိုပါ” ဟု ကက်ဆစ်ဒီက တနင်္လာနေ့တွင် X ပို့စ်တွင် ပြောကြားခဲ့သည်။ “ ကျွန်တော်က ဝန်ကြီးကနေဒီနဲ့ စကားပြောပြီးပြီ။ ဒီလိုကိစ္စတွေ ဖြစ်မလာကြောင်း သေချာအောင် ကျွန်တော် သူနဲ့ ဆက်ပြောနေမယ်။”

CNN မှ မန်နူ ရာဂျုး (Manu Raju) သည် ကနေဒီ၏ အမည်စာရင်းတင်သွင်းမှုအတွက် ၎င်း၏ယခင်ထောက်ခံမှုနှင့်ပတ်သက်၍ ယခုမည်သို့ ခံစားရကြောင်း ကက်ဆစ်ဒီကို မေးမြန်းခဲ့ရာတွင် အထက်လွှတ်တော်အမတ်၏ဝန်ထမ်းတစ်ဦးမှ အနှောင့်အယှက်ပေးခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ကို ကိုးကားခဲ့သည်။

ကနေဒီကို ထောက်ခံမဲပေးတာ နောင်တရသလားဆိုတာကို ထပ်ခါထတ်ခါ ဖိအားပေး မေးသည့်အခါ ကက်ဆစ်ဒီက “ မှတ်ချက်မပေးဘူး” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ကနေဒီ၏ လုပ်ဆောင်ချက်သည် “အလေးထားပြီး မေးခွန်းထုတ်စရာတွေ ရှိလာတယ်” ဟု မိန်းပြည်နယ်မှ ရီပတ်ဘလီကန်အမတ် ဆူဆန်ကောလင်း (Susan Collins) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “လူတိုင်း နုတ်ထွက်ပေးဖို့ တောင်းဆိုတာက အရမ်းများနေတယ်လို့ ကျမ မြင်ရတယ်။”

CDC ကော်မတီသည် Covid-19၊ RSV၊ တုတ်ကွေး (influenza)၊ HPV နှင့် ဦးနှောက်နှင့် ကျောရိုးတွင် ဖြစ်သည့် meningococcal ကူးစက်ရောဂါအတွက် ကာကွယ်ဆေးထိုးရန် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ တွေ့ဆုံရန် စီစဉ်ထားသည်။ HHS က အေဂျင်စီအား ၎င်း၏အကြံပေးအဖွဲ့အား ဖြည့်စွက်ရန် အကြမ်းဖျင်း နှစ်ပတ်ခန့် အချိန်ပေး၍ အစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ လူတွေကို ဒီလိုအမြန်ခန့်အပ်ခြင်းက သူတို့ဟာ မှန်ကန်တဲ့စစ်ဆေးမှု မခံရဘူးလို့ ဆိုလိုပြီး အကျိုးစီးပွား ပဋိပက္ခပြဿနာတွေကို စစ်ဆေးဖို့ အချိန်မရှိဘူး” ဟု ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကို ဥပဒေဌာနမှ ဥပဒေပါမောက္ခ ဒိုရစ် ရီ့စ် (Dorit Reiss) က CNN သို့ ပြောကြားခဲ့သည်။ “ ဒါက ကာကွယ် ဆေးတွေ အပေါ် ယုံကြည်မှုကို ပြန်လည်ရရှိစေမှာ မဟုတ်ပါဘူး၊ ဒီလိုလုပ်ဖို့ ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး” ဟု ဆိုသည်။

အခြားကျန်းမာရေးခေါင်းဆောင်များနှင့် အင်စတီကျူးရှင်းအဖွဲ့အစည်းများသည် CDC ၏ အကြံပေးကော်မတီကို လျင်မြန်စွာ ကာကွယ်ပြီး ပြောဆိုခဲ့ကြသည်။

Robert Wood Johnson Foundation ၏ ဥက္ကဌနှင့် CEO ဖြစ်ပြီး ယခင် CDC ၏ ဒါရိုက်တာဖြစ်သူ ဖြစ်သူ ဒေါက်တာ ရစ်ချက် ဘက်ဆာ (Richard Besser) က ကော်မတီသည် အမေရိကန် ကျန်းမာရေးအေဂျင်စီများကို နှစ်ပေါင်း ၆၀ ကျော် လမ်းညွှန်ခဲ့ပြီး ကလေးအထူးကုဆရာဝန်အဖြစ် ၎င်း၏လုပ်သက် နှစ် ၃၀ တာကာလအတွင်း ၎င်းအဖွဲ့၏အကြံဉာဏ်များကို အားကိုးခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ ဒီဆုံးဖြတ်ချက်က ကလေးအထူးကုဆရာဝန်တွေနဲ့ သူတို့ရဲ့လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ တခြားပံ့ပိုးပေးသူတွေကို ပိုခက်ခဲစေပါလိမ့်မယ်။ ACIP က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးတွေကို ပေးနေတဲ့ ကာကွယ်ဆေးတွေကို စိစစ်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အယူအဆဟာ လုံးဝကို အဓိပ္ပါယ်မဲ့ပါတယ်” ဟု ဘက်ဆာ (Besser) က ပြောကြားခဲ့သည်။

“ ကာကွယ်ဆေးတွေရဲ့ ဘေးကင်းမှုနဲ့ ထိရောက်မှုအပေါ် မလိုလားအပ်တဲ့ သံသယတွေ ပေါ်ပေါက်လာစေဖို့ ဝန်ကြီးကနေဒီထက် ဘယ်သူကမှ ပိုပြီး မလုပ်ဆောင်ခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်နိုင်ငံသားတိုင်းရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ဂရုမစိုက်ကြောင်း ပြသနေတာ ဖြစ်တယ်” လို့ ဝေဖန်ခဲ့ပါတယ်။

ကနေဒီ၏ဆုံးဖြတ်ချက်သည် ယုံကြည်မှုကို ပျက်ပြားစေပြီး မရေမတွက်နိုင်သည့် အသက်များကို ကယ်တင်ခဲ့သည့် ပွင့်လင်းမြင်သာမှုဖြစ်စဉ်ကို ဖျက်စီးလိုက်ခြင်းဖြစ်ကြောင်း လက်ရှိဖြစ်ပေါ်နေသောဝက်သက်ရောဂါ ( measles) ကူးစက်ပြန့်ပွားနေမှုနှင့် ပုံမှန်ကလေး ကာကွယ်ဆေးများ ထိုးနှံခြင်းနှုန်းများကျဆင်းနေခြင်းတို့အပြင် ထိုလုပ်ဆောင်မှုသည် ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကာကွယ်တားဆီးနိုင်သည့် ရောဂါများ ပြန့်ပွားလာစေရန် တွန်းအားပေးမည့် အခြေအနေသို့ ဖြစ်စေနိုင်သည်ဟု အမေရိကန် ဆေးဘက်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘရုစ် အေ စကော့ (Bruce A. Scott) ၏ ကြေညာချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ကလေးဆေးဘက်ဆိုင်ရာအကယ်ဒမီ (American Academy of Pediatrics) ၏ ဥက္ကဌ ဒေါက်တာ ဆူဆန် ကရပ်စလီ (Susan Kressly) က မကြာသေးမီရက်များအတွင်း ထရန့်အစိုးရက ယခင်က လုပ်ဆောင်မှုများကို အငြင်းပွားစေသည့် အလုပ်ထုတ်ပယ်မှုများနှင့် ကြေညာချက်များသည် ကြိုတင်ကာကွယ်ဆေးများနှင့်ပတ်သက်၍ ဆန့်ကျင်ပြောကြားချက်များသည် မိသားစုများအတွက် ဇဝေဇဝါ ဖြစ်စေပြီး မည်သည်ကို လိုက်နာရမည်မသိခြင်းကို ဖြစ်စေသည်ဟု ဆိုသည်။

“ ဤလုပ်ဆောင်မှုသည် ကျွန်ုပ်တို့၏ လူနာများနှင့် ဆယ်စုနှစ်များအတွင်း တည်ဆောက်ထားသောကလေးအထူးကုဆရာဝန်များ၏အကြား ယုံကြည်မှုကို ပျက်ပြားစေပြီး ကျွန်ုပ်တို့ မှီခိုအားထားရသောအရေးကြီးသော သိပ္ပံနည်းကျ ကျွမ်းကျင်မှုမရှိဘဲ ကျွန်ုပ်တို့ကို ထားခဲ့သည်” ဟု ကရပ်စလီ (Kressly) မှပြောကြားခဲ့သည်။

အမေရိကန်ကူးစက်ရောဂါများအသင်း၏ဥက္ကဋ္ဌ ဒေါက်တာတီနာတန် (Dr. Tina Tan)က ကော်မတီဝင်များသည် အရည်အချင်းပြည့်မီပြီး ACIP ၏သမာဓိနှင့်ပတ်သက်၍ ကနေဒီ၏စွပ်စွဲချက်များသည် “လုံးဝအခြေအမြစ် မရှိဘဲ၊ အသက်အရွယ်မရွေး အမေရိကန်လူမျိုးများအပေါ် သိသိသာသာ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်” ဟု ပြောကြားခဲ့သည်။

“ ကျွမ်းကျင်သူအဖွဲ့တစ်ခုလုံးကို တစ်ဖက်သတ်ဖယ်ရှားခြင်းသည် မဆင်မခြင်၊ အမြင်ကျဉ်းမြောင်းပြီး ပြင်းထန်စွာ အန္တရာယ်ဖြစ်စေပါသည်” ဟုဆိုခဲ့သည်။

မကြာသေးမီက ထုတ်ပယ်ခံရသော CDC အကြံပေးပုဂ္ဂိုလ်က ပံ့ပိုးပေးသူများသည် အေဂျင်စီကာကွယ်ဆေးထိုးခြင်းအချိန်ဇယားကို အားကိုး၍ရတော့မည် မဟုတ်ကြောင်းနှင့် ၎င်းတို့ယုံကြည်နိုင်သည့် ACIP အတွက် အပြိုင်ကော်မတီတစ်ခုကို ဖန်တီးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရောဂါကာကွယ်ဆေးစိတ်ချယုံကြည်နိုင်မှုပရောဂျက် (Vaccine Integrity Project) ၏ ကြိုးပမ်းမှုတစ်ခုဖြစ်သည့် အမေရိကန်၏ ကျန်းမာရေး ခေါင်းဆောင်(ဝန်ကြီး) က ကောင်းစွာ လေ့လာထားသော ကာကွယ်ဆေးများ၏ ဘေးကင်းရေးအပေါ် အခြေအမြစ် မရှိသော သံသယစိတ်များ ရှိနေခြင်းကြောင့် ယခုနှစ် အစောပိုင်းတွင် ပြဿနာစတင်ခဲ့သည်။ ပရောဂျက်၏ ထည့်သွင်းစဉ်းစားချက်များထဲတွင် ကာကွယ်ဆေးဘေးကင်းမှုနှင့် ထိရောက်မှုကို အကဲဖြတ်ရန် သီးခြားလွတ်လပ်သော အဖွဲ့သစ်တစ်ခု မရှိမဖြစ်လိုအပ်သည်၊

“ ACIP အလုပ်ထုတ်ပယ်မှုသည် ခေတ်သစ်ပြည်သူ့ကျန်းမာရေးအတွက် အမှောင်ဆုံး နေ့ရက်များကို ကိုယ်စားပြုသည်” ဟု ရောဂါကာကွယ်ဆေးစိတ်ချယုံကြည်နိုင်မှု (Vaccine Integrity Project) ပရိုဂျက် တည်ထောင်သူ ဒေါက်တာ မိုက် အော့စတာဟုမ်း (Mike Osterholm) က ပြောကြားခဲ့သည်။ “ကနေဒီဟာ သိပ္ပံပညာနဲ့ အသက်တွေကို ကယ်တင်ဖို့ စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အချိန်ကို ဝင်ရောက်နေပါပြီ” ဟု ဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

သီးသန့် CNN နှင့်အင်တာဗျူးတွင် ကာတာဝန်ကြီးချုပ်က နက်တန်ယာဟုသည် အစ္စရေး ဓားစာခံများအတွက် “မျှော်လင့်ချက်မှန်သမျှကို သတ်ပစ်လိုက်သည်” ဟု ပြောကြားခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 10 Views
CNN -၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် ကာတာဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် CNN နှင့် သီးသန့်အင်တာဗျူးတစ်ခု၌ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်
နိုင်ငံတကာသတင်း ဥရောပ

ဘန့်စီ (Banksy) ၏ တရားသူကြီးက ဆန္ဒပြသူကို ရိုက်နှက်နေသည့် နံရံပန်းချီအား လန်ဒန်တရားရုံးမှ ဖျက်ပစ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 16 Views
လန်ဒန်၊ AP — တရားသူကြီးတစ်ဦးက ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်နေသည့် ဘန့်စီ ၏ နံရံဆေးရေးပန်းချီကို တရားရုံးနံရံတစ်ခုပေါ်တွင် ရေးဆွဲခဲ့ရာ ၎င်းသည်
နိုင်ငံတကာသတင်း အမေရိကန်

ချားလ်စ် ကိခ် ပစ်ခတ်မှု မည်သို့ဖြစ်ပွားခဲ့သနည်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 17 Views
BBC-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်။ သြဂုတ်လ၆ ရက်နေ့ ညနေပိုင်း ၁၇နာရီ ၄၁မိနစ်  တွင်က ယူတားပြည်နယ်ရှိ ယူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထင်ပေါ်ကျော်ကြားသော ရီပတ်ဘလစ်ကန် တက်ကြွလှုပ်ရှားသူ ချားလ်စ် ကိခ် ပစ်သတ်ခံရသည်။ ချားလ်စ်
နိုင်ငံတကာသတင်း မြန်မာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ကာတာနိုင်ငံတွင်းမှာ အစ္စရေးက ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်မှုအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 44 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၀ရက် အစ္စရေးဟာ”အစည်းအဝေးကိုမီးတိုက်ခြင်း”ဟု အမည်ပေးထားသော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂါနေ့က ကာတာနိုင်ငံမြို့တော်ရှိ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းနေသော ဟားမက်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ၊ အရေးကြီးသော အမေရိကန်မဟာမိတ်နိုင်ငံနှင့် ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များတွင်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 38 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့ကို တိကျစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောကြား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 62 Views
ဒိုဟာ (Doha) မြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး မကြာမီမှာပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့အနေနဲ့ Shin Bet လုံခြုံရေးအေဂျင်စီနဲ့ ပူးပေါင်းပြီး ဟားမတ်စ်အဖွဲ့ရဲ့ “ အဆင့်မြင့်ခေါင်းဆောင်ပိုင်း” ကို “ တိကျစွာ ပစ်ခတ်တိုက်ခိုက်”
တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားက ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရာမှာ နက်ရှိုင်းတဲ့ သင်ခန်းစာတစ်ခုကို ရရှိ သွားပါပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 57 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၉) ရက် ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာ သမိုင်းတစ်လျှောက် သင်ခန်းစာကြီးတစ်ခုကို ရရှိနေပါ တယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရနဲ့ သူတို့ ချုပ်ဆိုလိုက်တဲ့ ဘယ်သဘောတူညီချက်မဆို အရေးကြီးတဲ့ အမှတ်အသားတစ်ခု ပါရှိလာလိမ့်မှာဖြစ်တယ်။
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အမေရိကန်နဲ့ ဥရောပတို့ဟာ စစ်ပွဲနှစ်ပေါင်းများစွာ ကြာမြင့်နေပေမယ့်လည်း ရုရှားနဲ့ ဘီလျံနဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 80 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မ်ဟာ အိန္ဒိယနိုင်ငံအပေါ် ရုရှားကရေနံတင်သွင်းတာကြောင့် ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲအတွက် ငွေကြေးထောက်ပံ့တာတွေ ဖြစ်နေတာကို အပြစ်ပေးတဲ့ အနေနဲ့ အိန္ဒိယနိုင်ငံအပေါ် အခွန်တွေကို ဗုဒ္ဓဟူးနေ့က ၅၀% အထိ နှစ်ဆတိုးမြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပကိုယ်တိုင်ကတော့ ရုရှားနဲ့