နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ ပြောသော်လည်း ဇလန်းစကီးက အပစ်အခတ်ရပ်စဲရေးကို ဦးစွာသဘောတူရမယ်ဟုဆို

၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်၊

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် အဆိုပြုခဲ့ပြီး ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ကြိုဆိုခဲ့သော်လည်း မော်စကိုအနေနှင့် အပစ်အခတ်ရပ်စဲရေးကို ဦးစွာသဘောတူရမည်ဟု အလေးပေး ပြောဆိုခဲ့ပါသည်။

တနင်္ဂနွေနေ့က ရှားရှားပါးပါး ညနှောင်းပိုင်း ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားစဉ် ကိ့ဗ်နှင့် ၎င်း၏ မဟာမိတ်များ တောင်းဆိုထားသည့် တနင်္လာနေ့မှစတင်သည့် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး အတွက် အဆိုပြုချက်ကိုမူ ပူတင်က ပြောဆိုခြင်း မရှိခဲ့ချေ။

ပူတင် အစ္စတန်ဘူလ်တွင် ကြာသပတေးနေ့တွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် အဆိုပြုခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် မော်စကို၏ အပြည့်အ၀ကျူးကျော်မှု၏ အစောပိုင်းရက်သတ္တပတ်များကတည်းက မတွေ့မြင်ရသည့် ပြောကြားချက် ဖြစ်သည်။

” ကျွန်တော်တို့က လာမယ့် မေလ ၁၅ ရက် ကြာသပတေးနေ့မှာ အစ္စတန်ဘူလ်မှာ ချက်ချင်းစတင်ဆွေးနွေးလိုပါတယ်” ဟု ပူတင်က ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများကို “ကြိုတင်သတ်မှတ်ချက်များ မရှိဘဲ” ကျင်းပသင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“ ယူကရိန်းနဲ့ လေးလေးနက်နက် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့ပုံစံချနေပါပြီ” ဟု ပူတင်က ဆိုပြီး “ ပဋိပက္ခ၏ မူလဇစ်မြစ်များကို ဖယ်ရှားပစ်ရန်” နှင့် “ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ထူထောင်ရန် ရည်ရွယ်သည်” ဟု ပြောကြားခဲ့သည်။

နေတိုး၏ အရှေ့ဘက်သို့ တိုးချဲ့ခြင်းမှ ယူကရိန်းစစ်တပ် အရွယ်အစားအထိ ရုရှား၏ မကျေနပ်ချက်များစွာသည် အခြေခံအကြောင်းရင်းများအဖြစ် ယေဘုယျအားဖြင့် နားလည်ထားသည်။

ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နှင့် ပိုလန် ခေါင်းဆောင်များသည် ကိယက်ဗ်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးနှင့်အတူ ရပ်ပြခဲ့အပြီး နာရီပိုင်းအကြာတွင် ပူတင်၏ မိန့်ခွန်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ပူတင်အား တနင်္လာနေ့မှ စတင်ကာ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီရန် သို့မဟုတ် ဖြစ်နိုင်ချေရှိသော “ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုများ” ကို ရင်ဆိုင်ရမည်ဟု ဖိအားပေးထားခဲ့သည်။

ရုရှားသမ္မတ ပူတင်၏ အဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် ဇလန်းစကီးက ၎င်း၏ နိုင်ငံသည် ရုရှားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

“ ရုရှားက စစ်ပွဲကို အဆုံးသတ်ဖို့ စတင်စဉ်းစားခြင်းဟာ အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်တယ်” ဟု ဇလန်းစကီးက X တွင် ရေးသားခဲ့သည်။ “ ကမ္ဘာတစ်ဝှမ်းလုံးက ဒီအရာကို အကြာကြီး စောင့်ဆိုင်းနေခဲ့ရပြီး စစ်မှန်တဲ့ အဆုံးသတ်ခြင်းရဲ့ ပထမခြေလှမ်းဟာ အပစ်အခတ် ရပ်စဲရေးဖြစ်တယ်” ဟု ဆိုသည်။

ဇလန်းစကီးက “ တစ်ရက်တည်းနဲ့တောင် သတ်ဖြတ်မှုတွေ ဆက်လုပ်ဖို့ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဆိုခဲ့ပြီး မေလ ၁၂ ရက်နေ့မှ စတင်ကာ “ အပြည့်အဝ၊ ရေရှည်တည်တံ့ပြီး ယုံကြည်စိတ်ချရသော အပစ်အခတ်ရပ်စဲရေးကို ရုရှားမှ အတည်ပြုရန် မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပူတင်၏ စေ့စပ်ညှိနှိုင်းရေး အဆိုပြုချက်သည် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။

“စေ့စပ်ညှိနှိုင်းမှုမလုပ်ခင် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို အရင်ပြုလုပ်တာက အဓိပ္ပါယ်ရှိပါတယ်” ဟု မက်ခရွန်ကဆိုပြီး ပူတင်က “ထွက်လမ်းကို ရှာဖွေနေပေမဲ့ အချိန်ဆွဲနေဆဲ ဖြစ်တယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပူးတွဲဖုန်းခေါ်ဆိုမှုအပြီးတွင် အိမ်ဖြူတော်၏ ကျောထောက်နောက်ခံဖြင့် ထွက်ပေါ်လာသည်ဟု ဥရောပသားများက စနေနေ့တွင် ပြောကြားခဲ့သည်။

ပူတင်၏အဆိုပြုချက်အပြီး နာရီပိုင်းအကြာတွင် ထရန့်က “ ရုရှားနှင့် ယူကရိန်းတို့အတွက် အလားအလာရှိသော နေ့တစ်နေ့ဖြစ်ပါတယ်” ဟု ၎င်း၏လူမှုကွန်ရက် Truth Social တွင် တင်ခဲ့သည်။

“ဒီလို ဖြစ်လာစေဖို့ နှစ်ဖက်စလုံးနဲ့ ကျွန်တော် ဆက်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ထရန့်က ပြောကြားခဲ့ပြီး“မဆုံးနိုင်တဲ့ သွေးချောင်းစီးမှုကနေ လူသိန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ဖို့ စဉ်းစားကြပါ” ဟု သူက တိုက်တွန်းခဲ့သည်။

ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလိုလားကြောင်း ယူကရိန်းက ပြောကြာနေသည်မှာ နှစ်လအတွင်း ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ရုရှားက မူအရ ခေတ္တရပ်ထားမည့် အယူအဆကို ထောက်ခံသော်လည်း ကတိကဝတ်ပြုရန် ငြင်းဆိုထားပြီး ဦးစွာလိုအပ်သည့် “ကွဲလွဲမှုများ”ကို ဖြေရှင်းရန်လိုသည်ဟု ပြောဆိုထားသည်။

တနင်္ဂနွေနေ့တွင်၊ မော်စကိုသည် ကိ့ဗ်နှင့် ဆွေးနွေးမှုကို ငြင်းဆိုခဲ့ကြောင်းကို ပူတင်က ငြင်းဆိုခဲ့ပြီး “အခုအခါ ဆုံးဖြတ်ချက်ချဖို့ ကိစ္စဟာ ယူကရိန်းအာဏာပိုင်တွေအပေါ် မူတည်နေပါပြီ” ဟု ပြောကြားခဲ့သည်။

“ဒီဆွေးနွေးပွဲတွေ အတွင်းမှာ စစ်ပြေငြိမ်းရေးအသစ်၊ အပစ်အခတ်ရပ်စဲရေးအသစ်ကို စီစဉ်ဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကျွန်တော်တို့ မဖယ်ထားပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပြုထားသော ဆွေးနွေးပွဲသည် “ကြာရှည်တည်တံ့သော တည်ငြိမ်သော ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းဖြစ်သော်လည်း ယူကရိန်းတပ်ဖွဲ့များ ပြန်လည်တည်ဆောက်ခြင်းနှင့် ယူကရိန်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခြင်း အမာခံနယ်မြေသစ်များတွင် ကတုတ်ကျင်းများ တူးပြီးတည်ဆောက်ခြင်းမလုပ်ရန်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရန့်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်သည် ၎င်း၏ ဦးစားပေးများထဲမှ တစ်ခုဖြစ်ပြီး ပူတင်ကို ပါဝင်လာရန် ကြိုးပမ်းရာတွင် များစွာအားစိုက်ထုတ်ခဲ့သည်။ ၎င်း၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဗ် (Steve Witkoff) သည် ပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ လေးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ဇန်နဝါရီတွင် အိမ်ဖြူတော်သို့ ထရန့် ပြန်လည်ရောက်ရှိလာပြီးကတည်းက အမေရိကန်နှင့် ရုရှားအရာရှိများကြား အခြားအဆင့်မြင့် အစည်းအဝေးများလည်း ရှိခဲ့သည်။

သို့သော် ရုရှားအား ယခင်က ထင်မှတ်မထားသော လိုက်လျောမှုအချို့ကို ကမ်းလှမ်းခဲ့သော်လည်း ထရန့် အစိုးရအဖွဲ့သည် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးဆီသို့ လမ်းကြောင်းဖွင့်ရန် ရည်ရွယ်ထားသည့် ကန့်သတ်အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားအား သဘောတူရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

ဝါရှင်တန်၏ ဖျန်ဖြေရေးကြိုးပမ်းမှုများအတွက် ရုရှားက “ အလွန်ကျေးဇူးတင်ပါတယ်” ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က CNN သို့ ပြောကြားခဲ့သော်လည်း “ တစ်ချိန်တည်းမှာပင် ကျွန်တော်တို့ကို ဖိအားပေးဖို့ ကြိုးစားတာကတော့ အလွန်အသုံးမဝင်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးသည် ညာဘက်တွင် ဗြိတိန်၊ ပြင်သစ်၊ ပိုလန်နှင့် ဂျာမနီနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ၏ တရားဝင်နေအိမ်ဖြစ်သော မာရင်စကီး (Mariinskyi) နန်းတော်တွင် စနေနေ့က တွေ့ဆုံရန် ထိုင်နေကြခြင်းဖြစ်သည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်