နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့် နဲ့ ပတ်သက်တဲ့ ပို့စ်တချို့ကိုတင်မိတဲ့အတွက် နောင်တရတယ်လို့ အီလွန်မာ့ခ်ဆို

၂၀၂၅ခုနှစ်၊ ဇွန်လ ၁၁ရက်

ဘီလျံနာသူဌေးကြီး အီလွန်မာ့ခ် သည် ဆိုရှယ်မီဒီယာပေါ်တွင် စကားစစ်ထိုးနေစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့်ပတ်သက်သော ပို့စ်အချို့ကိုတင်မိသည့်အတွက် နောင်တရမိကြောင်း ပြောကြားခဲ့သည်။

“ ရေးတာကအရမ်လွန်သွားတယ်” ဟု ၎င်း၏ ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X တွင် မာ့ခ်ကရေးသားခဲ့သည်။

Tesla ပိုင်ရှင်သည် ၎င်း၏အိမ်ဖြူတော်တာဝန်မှ နုတ်ထွက်ပြီး ထရန့် ၏ အခွန်ဥပဒေ မူကြမ်းကို “စက်ဆုပ်ရွံရှာဖွယ်” ဟုခေါ်ဆိုပြီးနောက် ၎င်းတို့နှစ်ဦးသည် လူအများကြားတွင် အခြေအတင်ဖြစ်ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က New York Post နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရင်ကြားစေ့ရေး ဖြစ်နိုင်ခြေ ရှိကြောင်း ကို ထရန့်က ပွင့်ပွင့်လင်းလင်းပြောခဲ့ပါသည်။  ထရန့် က အခုလိုကွဲကွာ သွားခြင်း အပေါ် “ အနည်းငယ်စိတ်ပျက်မိသည်” ဟုဆိုသော်လည်း “ ခွင့်မလွှတ်နိုင်လောက်သည့် ခက်ခဲသော ခံစားချက်” မရှိကြောင်း ပြောကြားခဲ့သည်။

“ သူဒီလိုပြောတာကို အရမ်းခံစားရလို့ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မာ့ခ် ရဲ့ ဆိုရှယ်မီဒီယာမှာ ခပ်ပြောင်ပြောင် တင်းတင်းမာမာရေးသားမှုနဲ့ ပတ်သက်ပြီးထရန့် က ပြောသည်။

ကြီးမားသောအခွန်ဖြတ်တောက်မှုနှင့် ကာကွယ်ရေးအသုံးစရိတ်များ အပါအဝင် ဘတ်ဂျက်ကို ပြီးခဲ့သည့်လက အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ယခုအခါ အထက်လွှတ်တော် အမတ်များ က ထည့်သွင်းစဉ်းစားလျက်ရှိသည်။

“ဒီဥပဒေကြမ်းကို သတ်ပစ်ဖို့” ၀ါရှင်တန်မှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေကို အမေရိကန်တွေ က ခေါ်ယူဖို့ မာ့ခ်ကတိုက်တွန်းခဲ့ပြီး  “နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ စီးပွားရေးကျဆင်းမှုကို ဖြစ်စေမယ်” လို့ သူယုံကြည်ကြောင်း တိုက်တွန်းခဲ့ပါသည်။

နှောင်းပိုင်းလိင်ပိုင်းဆိုင်ရာရာဇဝတ်မှု ကျူးလွန်သူဂျက်ဖရီအက်ပ်စ်တိန်း( Jeffrey Epstein) နှင့် ထရန့်နှင့် ဆက်စပ်နေသည့် မထုတ်ဝေရသေးသော အစိုးရဖိုင်များတွင် ထရန့်သည် ပါဝင် လာသည်ဟု နည်းပညာလုပ်ငန်းရှင်က အခိုင်အမာဆိုခဲ့သည်။ အိမ်ဖြူတော်က အဲဒီစွပ်စွဲချက် တွေကို ပယ်ချခဲ့ပါတယ်။

တုံ့ပြန်သည့်အနေဖြင့် ထရန့် က မာ့ခ် သည် “ စိတ်ပျက်သွားပြီ” ဟုဆိုခဲ့ပြီး ခန့်မှန်းခြေ တန်ဖိုးဒေါ်လာ ၃၈ ဘီလီယံ (ပေါင် ၂၈ ဘီလီယံ) ရှိသော မာ့ခ်၏ အစိုးရစာချုပ်များကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထင်ရှားသောအစိတ် အပိုင်းတစ်ခုသည် မာ့ခ် ၏ အာကာသနည်းပညာကုမ္ပဏီ SpaceX သို့ဖြစ်သည်။

” ဒါဟာ အလွန်ဆိုးရွားတယ်လို့ ကျွန်တော်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့သူဟာ ရိုသေလေးစားမှု လုံးဝမရှိပါဘူး၊  သမ္မတရဲ့ ရုံးခန်းကို ခင်ဗျား မလေးစားလို့မရပါဘူး” ဟု ထရမ့်က NBC နှင့် အင်တာဗျူးတွင် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

မာ့ခ်သည် ထရန့် ကိုစွပ်စွဲ ပြစ်တင်ရန် တောင်းဆိုမှု တစ်ခုအပါအဝင် သီတင်းပတ်ကုန်တွင် သူ၏တင်ထားမှုအများအပြားကိုပြန်ဖြုတ်ချပစ်ခဲ့သည်။

မာ့ခ် သည် ထရန့်၏ ၂၀၂၄ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် အများဆုံး အလှူရှင်ဖြစ်ပြီး သမ္မတ၏ညာလက်ရုံးအဖြစ်သတ်မှတ်ခံထားရသည်။

ထရန့် လက်ထောက်ဟောင်း စတိ့ဗ် ဘင်နွမ် (Steve Bannon) က တောင်အာဖရိကမှာ မွေးဖွားခဲ့တဲ့ မာ့ခ် ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုလိုက်သည်။

အမေရိကန်ဒုတိယသမ္မတဂျေဒီဗန့်က ထရန့်သည့်မာ့ခ် ကိုစိတ်ပျက်နေသော်လည်း သမ္မတသည် Tesla CEO နှင့်ရေရှည်အငြင်းပွားနေရန် မလိုလားကြောင်းပြောကြားခဲ့သည်။

ဗန့် ကလည်း သူသည် ထရန့် နှင့် မာ့ခ်တို့ နှစ်ဦးစလုံးကိုစကားပြောဆိုခဲ့ကြောင်းနှင့် အစိုးရကို ဘီလီယံနာအလှူရှင်(မာ့ခ်) ကဆက်လက်ထောက်ခံနေသေးသော အကြောင်း ပြောခဲ့သည်။

ရီပတ်ဘလီကန်အများစုသည် ၎င်းတို့နှစ်ဦးကို ရင်ကြားစေ့ရန် တောင်းဆိုထားသော်လည်း ရန်စဖြစ်ပွားနေချိန်တွင် ဒီမိုကရက်များက စောင့်ကြည့်နေကြသည်။

မာ့ခ် ကသူဦးစီးတဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်မှုဌာန (Department of Government Efficiency) (Doge) လို့အတိုကောက်ခေါ်တဲ့ဌာနက ဖက်ဒရယ်အသုံးစရိတ်ကို ၁၂၉ ရက်အတွင်း ဖြတ်တောက်ပစ်မယ်လို့ ကတိပေးခဲ့တဲ့ မာ့ခ် က နုတ်ထွက်ပြီး မကြာခင်မှာပဲ သူတို့ရဲ့ ပြိုကွဲမှု ထွက်ပေါ်လာတာပါ။ ယခုအချိန်အထိ အဆိုပါဖြတ်တောက်မှုမှာ သေးငယ် သွားပုံရသည်။ သူထွက်ခွာသွားပြီးနောက်၊ သူငှားရမ်းထားသော Doge ဝန်ထမ်း အများ အပြားသည် ဗဟိုအစိုးရအေဂျင်စီအမျိုးမျိုးတွင် ဆက်လက် လုပ်ကိုင် နေခဲ့ကြသည်။

BBC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု