နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်

ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က ကမ္ဘောဒီးယားနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြုခဲ့သည်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က အရှေ့တောင်အာရှနိုင်ငံသည် ၎င်းတို့၏ နယ်မြေနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုနှင့် ခြိမ်းခြောက်မှုများ မရှိတော့ဟု မခံစားရမချင်း “ စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်” ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

အငြင်းပွားမှု ကြာမြင့်နေသော နယ်စပ်ပြဿနာနှင့် ပတ်သက်၍ အောက်တိုဘာလက အပစ်ရပ်စဲရေး ကို ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် ထရမ့်သည် သောကြာနေ့က အနုတင်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနက် (Hun Manet) တို့နှင့် စကားပြောဆိုခဲ့ပြီး “ ပစ်ခတ်မှုအားလုံးကို ရပ်စဲရန်” သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

ထရမ့်နှင့် ဖုန်းပြောဆိုပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်များတွင် ၎င်းတို့နှစ်ဦးစလုံးက မည်သည့် သဘောတူညီချက်ကိုမျှ ဖော်ပြခဲ့ခြင်းမရှိဘဲ အနုတင်ကလည်း အပစ်အခတ်ရပ်စဲရေး မရှိဟု ဆိုသည်။

“ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ဒီမနက်က ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေက ပြောပြနေပါပြီ” ဟု အနုတင်က ပြောသည်။

အိမ်ဖြူတော်သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပေ။ ဟွန်မာနက်က စနေနေ့တွင် ဖေ့စ်ဘွတ်ခ်ပေါ်မှ ကြေညာချက်တစ်ခု၌ အောက်တိုဘာ သဘောတူညီချက် နှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကမ္ဘောဒီးယားက ဆက်လက် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့မှစ၍ ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ၈၁၇ ကီလိုမီတာ (၅၀၈ မိုင်) ရှည်လျားသော နယ်စပ်တစ်လျှောက် နေရာများစွာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြပြီး ၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လက ငါးရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲအချို့ဖြစ်သည်။ ထရမ့်သည် ထိုစဉ်က နှစ်ဦးနှစ်ဖက် ခေါင်းဆောင်များနှင့် ဆက်သွယ်ကာ မကြာသေးမီက ဖြစ်ပွားခဲ့ဖူးသော အဆိုးရွားဆုံး တိုက်ပွဲကို ရပ်တန့်စေခဲ့သည်။ နိုဘယ်လ် ငြိမ်းချမ်း ရေးဆုကို ရထိုက်သည်ဟု ထပ်တလဲလဲ ပြောဆိုခဲ့သည့် ထရမ့်သည် အပစ်အခတ်ရပ်စဲရေးကို ကယ်တင်ရန်အတွက် တစ်ဖန် ပြန်လည် ကြားဝင်စေ့စပ်ပေးရန် စိတ်အားထက်သန်ခဲ့သည်။

ထိုင်းစစ်သားတစ်ဦး မိုင်းနင်းမိ၍ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားပြီးနောက် ထိုင်းနိုင်ငံက ပြီးခဲ့သည့် လက အပစ်အခတ်ရပ်စဲရေးကို ရပ်ဆိုင်းခဲ့သည်။ ထိုမိုင်းများသည် ကမ္ဘောဒီးယားက အသစ်ချ ထားခြင်းဖြစ်သည်ဟု ဘန်ကောက်က ပြောသည်။ ဩဂုတ်လတွင် ထရမ့်ကို ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခဲ့သည့် ကမ္ဘောဒီးယားက မိုင်းချထားသည့် စွပ်စွဲချက်များကို ပယ်ချခဲ့သည်။

စနေနေ့တွင် ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်မှူးကြီး ဆူရာဆန့် ကုန်ဆရီ (Surasant Kongsiri) က သတင်းစာရှင်းလင်းပွဲ၌ ခရိုင်ခုနစ်ခုတစ်လျှောက် နယ်စပ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် “ ထိုင်းနိုင်ငံအတွက် ပြန်လည် တုံ့ပြန်ရန် လိုအပ်ခဲ့သည်” ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနက ထိုင်းတပ်ဖွဲ့များသည် ညပိုင်းတွင် တံတားများနှင့် အဆောက်အဦများကို တိုက်ခိုက်ခဲ့ပြီး ရေတပ်သင်္ဘောတစ်စီးမှ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းခေါင်းဆောင် အနုတင်က ထိုင်းစစ်သားများ ဒဏ်ရာရရှိစေခဲ့သော “ လမ်းဘေးဗုံး” မှာ မတော်တဆဖြစ်ရပ်ဖြစ်သည်ဟူသော ထရမ့်၏ မှတ်ချက်များကို ပယ်ချလိုက်ပြီး အဆိုပါဖြစ်စဉ်မှာ “ လမ်းဘေး မတော်တဆမှု လုံးဝ မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားမှ ဟွန်မာနက်က နောက်ဆုံး တိုက်ပွဲများတွင် “ မည်သည့်ဘက်က စတင်ပစ်ခတ်ခဲ့သည် ကို စစ်ဆေးရန်” အမေရိကန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သော မလေးရှားတို့အား ၎င်းတို့၏ ထောက်လှမ်းရေး စွမ်းဆောင်ရည်များကို အသုံးပြုရန် တောင်းဆိုခဲ့ ကြောင်း ပြောကြားခဲ့သည်။


၂၀၂၅ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်းနိုင်ငံ၊ စားခဲအို (Sa Kaeo) ပြည်နယ်၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်တွင် ကမ္ဘောဒီးယား အမြောက်ကျည်များကြောင့် ပျက်စီးခဲ့သည်ဟု ယူဆရသော အိမ်တစ်အိမ်၏ အစိတ်အပိုင်းကို ဒေသခံတစ်ဦးက ပြသနေသည်။(ထိုင်းသတင်းဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 33 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 37 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 44 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 47 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု