နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး၏ ဂါဇာ ထိုးစစ်ကြောင့် ထောင်နှင့်ချီသော ပါလက်စတိုင်းများကို ပိုမိုသေးငယ်သောဧရိယာသို့ တွန်းပို့ပြီး ဂါဇာကို သိမ်းဖို့လုပ်ဆောင်နေ

+++++++++++++++++++++++++++++

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအတွင်း မြေပြင်စစ်ဆင်ရေးများကို တိုးချဲ့လုပ်ဆောင်နေပြီး ကမ်းမြှောင်နှင့် အစ္စရေးပိုင်နက်ကြား ကြီးမားသော ကြားခံဇုန်တစ်ခု ဖန်တီးကာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ အရပ်သားထောင်ပေါင်းများစွာကို ယခင်ကထက် ပိုမိုသေးငယ်သော ဧရိယာသို့ တွန်းပို့လျက်ရှိသည်။

CNN ၏စာရင်းဇယားအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် မတ် ၁၈ ရက်မှစတင်ကာ တောင်ပိုင်းရှိ ရာဖာရှိနေရာ အားလုံးအပါအဝင် ဂါဇာကမ်းမြောင်ဒေသအများအပြားတွင် ရွှေ့ပြောင်းမိန့် ၂၀ ကို ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏အဆိုအရ၊ အစ္စရေးစစ်တပ်သည် ဟားမတ်စ်များကို အစ္စရေးဓားစာခံများကို လွှတ်ပေးရန် အစ္စရေးစစ်တပ်က အရှိန်အဟုန်ပြင်းပြင်းဖြင့် ကြိုးပမ်းနေသောကြောင့် လွန်ခဲ့သည့် ၃ ပတ်အတွင်း လူ ၄၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဂါဇာကမ်းမြောင်ဒေသအများစုသည် လူနေထိုင်၍ မရနိုင်လောက်သော အခြေအနေ သို့မဟုတ် နေထိုင်ရန်မသင့်တော်သည့်နေရာဖြစ်လာသည်။

ဂါဇာမြို့တော်၏ လမ်းများပေါ်တွင် အရပ်သားများသည် သူတို့ တတ်နိုင်သလောက် ပစ္စည်းများကို သယ်ဆောင်ပြီး သောကြာနေ့က ထွက်ပြေးနေကြရပါသည်။ လူများ ပြည့်ကျပ်နေပြီး ဂါဇာအလယ်ပိုင်းနှင့် မြောက်ပိုင်းက တခြားနေရာများကို ထွက်ခွာသွားနေကြရသည်။။

ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်သည့် ရာအစ် ရာ့ဝမ် (Raed Radwan) သည် ရှိတ် ရာ့ဝမ် (Sheikh Radwan) ၏ အနီးနားတွင် နောက်ထပ် လူရာနှင့်ချီ ဝင်ရောက်လာသည်ကို စောင့်ကြည့်ခဲ့ပြီး ထိုအခြေအနေအား “တဲများနှင့် အိုးမဲ့အိမ်မဲ့ မိသားစုတွေနဲ့ ပြည့်နေပါတယ်” ဟု ဖော်ညွှန်းခဲ့သည်။

“လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရွက်ဖျင်တဲတွေနဲ့ လူတွေ တန်းစီနေတာ မြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။

မြေထိုးစက်များသည် ဗုံးကြဲခံရသော နေအိမ်များ၏ အပျက်အစီးများကို ရှင်းလင်းနေသည်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

ဂါဇာစီးတီးတွင်နေသော ဟာတမ် အဗ္ဗဒူဆလမ် (Hatem Abdulsalam) က “အမှိုက်တွေ၊ ယင်ကောင်တွေ၊ ခြင်တွေနဲ့ ထူးဆန်းတဲ့ အင်းဆက်ပိုးမွှားတွေကြောင့် ကျွန်တော်တို့ ခံစားနေရတာကို ဖော်ပြလို့မရပါဘူး၊ လမ်းတွေမှာ အမှိုက်တွေစုပုံနေပြီး အညစ်အကြေး တွေနေရာတကာစွန့်ပစ်တာ နေရာတိုင်းမှာ ရှိနေတယ်” ဟု CNN သို့ ပြောကြားခဲ့သည်။

“နေရာမရှိလို့ အမှိုက်ပုံတွေကြားက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ရွက်ဖျင်တဲတွေ ထိုးပြီးနေတာ တွေ့နေရတယ်။”

လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဂါဇာကမ်းမြောင်ဒေသ၏ သုံးပုံနှစ်ပုံကျော်၏ နေရာသည် ယခုအခါ ရွှေ့ပြောင်းရန် အမိန့်ပေးခံရသည့်နေရာဖြစ်ခြင်း သို့မဟုတ် သွားလာခြင်းမပြုရန် ဇုန်များအဖြစ် သတ်မှတ်ထားခြင်းခံရသည့် နေရာများ ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုအဖွဲ့များသည် အစ္စရေးအာဏာပိုင်များနှင့် ၎င်းတို့၏တားမြစ်ထားသည့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်မှ ချမှတ်ထားသော အစ္စရေးမဟာဗျူဟာသည် ဂါဇာကမ်းမြောင်ဒေသအများအပြားကို မည်သူမျှမရှိရန် ရှင်းလင်းစေပြီး နောက်ကွယ်တွင် ကျန်ရစ်သူများကို တိုက်ခိုက်ရေးသမားအဖြစ် သတ်မှတ်ရန်ဖြစ်သည်။ ကျန်ရှိနေသေးသည့် ဓားစာခံများကို လွှတ်ပေးရေးအတွက်ဟားမတ်စ်ကို အတင်းအကျပ် ဖိအားပေးဖို့ လုပ်ဆောင်နေကြောင်း အစ္စရေး အာဏာပိုင်များက ပြောဆိုထားသည်။

“နယ်မြေအများအပြားကို အစ္စရေးရဲ့ လုံခြုံရေးဇုန်တွေထဲမှာထည့်သွင်း သိမ်းပိုက်ပြီး ဂါဇာကမ်းမြောင်ကို ပိုမိုသေးငယ်ပြီး အထီးကျန်ဖြစ်စေပါတယ်” ဟု ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာသို့ သွားရောက်လည်ပတ်စဉ် ကာ့ဇ်က ပြောကြားခဲ့သည်။

ကာ့ဇ်က “ကျွန်တော်တို့က ဂါဇာကို အပိုင်းပိုင်း ဖြတ်တောက်ပြီး အခုစပြီး စီမံခန့်ခွဲနေတဲ့ မိုရတ်လမ်း (Morag route) လိုနေရာမျိုးကို တောင်ဖြတ်တောက်ရမယ်” ဟု ဆိုသည်။

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ၏ အရေးပါသောအပိုင်းကို အချိန်ကာလတစ်ခုအထိ “အကန့်အသတ်မရှိ” သိမ်းထားရန် စီစဉ်နေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

သို့သော်လည်း ၁၈ လကြာ စစ်ပွဲအပြီးတွင် အစ္စရေးသည် မဆုတ်မနစ်သော ရန်သူနှင့် ရင်ဆိုင်ရဆဲဖြစ်သည်။

အီဂျစ်-ဂါဇာနယ်စပ်တစ်လျှောက် ဖီလားဒဲဖီးယား (Philadelphia) စင်္ကြန်ကိုအစ္စရေးက ထိန်းချုပ်ထားနိုင်သောကြောင့် ဟားမတ်စ်၏ ရာဖာ တပ်မဟာအားအနိုင်ယူနိုင်ခဲ့သည်ဟု ယမန်နှစ် သြဂုတ်လတွင် အစ္စရေးက ကြေညာခဲ့သည်။

သို့သော် ယခုသီတင်းပတ် အစောပိုင်းတွင် IDF စစ်ဦးစီးချုပ်အသစ် ဒုတိယဗိုလ်ချုပ်ကြီး အီရယ်ဇာမီယာ (Eyal Zamir) က ဂါဇာရှိ အစ္စရေးတပ်ဖွဲ့များအား “မင်းဟာ ဟားမတ်စ် ရဲ့ရာဖာ တပ်မဟာကို အနိုင်ယူပြီး မင်းရောက်ရှိတဲ့ နေရာတိုင်းမှာ အောင်ပွဲခံနိုင်ဖို့ ငါမျှော်လင့်ပါတယ်” ဟု ဆိုသည်။

အစ္စရေးကာကွယ်ရေးတပ်မှ ဧရိယာအများအပြားကိုထိန်းချုပ်ထားနိုင်သော်လည်း စနေနေ့တွင် ဂါဇာကမ်းမြောင်တောင်ပိုင်းမှ ဒုံးကျည်သုံးစင်းကို အစ္စရေးဖက်သို့ ပစ်လွှတ်ခဲ့သည်။

အစ္စရေး၏ ဗျူဟာသည် အခြားသော ရည်ရွယ်ချက် ရှိနိုင်သည်။ ဂါဇာပြည်သားများအတွက် ကောင်းစွာ အမိုးအကာမရှိသော သေးငယ်သော နယ်မြေတစ်ခုထဲသို့ ကြုံ့ဝင်အောင် ကြပ်တည်းစွာထည့်ပြီး သီးမခံနိုင်လောက်အောင် ဘဝကို ဖြတ်သန်းစေကာ ထိုနေရာမှ ထွက်သွားစေရန်ဦးတည်ထားသည်။

ကာ့ဇ်က “အမေရိကန်သမ္မတရဲ့အမြင်နဲ့အညီ ဂါဇာကမ်းမြောင်ဒေသခံတွေ ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်မှု အစီအစဉ်ကို မြှင့်တင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” ဟု ဒေါ်နယ်ထရန့်၏ အငြင်းပွားဖွယ် ဂါဇာမှ ပါလက်စတိုင်းများကို ပြောင်းရွှေ့နေရာချထားရေးနှင့် နယ်မြေပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ကိုးကားပြီး ကာ့ဇ်က အကြံပြုခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့တွင် အိမ်ဖြူတော်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအား ၎င်းတို့ဆန္ဒရှိရာကိုသွားရန် လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားကြောင်း ပြောကြားခဲ့သည်။

ထရန့် အဆိုပြုခဲ့သည့်”ပါလက်စတိုင်းလူမျိုးတွေကို လက်ခံနိုင်တဲ့နိုင်ငံတွေရှိရင်ကူညီပို့ဆောင်ပေးမယ်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ရဲရင့်တဲ့အမြင်ကို တင်ပြခဲ့တယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

သို့သော် လူမြင်ကွင်းတွင် ထရန့်သည် ယင်းအမြင်အတွက် စိတ်အားထက်သန်မှု အနည်းငယ်ကိုသာ ပြသခဲ့သည်။

အရပ်သားများအတွက် ပြီးခဲ့သော ၁၈ လ အတွင်း ဆက်တိုက်ခံစားနေရသော ဆင်းရဲဒုက္ခသည် အထူးသဖြင့် ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ကူညီမှုမရရှိဘဲ ခြောက်ပတ်ကြာသည်အထိ ဆိုးရွားလာခဲ့သည်။ ရွှေ့ပြောင်းရေးဇုန်များအတွင်း သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရေးနေရာများ ရှိကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

“လူများပြည့်ကျပ်နေတာတဲ့ ခိုလှုံရာနေတာတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဝန်ဆောင်မှုပေးသူတွေဟာ လုပ်ငန်းလည်ပတ်ဖို့ ရုန်းကန်နေရကာ ရှိတဲ့ပစ္စည်းတွေလည်း ကကုန်သွားပြီ” ဟု OCHA မှ သောကြာနေ့တွင် ပြောကြားခဲ့သည်။

“အရာရာတိုင်းဟာ အလွန်နိမ့်ပါးနေပါပြီ၊ မုန့်ဆိုင်တွေ ပိတ်လိုက်ရပြီ။ အသက်ကယ်ဆေးတွေ ကုန်သွားပြီ၊ ရေထုတ်လုပ်မှုလည်း သိသိသာသာ လျော့ကျသွားတယ်” ဟု အေဂျင်စီက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအတွင်း ကျန်ရစ်ခဲ့သော အကူအညီများ ဖြန့်ဝေရန် ၎င်း၏ကြိုးပမ်းမှု အများအပြားကို အစ္စရေးအာဏာပိုင်များက ပိတ်ဆို့ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကင်ဆာဆေးများ၏ ၅၀% ကျော်သည် မရှိမဖြစ် လိုအပ်သော ဆေးဝါးများ၏ ၃၇% သည် ယခုအခါ လက်ကျန် လုံးဝမရှိတော့ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် NGO အများအပြားအပြင် CNN နှင့် စကားပြောခဲ့ကြသော ဂါဇာရှိ အရပ်သားများ၏ ငတ်မွတ်ခေါင်းပါးမှု ပိုမိုများလာသည်ဟု ဆိုပါသည်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် မတ်လ ၁၈ ရက်နေ့မှစပြီး သုံးပတ်အတွင်း အစ္စရေး၏ လူနေအိမ်အဆောက်အအုံများနှင့် တဲများကို တိုက်ခိုက်မှု ၂၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တွက်ချက်ကာ အစ္စရေး၏ တိုက်ခိုက်မှုများသည် ခိုကိုးရာကို လျော့ပါးစေခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားခဲ့သည်။

“ကုလလူ့အခွင့်အရေးရုံးက အတည်ပြုထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တိုက်ခိုက်မှု ၃၆ မှုမှာ အခုအချိန်အထိ မှတ်တမ်းတင်ထားတဲ့ သေဆုံးမှုတွေက အမျိုးသမီးတွေနဲ့ ကလေးတွေပဲ” ဟု အဆိုပါရုံးက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော