နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာဖရိက

နိုင်ဂျီးရီးယားတက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ (Ken Saro-Wiwa) ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

နိုင်ဂျီးရီးယားသမ္မတသည် ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာက စစ်အစိုးရ၏ ကြိုးပေးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

အခြားမဲဆွယ်စည်းရုံးသူ ရှစ်ဦးနှင့်အတူ ကင်ဆာရိုဝီဝါသည် လူသတ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ထိုစဉ်က စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်တွင် ကြိုးပေးအသတ်ခံခဲ့ရသည်။

နိုင်ဂျီးရီးယားနိုင်ငံ အိုဂိုနီနယ်မြေ (Ogoniland) ရှိ နိုင်ငံပေါင်းစုံရေနံလုပ်ငန်း အထူးသဖြင့် Shell ၏ စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်သည့် ဦးဆောင်ဆန္ဒပြမှုများကြောင့် တက်ကြွလှုပ်ရှားသူများသည် အပြစ်ပေးခံရသည်ဟု လူအများက ယုံကြည်ကြသည်။ Shell သည် ကွပ်မျက်မှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုခဲ့ကြသော်လည်း အချို့သော တက်ကြွလှုပ်ရှားသူများနှင့် ဆွေမျိုးများက အစိုးရသည် လုပ်သင့်သည်တို့ကို လုံလောက်အောင် မလုပ်ဆောင်ခဲ့ဟု ဆိုသည်။

ကြာသပတေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်သည့်အပြင်၊ နိုင်ဂျီးရီးယားသမ္မတ ဘိုလာတင်နူဘူ (Bola Tinubu) သည် အိုဂိုနီ ကိုးဦး(Ogoni Nine) ဟု လူသိများသော ကင်ဆာရိုဝီဝါနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ကင်ဆာရိုဝီဝါ (Saro-Wiwa)၊ ဘာရီနမ် ကီယိုဘယ် (Barinem Kiobel)၊ ဂျွန် ကေပူနန် (John Kpuinen)၊ ဘာရီဘော် ဘေရာ (Baribor Bera)၊ ဖီးလစ် နျူရာတေ(Felix Nuate)၊ ပေါလ် လီဗူလာ (Paul Levula)၊ ဆပ်တာဒေး ဒိုဘီး (Saturday Dobee)၊ နော်ဒူ အီရာဝို(Nordu Eawo) နှင့် ဒယ်နီရယ် ဂျီဘိုကိုး (Daniel Gbokoo) တို့သည် နိုင်ဂျီးရီးယား၏ နှစ်စဉ် ဒီမိုကရေစီနေ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂုဏ်ပြုဆုများ လက်ခံရရှိသူ ဒါဇင်များစွာထဲတွင် ပါဝင်ပါသည်။

နိုင်ငံတော်၏ ဒီမိုကရေစီအတွက် ထူးချွန်စွာ ပံ့ပိုးပေးခဲ့ကြသော “ သူရဲကောင်းများ” အား ဂုဏ်ပြုချီးကျူးကြောင်း သမတ တင်နူဘူ(Tinubu) က ပြောကြားခဲ့သည်။

အိုဂိုနီ ကိုးဦး (Ogoni Nine) အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တုံ့ပြန်သည့်အနေနှင့် မဲဆွယ်စည်းရုံးရေးအဖွဲ့များက အစိုးရကို နောက်ထပ်ခြေလှမ်းများ လှမ်းစေချင်သည်ဟု တိုက်တွန်းခဲ့သည်။

ယခင်က ကင်ဆာရိုဝီဝါ ဦးဆောင်သည့် အိုဂိုနီလူမျိုးများရှင်သန်ရေးလှုပ်ရှားမှုအဖွဲ့ (Mosop) က လွတ်ငြိမ်းချမ်းသာခွင့်ကို “ရဲရင့်သောလုပ်ရပ်” ဟု ခေါ်ဆိုခဲ့သည်။

သို့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်သည် အမှားကို ဖော်ညွှန်းသည်ဟု Mosop မှ ပြောကြားခဲ့ပြီး လက်တွေ့တွင် “ရာဇ၀တ်မှုတစ်ခုမျှ ဖြစ်ပွားခြင်းမရှိ”ဟုဆိုသည်။

ဘာရီနမ် ကီယိုဘယ် (Barinem Kiobel) ၏ ဇနီးသည်က နိုင်ငံတော်ဂုဏ်ပြုမှုအတွက် သမတ တင်နူဘူ (Tinubu) အား ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး သမတအား “(သူမ၏) ခင်ပွန်းနှင့် ၎င်း၏ရဲဘော်များအား အပြစ်မရှိကြောင်းကို မှန်ကန်စွာ ကြေညာပေးရန် အဘယ့်ကြောင့်ဆိုသော် အပစ်မရှိသူများကိုလွတ်ငြိမ်းခွင့်ပေးရန် မလိုသောကြောင့်ဖြစ်သည် ”ဟု သမ္မတကို တောင်းဆိုခဲ့သည်။

ပြန်စမ်းစစ်လိုကြောင်း ဘီဘီစီကိုပြောသည်။

အခြားနေရာများတွင်လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က လွတ်ငြိမ်းခွင့်ပြုခြင်းသည် “ အိုဂိုနီ ၉ဦး အတွက် လိုအပ်သော တရားမျှတမှုရရှိရန် အလှမ်းဝေးနေသေးသည်” ဟု ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားတွင် လက်ရှိဖြစ်ပေါ်နေသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအတွက် ရေနံကုမ္ပဏီများကို ထိန်းသိမ်းကြပ်မတ်ထားရန် နောက်ထပ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ၏ ထိပ်တန်းစာရေးဆရာတစ်ဦးဖြစ်သည့် ကင်ဆာရိုဝီဝါသည် Shell နှင့် အခြားရေနံကုမ္ပဏီများကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲများတွင် အိုဂိုနီလူမျိုးများကို ဦးဆောင်ခဲ့သည်။

Mosop အဖွဲ့သည် နိုင်ငံစုံကုမ္ပဏီများအား ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအတွက် မှီခိုနေရသော မြေများကို ညစ်ညမ်းစေသည်ဟု စွပ်စွဲခဲ့သည်။

နိုင်ဂျီးရီးယားအစိုးရသည် ဆန္ဒပြသူများကို ရက်ရက်စက်စက် နှိမ်နင်းခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ “ အိုဂိုနီ ၉ ဦးသည် အိုဂိုနီအကြီးအကဲလေးဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ လျှို့ဝှက်စစ်ခုံရုံးမှ အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုခဲ့သည်။

၎င်းတို့၏ ကွပ်မျက်မှုသည် နိုင်ငံတကာ အသိုက်အဝန်းအတွင်း ဒေါသထွက်စေခဲ့သည်။ တရားလက်လွတ်သတ်ဖြတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရပြီး သဘာဝပတ်ဝန်းကျင် မမျှတမှုနှင့် ဖိနှိပ်မှုတို့ကို တွန်းလှန်ရန် ကမ္ဘာလုံးဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် နိုင်ဂျီးရီးယားသည် ဓနသဟာယအဖွဲ့မှ ဆိုင်းငံ့ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်မှစ၍ Shell သည် အိုဂိုနီမြေ (Ogoniland) ၏ အစိတ်အပိုင်းဖြစ်သည့် တောင်ပိုင်းဒေသဖြစ်သည့် နီဂါ(Niger) မြစ်ဝကျွန်းပေါ်ဒေသတွင် ရေနံယိုဖိတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့အတွက် တရားစွဲမှုများ အသီးသီးကို ရင်ဆိုင်ခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် နယ်သာလန်တရားရုံးတစ်ခုက နီဂျာမြစ်ဝကျွန်းပေါ်ဒေသရှိ လယ်မြေများနှင့် ငါးဖမ်းရေများ ညစ်ညမ်းယိုဖိတ်မှုကြောင့် လယ်သမားများအား လျော်ကြေးပေးရန် Shell ကို အမိန့်ပေးခဲ့သည်။ ကုမ္ပဏီက ဒေါ်လာ သန်းတစ်ရာကျော် ပေးဆောင်ရန် သဘောတူခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် အိုဂိုနီမြေ (Ogoniland) အသိုင်းအဝိုင်းနှစ်ခုကို ကိုယ်စားပြုသည့် ရှေ့နေများသည် Shell သည် ၁၉၈၉ နှင့် ၂၀၂၀ခုနှစ် အကြားတွင် ဖြစ်ပွားခဲ့သော ရေနံညစ်ညမ်းမှု အတွက်တာဝန်ယူရမည်ဟု လန်ဒန်တရားရုံးချုပ်တွင် တင်ပြခဲ့သည်။

Shell သည် အမှားအယွင်းမရှိဟု ငြင်းဆိုထားပြီး ထိုဒေသတွင် ရေနံညစ်ညမ်းမှု ပေါက်ထွက်ပြန့်နှံမှုများသည် တိုက်ခိုက်ဖျက်စီးမှု၊ ခိုးမှု၊ နှင့်တရားမဝင် ရေနံသန့်စင်မှု လုပ်ဆောင်မှုများ ကြောင့် ဒေသတွင်း ယိုဖိတ်မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု